တီဗီ၊ အဝတ်လျှော်စက်၊ ပန်ကာ ၊ Air-Con စတဲ့ အီလက်ထရောနစ်ပစ္စည်းတွေ ဝယ်ယူကြတော့မယ်ဆိုရင် အာမခံပါပါ့မလား၊ တခုခုပျက်သွားရင် After-Sale Service ရော အလွယ်တကူရရှိနိုင်မလား၊ နောက်တစ်ချက်က ကိုယ်ဝယ်ယူလိုက်တဲ့ အမှတ်တံဆိပ်
အတွက် အပိုပစ္စည်းရောအလွယ်တကူဝယ်လို့ရနိုင်မလားဆိုတာဟာ အရေးကြီးတဲ့ စဉ်းစားစရာအချက်ဖြစ်ပါတယ်။

Syinix Electronics ပစ္စည်းတွေရဲ့ After-sale Service ပိုင်းကို တရားဝင် တာဝန်ယူ ဆောင်ရွက်ပေးလျှက်ရှိတဲ့ Carlcare Service Center ကတော့ Syinix Product ကိုဝယ်ယူထားတဲ့ Customer တွေအတွက် Stay Home ကာလအတွင်း “Cloud After-Sale Service” ကိုဝန်ဆောင်မှုပေးမယ်လို့ သိရပါတယ်။

ဒီဝန်ဆောင်မှုမှာ Syinix Electroncis ပစ္စည်းတွေကို ဝယ်ယူထားတဲ့ Customer တွေအတွက် Syinix ပစ္စည်းတွေ Error တစ်ခုခုဖြစ်လို့ ပြင်ချင်တယ်ဆိုရင် Carlcare Service Center ရဲ့ ယာယီဝန်ဆောင်မှုနံပါတ် 09-677910733 ကို ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။ Software ပြဿနာများအတွက် Service Technician မှ Video Call ဖြင့်မေးမြန်းနိုင်မှာဖြစ်ပြီး Hardware ဆိုင်ရာပြုပြင်ဖို့လိုတယ်ဆိုရင်တော့ Factory-Fault ကြောင့်ဖြစ်တဲ့ Warranty အတွင်းအကြုံးဝင်တဲ့ပစ္စည်းများအတွက် မော်ဒယ်တူ ပစ္စည်းအသစ်နဲ့ အခမဲ့လဲလှယ်ပေးမှာဖြစ်ပါတယ်။ User-Fault ကြောင့်ဖြစ်တဲ့ ပစ္စည်းများအတွက်အလည်း မော်ဒယ်တူပစ္စည်းအသစ်နဲ့ အစားထိုးလဲလှယ်ပေးမှာဖြစ်ပေမယ့် Customer ဘက်မှ ပျက်စီးသွားတဲ့ အစိတ်အပိုင်းတန်ဖိုးကိုပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဥပမာ User-Fault ကြောင့်တီဗီမှန်ကွဲသွားတာမျိုးဆိုရင် Carlcare ကနေ မော်ဒယ်တူ TV အသစ်နဲ့ အစားထိုးလဲပေးမယ် ဒါပေမယ့် Customer ဘက်ကနေ တီဗီမှန်ဖိုးကျသင့်ငွေကိုတော့ Carlcare Service Center ကို ပေးရမှာဖြစ်ပါတယ်။ Factory-Fault ဆိုရင်တော့ အသစ်တစ်လုံးနဲ့ Free လဲပေးမယ်ပေါ့။

ဒီ Locked Down ကာလမှာ အစိုးရညွှန်ကြားချက်အရ ကျနော်တို့ Carlcare Service Center ပိတ်ထားရပါတယ်။ Carlcare Service Center ပိတ်ထားရတဲ့အတွက် Syinix Electronics ပစ္စည်းတွေ လတ်တလော လာပြင်ထားတဲ့ ပစ္စည်းတွေရော ၊ ဒီကာလမှာ တခုခုဖြစ်လို့လာပြင်ချင်တဲ့ Customer တွေအတွက် အမြန်ဆုံးဝန်ဆောင်မှုမပေးနိုင်ဖြစ်တာပေါ့။ ဒါကြောင့် Syinix Electroncis ပစ္စည်းတွေတခုခုဖြစ်လို့လာပြင်ချင်တဲ့ Customer တွေအတွက် အဆင်ပြေစေဖို့ Service Center ပိတ်ထားရပြီး ပြင်လို့လည်းမရတဲ့အခြေအနေမှာ မော်ဒယ်တူပစ္စည်းအသစ်နဲ့ အစားထိုးလဲလှယ်ပေးလိုက်တာပါ။ Locked Down ကာလ ကလည်းဘယ်လောက်ကြာမှန်းမသိသေးဘူး ဒီအိမ်မှာနေရတဲ့ ကာလမှာ TV တခုခုဖြစ်လို့ ကြည့်စရာမရှိရင် ပျင်းစရာကြီး၊ Customerတွေအနေနဲ့လည်း TV လိုပစ္စည်းမျိုး တခုခုဖြစ်တယ်ဆိုရင်အမြန်ဆုံးပြင်ချင်မှာဖြစ်တဲ့အတွက်ဒီ “Cloud AfterSale Service” အစီအစဉ်က Syinix Customerတွေအတွက် အထောက်အကူဖြစ်စေမှာပါလို့ Carlcare Service Center နဲ့ Syinix Electronics ရဲ့ တာဝန်ရှိသူတွေမှ ပြောကြားခဲ့ပါတယ်။

Carlcare Service Center အကြောင်း
————————————
Carlcare Service Center ဆိုတာကတော့ အာဖရိက၊ အရှေ့အာရှ၊ အရှေ့တောင်အာရှ၊ ဥရောပအရှေ့ပိုင်းနဲ့ လက်တင်အမေရိက စတဲ့နိုင်ငံပေါင်း (၆၀)ကျော်မှာ အီလက်ထရောနစ်ပစ္စည်း၊ စမတ်ဖုန်းတွေအတွက် တရားဝန် After-SaleServiceဝန်ဆောင်မှုပေးနေတဲ့ Service Center ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း တာမွေမြို့နယ် ရန်ကုန်မြို့မှာ Main Service Center ရှိပြီး လောလောဆယ်အထိ မန္တလေး၊ ပဲခူး၊ မကွေး ၊ မော်လမြိုင် စတဲ့ အခြားမြို့ကြီးတွေမှာလည်း Service Receive Point စုစုပေါင်း (၁၄) ခုရှိနေပြီး Syinix/ Tecno Mobile/ Itel/ Infinix စတဲ့ အမှတ်တံဆိပ်တွေအတွက် တရားဝန်အာမခံဝန်ဆောင်မှုပေးနေတယ်လို့ သိရပါတယ်။

Syinix အကြောင်း
—————
Syinix ဟာ အိမ်သုံးလျှပ်စစ်ပစ္စည်းများကိုထုတ်လုပ်ရောင်းချလျှက်ရှိတဲ့ Global Brand ဖြစ်ပြီး Premier League Football Club အသင်းတစ်သင်းဖြစ်တဲ့ Leicester City အသင်းနဲ့ တရားဝင်ပူးပေါင်းမှုကိုမကြာသေးမီကမှ ကျင်းပပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ပိုမိုသိရှိရန် Syinix Electronics Facebook Page – https://web.facebook.com/SyinixElectronicsMyanmar

Source – Syinix