[Zawgyi]

ေဖေဖာ္ဝါရီလတုန္းက TCL ဟာ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္မွာ ေဈးႏႈန္းခ်ိဳသာမယ့္ Foldable ဖုန္းေတြ ျဖန႔္ခ်ိႏိုင္ေအာင္ ႀကိဳးစားသြားမယ္လို႔ ဆိုခဲ့ဖူးပါတယ္။ BlackBerry ရဲ႕ မိခင္ႀကီးျဖစ္တဲ့အတြက္ သူ႔ရဲ႕ ေၾကညာမႈကို ကမာၻတစ္ဝန္းက စမတ္ဖုန္းအသုံးျပဳသူေတြက စိတ္ဝင္တစားနဲ႔ မွတ္သားေစာင့္ၾကည့္ေနခဲ့ၾကတာပါ။

အေစာပိုင္းကတည္းက Foldable ဖုန္းအတြက္ ကနဦးအဆင့္ေတြကို ေက်ာ္လြန္ခဲ့ၿပီးျဖစ္တဲ့ TCL ဟာ လက္ရွိအခ်ိန္မွာ စမ္းသပ္ထုတ္လုပ္ဖို႔အတြက္ ေျခလွမ္းအနည္းငယ္သာ လိုေတာ့တယ္လို႔လည္း သတင္းထြက္ေပၚလာပါတယ္။ ကုမၸဏီဟာ LTPS ပစၥည္းကိရိယာေတြကို ဂ်ပန္နဲ႔ ေတာင္ကိုရီးယားမွာရွိတဲ့ စက္႐ုံေတြဆီပို႔ေဆာင္ဖို႔ ေငြေပးေခ်မႈေတြ ျပဳလုပ္ၿပီးၿပီလို႔လည္း သိရပါတယ္။

ဒါေၾကာင့္ Foldable မ်က္ႏွာျပင္ ထုတ္လုပ္မႈလုပ္ငန္းေတြဟာ လာမယ့္ ၂၀၁၉ ခုႏွစ္ စတုတၳသုံးလပတ္အတြင္း စတင္အေကာင္အထည္ေပၚလာေတာ့မယ္လို႔ ယူဆရပါတယ္။ ဒါ့အျပင္ ကုမၸဏီဟာ Huaxing Optoelectronics အေနနဲ႔ AMOLED panel ႏွစ္ပတ္လည္ေရာင္းအားနဲ႔ အျမတ္ေငြမွာ ယခင္ကထက္ ကိန္းဂဏန္းအားျဖင့္ ၂ ဆတက္လာမယ္လို႔ ယုံၾကည္ေနပါတယ္။

LTPS-LCD ထုတ္လုပ္ျခင္းဟာ ၂၀၁၉ ပထမသုံးလပတ္အတြင္းမွာ $27.2 သန္းအထိ ေရာက္ရွိခဲ့ပါတယ္။ ကမာၻတစ္ဝန္းက စက္႐ုံတစ္႐ုံတည္းရွိတဲ့ ကုမၸဏီေတြၾကားထဲမွာ တတိယအဆင့္အထိ ေရာက္ရွိခဲ့တာပါ။ ဒီလိုေရာက္ရွိခဲ့ရတဲ့ အေၾကာင္းရင္းဟာ “အခ်ိဳ႕ေသာ ထိပ္တန္းအဆင့္ စမတ္ဖုန္းထုတ္လုပ္မႈ ကုမၸဏီႀကီးေတြ” နဲ႔ သေဘာတူညီမႈရယူႏိုင္ခဲ့တာေၾကာင့္ျဖစ္တယ္လို႔ ကုမၸဏီက ေျပာဆိုခဲ့ပါတယ္။ TCL Group ဟာ စမတ္ဖုန္းလုပ္ငန္းကို ကိုင္လႈပ္ဖို႔ ႀကိဳးစားေန႐ုံတင္မကဘဲ စမတ္တီဗြီလုပ္ငန္းေတြမွာလည္း ေနရာယူဖို႔ ႀကိဳးစားေနတယ္လို႔သိရပါတယ္။

