[Zawgyi]

Huawei ကို အေမရိကန္က ပိတ္ဆို႔တဲ့ကိစၥနဲ႔ပတ္သက္တဲ့ ဂယက္ေတြက အခုအခ်ိန္ထိ ရွင္းလို႔မၿပီးေသးဘူးပဲ ဆိုရမွာပါ။ အခုလည္း ထိုင္ဝမ္ Semiconductor ထုတ္လုပ္ေရးကုမၸဏီႀကီး TSMC က အေမရိကန္အစိုးရဟာ Huawei နဲ႔ လက္တြဲလုပ္ေဆာင္ေနမႈေတြကို တားျမစ္ဖို႔ ဖိအားမေပးခဲ့ဘူးလို႔ ျငင္းဆိုလိုက္တာပဲ ျဖစ္ပါတယ္။

TSMC ရဲ႕ ထုတ္ကုန္ေတြမွာ HiSilicon ေတြအတြက္လည္း ပါဝင္ၿပီး Huawei ကေတာ့ ကုမၸဏီအတြက္ ဒုတိယအႀကီးမားဆုံး ေဖာက္သည္လို႔ဆိုရမွာပဲ ျဖစ္ပါတယ္။ Financial Times က စတင္ေဖာ္ျပခဲ့တဲ့ ထရမ့္အစိုးရဟာ TSMC ကို Huawei အတြက္ Chip ေတြထုတ္လုပ္ေပးေနတာ ရပ္တန႔္ဖို႔ ဖိအားေပးခဲ့တယ္ဆိုတဲ့ သတင္းကို ထိုင္ဝမ္အစိုးရက ျငင္းပယ္လိုက္တဲ့အေၾကာင္း Bloomberg က ျပန္လည္ေဖာ္ျပခဲ့ပါတယ္။

ထိုင္ဝမ္ဟာ အေမရိကန္နဲ႔ မကင္းရာမကင္းေၾကာင္းျဖစ္သလို တ႐ုတ္ၾသဇာကိုမခံလိုတဲ့ ႏိုင္ငံလည္းျဖစ္တာေၾကာင့္ ကုန္သြယ္ေရးစစ္ရဲ႕ ဂယက္ထဲမွာ ေရာၿပီးပါလာရတာလည္း ျဖစ္ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့ ထိုင္ဝမ္ဝန္ႀကီးအဖြဲ႕ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ Kolas Yotaka က တရားဝင္ ျငင္းဆိုသြားခဲ့တာပဲ ျဖစ္ပါတယ္။

” အေမရိကန္အစိုးရဆီကေန TSMC က Huawei အတြက္ ေထာက္ပံ့ေနတာေတြရပ္တန႔္ဖို႔ ေတာင္းဆိုတာမ်ိဳးကို ကြၽန္ေတာ္တို႔အစိုးရအဖြဲ႕အေနနဲ႔ လက္ခံရရွိျခင္း မရွိခဲ့ပါဘူး” လို႔ ဆိုသြားခဲ့တာပါ။ TSMC ဘက္ကလည္း တ႐ုတ္ကုမၸဏီအတြက္ သူတို႔ရဲ႕ ထုတ္လုပ္မႈကို ရပ္တန႔္ဖို႔ အေမရိကန္ကႀကိဳးပမ္းခဲ့တယ္ဆိုတာကို သတိမထားခဲ့မိဘူးလို႔ ေျပာဆိုသြားခဲ့ပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ TSMC ရဲ႕ ဥကၠ႒ျဖစ္သူ Mark Liu ကေတာ့ လာမယ့္ႏွစ္မွာ 5G အသုံးျပဳႏိုင္တဲ့ iPhone ေမာ္ဒယ္ေတြကို ေမွ်ာ္လင့္ႏိုင္တယ္လို႔ ဆိုသြားပါတယ္။ သူ႔ရဲ႕ကုမၸဏီကလည္း ၂၀၂၀ ျပည့္ႏွစ္ထဲမွာ ႀကီးမားတဲ့ တိုးတက္မႈကို ျပသလိမ့္မယ္လို႔ ဆိုပါတယ္။

