“Viber အသုံးပြုသူများ ချစ်စဖွယ် သီတင်းကျွတ် အထူးစတစ်ကာများကို မိသားစု၊ သူငယ်ချင်းနှင့် ချစ်ခင်နှစ်သက်သူများထံသို့ အောက်တိုဘာလ (၈)ရက်နေ့ မှ စတင်ကာ ပေးပို့အသုံးပြုနိုင်ပါပြီ။”

ရန်ကုန်၊ ၂၀၁၈ အောက်တိုဘာ (၈)ရက်။ ။မြန်မာနိုင်ငံမှ ထိပ်တန်းပရိဘောဂထုတ်လုပ်ရေး လုပ်ငန်းကြီးဖြစ်တယ့် Sweety Home ကုမ္ပဏီလီမိတက်က ယခုနှစ်သီတင်းကျွတ်မီးထွန်း ပွဲတော်ကိုကြိုဆိုရန် မြန်မာဘာသာဖြင့် အထူးပြုလုပ်ဖန်တီးထားသော ချစ်စဖွယ်သီတင်းကျွတ် မီးထွန်းပွဲတော်ကို ဖော်ကြူးတဲ့ Viber စတစ်ကာများကို မိတ်ဆက်လိုက်ရာ မြန်မာViberသုံးစွဲသူများ အနေဖြင့် ယနေ့ အောက်တိုဘာလ(၈)ရက်နေ့ ညနေပိုင်းမှစတင်ပြီး Viber Sticker Market မှာ အခမဲ့ Download ရယူကာ သုံးစွဲနိုင်ပြီဖြစ်ပါတယ်။

မြန်မာ့ရိုးရာသီတင်းကျွတ်မီးထွန်းပွဲတော်အား အထူးဖော်ကြူးကာ ဖန်တီးပြုလုပ်ထားတယ့် အဆိုပါ စတစ်ကာများမှာ ပွဲတော်အား ထင်ဟက်စေမယ့် စတစ်ကာများ၊ ဝါကျွတ်ပြီး မင်္ဂလာဆောင်တော့မယ့်ချစ်စဖွယ် မင်္ဂလာမောင်နှံ စသဖြင့်ချစ်စဖွယ်ဟန်ပန်၊ အမူအယာများဖြင့် ဖန်းတီးထားသော စတစ်ကာ ပေါင်း(၂၄)ခု ကို သုံးစွဲသူများအကြိုက်တွေ့ စေရန် ဖန်တီးထည့်သွင်းထားတယ်လို့ သိရပါတယ်။

အချို့သောစတစ်ကာများကို သီတင်းကျွတ်ပွဲတော်ကာလအတွင်း မြန်မာလူမျိုးတို့ရဲ့ ရိုးရာအလေ့အထ၊ အထင်ကရ အကြောင်းအရာများကို အခြေခံပြီး အသုံးပြုနိုင်ရန် ဖန်တီးထားသကဲ့သို့ ခေတ်လူငယ်များ အကြိုက် ရေပန်းစားသော ဗန်းစကားအချို့ကိုပါ စတစ်ကာများအဖြစ် ထည့်သွင်းထားပါတယ်။

ဒါ့အပြင် သီတင်းကျွတ်ပွဲတော်ကာလတွင်းသာမက နေ့စဉ်ဘဝတွင်ပါအသုံးဝင်သော စတစ်ကာများ ပါဝင်တယ့် Sweety Home Viber စတစ်ကာများကို တစ်ဦးနှင့်တစ်ဦး ဆုမွန်ကောင်း တောင်းရာတွင် လည်းကောင်း၊ တစ်ဦးနှင့်တစ်ဦး စနောက်ရာတွင်လည်းကောင်း အပြန်အလှန်ပေးပို့ပြီး ပျော်ရွှင်ဖွယ် အမှတ်တရ နေ့ရက်လေးများကိုလည်း ဖန်တီးနိုင်ပါတယ်။

