လူအတော်များများဟာ iPhone ကနေ Android ဖုန်းဆီ ကူးပြောင်းနေကြတယ်လို့ Google အနေနဲ့ တွေးထင်နေပုံရပါတယ်။ ဒါကြောင့်ပဲ Switch to Android iOS app ကို Update ပြုလုပ်တာဖြစ်နိုင်ပါတယ်။ ဒီ App ဟာ ကနဦးတုန်းက Pixel ဖုန်းတွေနဲ့ပဲ သုံးလို့ရနိုင်ပေမဲ့ အခုတော့ Android 12 Devices တွေအားလုံးမှာ အလုပ်လုပ်နေပြီဖြစ်ပါတယ်။

iOS ကနေ Android ကို ကူးပြောင်းမှုနှုန်းနဲ့ပတ်သက်ပြီး Google ရဲ့ ခံယူချက်ဟာ ဘယ်လိုအချက်အလက်တွေပေါ် မူတည်လဲဆိုတာ မသိရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုမျိုး Android နဲ့ iOS ကြား လွှဲပြောင်းပေးနိုင်တဲ့ Switching tool တစ်ခု ရှိနေတာကတော့ ကျေနပ်စရာကောင်းပါတယ်။ ဒါကလည်း Google ရဲ့ လုပ်ဆောင်ချက်ကို အကောင်းမြင်ပေးနိုင်တဲ့ အဓိက အချက်လို့ ဆိုရပါလိမ့်မယ်။

အသုံးပြုသူအနေနဲ့ Android 12 ဖုန်းအသစ်ကို iPhone နဲ့ ချိတ်ဆက်ရာမှာ ကြိုးနဲ့ပဲဖြစ်ဖြစ်၊ ကြိုးမဲ့ပဲဖြစ်ဖြစ် လွယ်လွယ်ကူကူပဲ ချိတ်ဆက်နိုင်ပါတယ်။ အချက်အလက်တွေ ကူးပြောင်းဖို့အတွက် လိုအပ်တာတစ်ခုက Switch to Android app ကို iPhone မှာ Download လုပ်ဖို့ပါပဲ။ ပြီးရင်တော့ ညွှန်ကြားချက်အတိုင်း လွယ်ကူစွာနဲ့ဆက်သွားရမှာ ဖြစ်ပါတယ်။

App ကိုအသုံးပြုပြီးတော့ Contacts, Photos, Videos (Apple မှာ Data copy request လုပ်ပြီးရင် iCloud မှာ သိမ်းဆားထားတာလည်းရွှေ့နိုင်), SMS, MMS, iMessage texts နဲ့ Media တွေလည်း ရွှေ့ပြောင်းနိုင်ပါတယ်။ WhtasApp message history နဲ့ media, Android မှာမရှိပေမဲ့ Apple Store မှာ အခမဲ့ရနိုင်တဲ့ App တွေ၊ Wallpaper တွေအဖြစ်သုံးတဲ့ Custom Photo တွေ၊ Fall logs, alarms, device settings နဲ့ DRM-free, no-iTunes music တွေလည်း ရွှေ့ပြောင်းနိုင်မှာ ဖြစ်ပါတယ်။

Ref: GSM Arena