Ref: GSMArena

[Unicode]

ကွေးဆန့်နိုင်တဲ့ OLED ထုတ်လုပ်မှုလုပ်ငန်းကို ၂၀၁၉ စတုတ္ထသုံးလပတ်မှာ စာတင်တော့မယ့် TCL

ဖေဖော်ဝါရီလတုန်းက TCL ဟာ လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ ဈေးနှုန်းချိုသာမယ့် Foldable ဖုန်းတွေ ဖြန့်ချိနိုင်အောင် ကြိုးစားသွားမယ်လို့ ဆိုခဲ့ဖူးပါတယ်။ BlackBerry ရဲ့ မိခင်ကြီးဖြစ်တဲ့အတွက် သူ့ရဲ့ ကြေညာမှုကို ကမ္ဘာတစ်ဝန်းက စမတ်ဖုန်းအသုံးပြုသူတွေက စိတ်ဝင်တစားနဲ့ မှတ်သားစောင့်ကြည့်နေခဲ့ကြတာပါ။

အစောပိုင်းကတည်းက Foldable ဖုန်းအတွက် ကနဦးအဆင့်တွေကို ကျော်လွန်ခဲ့ပြီးဖြစ်တဲ့ TCL ဟာ လက်ရှိအချိန်မှာ စမ်းသပ်ထုတ်လုပ်ဖို့အတွက် ခြေလှမ်းအနည်းငယ်သာ လိုတော့တယ်လို့လည်း သတင်းထွက်ပေါ်လာပါတယ်။ ကုမ္ပဏီဟာ LTPS ပစ္စည်းကိရိယာတွေကို ဂျပန်နဲ့ တောင်ကိုရီးယားမှာရှိတဲ့ စက်ရုံတွေဆီပို့ဆောင်ဖို့ ငွေပေးချေမှုတွေ ပြုလုပ်ပြီးပြီလို့လည်း သိရပါတယ်။

ဒါကြောင့် Foldable မျက်နှာပြင် ထုတ်လုပ်မှုလုပ်ငန်းတွေဟာ လာမယ့် ၂၀၁၉ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း စတင်အကောင်အထည်ပေါ်လာတော့မယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် ကုမ္ပဏီဟာ Huaxing Optoelectronics အနေနဲ့ AMOLED panel နှစ်ပတ်လည်ရောင်းအားနဲ့ အမြတ်ငွေမှာ ယခင်ကထက် ကိန်းဂဏန်းအားဖြင့် ၂ ဆတက်လာမယ်လို့ ယုံကြည်နေပါတယ်။

LTPS-LCD ထုတ်လုပ်ခြင်းဟာ ၂၀၁၉ ပထမသုံးလပတ်အတွင်းမှာ $27.2 သန်းအထိ ရောက်ရှိခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းက စက်ရုံတစ်ရုံတည်းရှိတဲ့ ကုမ္ပဏီတွေကြားထဲမှာ တတိယအဆင့်အထိ ရောက်ရှိခဲ့တာပါ။ ဒီလိုရောက်ရှိခဲ့ရတဲ့ အကြောင်းရင်းဟာ “အချို့သော ထိပ်တန်းအဆင့် စမတ်ဖုန်းထုတ်လုပ်မှု ကုမ္ပဏီကြီးတွေ” နဲ့ သဘောတူညီမှုရယူနိုင်ခဲ့တာကြောင့်ဖြစ်တယ်လို့ ကုမ္ပဏီက ပြောဆိုခဲ့ပါတယ်။ TCL Group ဟာ စမတ်ဖုန်းလုပ်ငန်းကို ကိုင်လှုပ်ဖို့ ကြိုးစားနေရုံတင်မကဘဲ စမတ်တီဗွီလုပ်ငန်းတွေမှာလည်း နေရာယူဖို့ ကြိုးစားနေတယ်လို့သိရပါတယ်။
Ref: GSMArena