“သီတင်းကျွတ်ပွဲတော်အချိန်အခါဆိုတာ ဘာသာရေးပွဲတော်ကာလဖြစ်သလို ဝါကျွတ်ပြီဆို မင်္ဂလာ ဆောင်ရာသီအချိန်အခါလည်း ဖြစ်ပါတယ်။အခုလိုအချိန်မှာ ကျွန်မတို့ Sweety Home ကုမ္ပဏီကနေ ပြုလုပ်ထားတဲ့ Viberစတစ်ကာလေးတွေနဲ့ မိမိတို့ရဲ့သူငယ်ချင်းတွေ၊ ချစ်ရခင်ရသူတွေ သာမက မိသားစုဝင်တွေဆီ ပါပို့လို့ရမယ့် မြန်မာစတစ်ကာ သန့်သန့်လေးတစ်ခုကို Viber သုံးစွဲသူတွေအတွက် ကျွန်မတို့ ကုမ္ပဏီကနေ လုပ်ဆောင်ပေးနိုင်ခဲ့တဲ့အတွက် အရမ်းကို ပျော်ရွှင်ဝမ်းမြှောက်ရပါတယ်။”လို့ Sweety Home ကုမ္ပဏီလီမိတက်မှ အကြီးတန်း ဒါရိုက်တာဖြစ်သူ ဒေါ်ခင်သီတာနွယ်က ပြောကြားခဲ့ပါတယ်။

မိမိတို့ရဲ့ သူငယ်ချင်း မိတ်ဆွေများမှ လူပျိုကြီး၊ အပျိုကြီးများကို “FAတွေ အားကျစမ်းကွာ”ဆိုပြီး စနောက်နိုင်သလို၊ သီတင်းကျွတ် ပွဲတော်ကာလအတွင်း အဝေးရောက် လူကြီးတွေကို ထိုင်ကန်တော့ တာကို ရည်ရွယ်တယ့် စတစ်ကာလေးကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။နောက်ထပ် သီတင်းကျွတ် ပွဲတော်ဈေးလျှောက်တာကို ရည်ရွယ်တဲ့ စတစ်ကာ၊ ညဘက် မွှေ့ယာပေါ်ကနေ အိပ်ယာဝင် နှုတ်ဆက် စကားကိုရည်ရွယ်တဲ့ စတစ်ကာ စသည်ဖြင့် သီတင်းကျွတ်ပွဲတော်နဲ့ နေ့စဉ်ဘဝမှာ ပြောဆိုသုံးစွဲနေတဲ့ အကြောင်းအရာများကိုစုစည်းပြီး Viber သုံးစွဲနေတဲ့ မြန်မာပြည်သူပြည်သား များအတွက် အထူးရည်ရွယ်ပြီး Sweety Home ကုမ္ပဏီ မိသားစုမှ သီတင်းကျွတ်မီးထွန်းပွဲတော် အမှတ်တရ လက်ဆောင်အဖြစ် မိတ်ဆက်ပေးလိုက်ခြင်း ဖြစ်ပါတယ်။

“ကျွန်မတို့ ရဲ့ Sweety Home သီတင်းကျွတ် စတစ်ကာလေးတွေက အခမဲ့ ဖြစ်ပါတယ်။ အခုပဲ Viber Sticker Market ကနေ အခမဲ့ Download လုပ်ပြီး သူငယ်ချင်းတွေ၊ ချစ်ရသူတွေ နဲ့ မိသားစုဝင် တွေကိုပို့ပြီး ပျော်ရွှင်ဖွယ်နေ့ရက်လေးကို ဖန်တီးလိုက်ပါလို့ ပြောချင်ပါတယ်။”လို့ ဒေါ်ခင်သီတာနွယ်က ဆက်လက် ပြောကြားခဲ့ပါတယ်။

မိုဘိုင်းဖုန်းမှတဆင့် ဗီဒီယိုနှင့်ရုပ်သံစာပို့ ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေသော ကမ္ဘာ့ ထိပ်တန်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ Viber မှာ မြန်မာပြည်သူပြည်သားများအတွက် မြန်မာဘာသာဖြင့် ဖန်တီးထားသော စတစ်ကာအတွဲများအနက် ယခု Sweety Home ကုမ္ပဏီရဲ့ သီတင်းကျွတ်ပွဲတော် စတစ်ကာမှာ အသစ်စက်စက် ထွက်ပေါ်လာတဲ့ ချစ်စဖွယ် မြန်မာ စတစ်ကာပင် ဖြစ်ပါတယ်။