Ref: GSM Arena

[Unicode]

TSMC က Huawei အတွက် Chip ထုတ်လုပ်ပေးမှုကို ရပ်တန့်ဖို့ အမေရိကန် ဖိအားမပေးခဲ့ကြောင်း ထိုင်ဝမ်အစိုးရ ငြင်းဆို

Huawei ကို အမေရိကန်က ပိတ်ဆို့တဲ့ကိစ္စနဲ့ပတ်သက်တဲ့ ဂယက်တွေက အခုအချိန်ထိ ရှင်းလို့မပြီးသေးဘူးပဲ ဆိုရမှာပါ။ အခုလည်း ထိုင်ဝမ် Semiconductor ထုတ်လုပ်ရေးကုမ္ပဏီကြီး TSMC က အမေရိကန်အစိုးရဟာ Huawei နဲ့ လက်တွဲလုပ်ဆောင်နေမှုတွေကို တားမြစ်ဖို့ ဖိအားမပေးခဲ့ဘူးလို့ ငြင်းဆိုလိုက်တာပဲ ဖြစ်ပါတယ်။

TSMC ရဲ့ ထုတ်ကုန်တွေမှာ HiSilicon တွေအတွက်လည်း ပါဝင်ပြီး Huawei ကတော့ ကုမ္ပဏီအတွက် ဒုတိယအကြီးမားဆုံး ဖောက်သည်လို့ဆိုရမှာပဲ ဖြစ်ပါတယ်။ Financial Times က စတင်ဖော်ပြခဲ့တဲ့ ထရမ့်အစိုးရဟာ TSMC ကို Huawei အတွက် Chip တွေထုတ်လုပ်ပေးနေတာ ရပ်တန့်ဖို့ ဖိအားပေးခဲ့တယ်ဆိုတဲ့ သတင်းကို ထိုင်ဝမ်အစိုးရက ငြင်းပယ်လိုက်တဲ့အကြောင်း Bloomberg က ပြန်လည်ဖော်ပြခဲ့ပါတယ်။

ထိုင်ဝမ်ဟာ အမေရိကန်နဲ့ မကင်းရာမကင်းကြောင်းဖြစ်သလို တရုတ်သြဇာကိုမခံလိုတဲ့ နိုင်ငံလည်းဖြစ်တာကြောင့် ကုန်သွယ်ရေးစစ်ရဲ့ ဂယက်ထဲမှာ ရောပြီးပါလာရတာလည်း ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ထိုင်ဝမ်ဝန်ကြီးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ Kolas Yotaka က တရားဝင် ငြင်းဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

” အမေရိကန်အစိုးရဆီကနေ TSMC က Huawei အတွက် ထောက်ပံ့နေတာတွေရပ်တန့်ဖို့ တောင်းဆိုတာမျိုးကို ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ လက်ခံရရှိခြင်း မရှိခဲ့ပါဘူး” လို့ ဆိုသွားခဲ့တာပါ။ TSMC ဘက်ကလည်း တရုတ်ကုမ္ပဏီအတွက် သူတို့ရဲ့ ထုတ်လုပ်မှုကို ရပ်တန့်ဖို့ အမေရိကန်ကကြိုးပမ်းခဲ့တယ်ဆိုတာကို သတိမထားခဲ့မိဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် TSMC ရဲ့ ဥက္ကဋ္ဌဖြစ်သူ Mark Liu ကတော့ လာမယ့်နှစ်မှာ 5G အသုံးပြုနိုင်တဲ့ iPhone မော်ဒယ်တွေကို မျှော်လင့်နိုင်တယ်လို့ ဆိုသွားပါတယ်။ သူ့ရဲ့ကုမ္ပဏီကလည်း ၂၀၂၀ ပြည့်နှစ်ထဲမှာ ကြီးမားတဲ့ တိုးတက်မှုကို ပြသလိမ့်မယ်လို့ ဆိုပါတယ်။

Ref: GSM Arena