ကေနဒါႏုိင္ငံမွာ ရွိတဲ့ တကၠသိုလ္တစ္ခုဟာ ေကြးေခါက္လို႔ရတဲ့ Flexible Screen တစ္ခု ပါဝင္တဲ့ Tablet တစ္ခုကို ေအာင္ျမင္စြာ ဖန္တီးႏုိင္ခဲ့ပါတယ္။ အဆုိပါ Tablet ရဲ႕မ်က္ႏွာျပင္ဟာ ေရွးေခတ္ပုရပုိက္ေတြလို လိပ္ေခါက္ထားႏုိင္တာကို ေတြ႕ရမွာပါ။

၇ လက္မခြဲအရြယ္ရွိတဲ့ Screen ကို ျဖန္႔ျပီး အသုံးျပဳႏုိင္သလို လိပ္ထားတဲ့အခါ ပုရပိုက္တစ္ခုကို သုံးစြဲေနသလိုမ်ဳိး Scroll လုပ္သြားႏုိင္တဲ့ အစြမ္းလည္းရွိပါတယ္။ Queen တကၠသုိလ္မွ ေဒါက္တာ Roel Vertegaal က သူတုိ႔ဟာ ေရွးေခတ္ ပုရပုိက္ေတြရဲ႕ ဒီဇုိင္းကို အတုခုိးခဲ့တာျဖစ္ျပီး ပုရပိုက္ေတြရဲ႕ တည္ေဆာက္ပုံဟာ ရွည္လ်ားတဲ့ စာေတြကို ဖတ္ရႈရာမွာ ပိုအေႏွာင့္အယွက္ကင္းျပီး သဘာဝက်လို႔ ျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။

ဖုန္းေျပာတဲ့အခါမွာ ေပလိပ္တစ္ခုလို ျပန္လိပ္ျပီး ေျပာဆုိလို႔ရမယ့္ Concept ကိုလည္း ေတြ႕ရပါတယ္။ ကိုရီးယားအေျခစုိက္ စမတ္ဖုန္းထုတ္လုပ္သူ ျဖစ္တဲ့ ဆမ္ေဆာင္းဟာ ဒီလုိမ်ဳိး ေကြးေခါက္လို႔ရမယ့္ Screen နဲ႔ ဟန္းဆက္ေတြကို ေစ်းကြက္ထဲ ထုတ္လုပ္ေရာင္းခ်ႏုိင္ဖို႔ ၾကံစည္ေနတာ ႏွစ္ေပါင္းမ်ားစြာၾကာျပီျဖစ္တယ္။ ေဒါက္တာ Roel Vertegaal က သူတုိ႔ဟာ ေဘာပင္တစ္ေခ်ာင္းအရြယ္နီးပါးထိ ေသးငယ္ျပီး အိတ္ထဲ အလြယ္တကူ လိပ္ထည့္သြားလို႔ရမယ့္ စက္ပစၥည္းတစ္ခု ျဖစ္လာတဲ့ထိ ဒီဇုိင္းထုတ္ႏုိင္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ ဆုိပါတယ္။

Ref – https://www.bbc.com/news/av/technology-45364434/tablet-bends-like-ancient-scroll

Unicode

ကနေဒါနိုင်ငံမှာ ရှိတဲ့ တက္ကသိုလ်တစ်ခုဟာ ကွေးခေါက်လို့ရတဲ့ Flexible Screen တစ်ခု ပါဝင်တဲ့ Tablet တစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါတယ်။ အဆိုပါ Tablet ရဲ့မျက်နှာပြင်ဟာ ရှေးခေတ်ပုရပိုက်တွေလို လိပ်ခေါက်ထားနိုင်တာကို တွေ့ရမှာပါ။

၇ လက်မခွဲအရွယ်ရှိတဲ့ Screen ကို ဖြန့်ပြီး အသုံးပြုနိုင်သလို လိပ်ထားတဲ့အခါ ပုရပိုက်တစ်ခုကို သုံးစွဲနေသလိုမျိုး Scroll လုပ်သွားနိုင်တဲ့ အစွမ်းလည်းရှိပါတယ်။ Queen တက္ကသိုလ်မှ ဒေါက်တာ Roel Vertegaal က သူတို့ဟာ ရှေးခေတ် ပုရပိုက်တွေရဲ့ ဒီဇိုင်းကို အတုခိုးခဲ့တာဖြစ်ပြီး ပုရပိုက်တွေရဲ့ တည်ဆောက်ပုံဟာ ရှည်လျားတဲ့ စာတွေကို ဖတ်ရှုရာမှာ ပိုအနှောင့်အယှက်ကင်းပြီး သဘာဝကျလို့ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဖုန်းပြောတဲ့အခါမှာ ပေလိပ်တစ်ခုလို ပြန်လိပ်ပြီး ပြောဆိုလို့ရမယ့် Concept ကိုလည်း တွေ့ရပါတယ်။ ကိုရီးယားအခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူ ဖြစ်တဲ့ ဆမ်ဆောင်းဟာ ဒီလိုမျိုး ကွေးခေါက်လို့ရမယ့် Screen နဲ့ ဟန်းဆက်တွေကို ဈေးကွက်ထဲ ထုတ်လုပ်ရောင်းချနိုင်ဖို့ ကြံစည်နေတာ နှစ်ပေါင်းများစွာကြာပြီဖြစ်တယ်။ ဒေါက်တာ Roel Vertegaal က သူတို့ဟာ ဘောပင်တစ်ချောင်းအရွယ်နီးပါးထိ သေးငယ်ပြီး အိတ်ထဲ အလွယ်တကူ လိပ်ထည့်သွားလို့ရမယ့် စက်ပစ္စည်းတစ်ခု ဖြစ်လာတဲ့ထိ ဒီဇိုင်းထုတ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။