Zawgyi

TCL လို႔ဆိုလိုက္ရင္ ေတာ္ေတာ္မ်ားမ်ားက စမတ္ဖုန္းေတြထုတ္လုပ္တဲ့ကုမၸဏီတစ္ခုထက္ TV နဲ႔ တျခား Electronic ပစၥည္းေတြထုတ္တဲ့ကုမၸဏီတစ္ခုအေနနဲ႔ လူသိမ်ားေနတာပါ။ ဒါေပမယ့္ TCL က Alcatel နဲ႔ BlackBerry လိုမ်ိဳး စမတ္ဖုန္းကုမၸဏီေတြကိုလည္း ပိုင္ဆိုင္ၿပီးေတာ့ လာမယ့္ စက္တင္ဘာလမွာျပဳလုပ္မယ့္ IFA 2019 မွာ TCL နာမည္နဲ႔ စမတ္ဖုန္းကို မိတ္ဆက္လာေတာ့မွာပါ။

ယခင္ထဲက TCL ကေန ကိုယ္ပိုင္ Brand Name နဲ႔ စမတ္ဖုန္းေတြကို Global Market အတြက္ Trade Show ေတြမွာ မိတ္ဆက္သြားမယ္လို့ ေၾကညာထားခဲ့တာျဖစ္ပါတယ္။ အေစာပိုင္းတုန္းက TCL ကေန ကိုယ္ပိုင္စမတ္ဖုန္းေတြကို တ႐ုတ္ႏိုင္ငံမွာပဲ မိတ္ဆက္ခဲ့တာျဖစ္ၿပီးေတာ့ ႏိုင္ငံတကာေစ်းကြက္ေတြအတြက္ကေတာ့ BlackBerry နဲ႔ Alcatel လို Brand ေတြအေပၚကိုပဲ မွီခိုေနခဲ့တာလည္းျဖစ္ပါတယ္။

TCL ဟာ လာမယ့္ IFA 2019 ပြဲမွာ ထူးဆန္းတဲ့ နည္းပညာေတြကို ျပသသြားမယ္လို႔ သိရၿပီးေတာ့ Project Archery လို႔ နာမည္ေပးထားတဲ့ Wearable Display တစ္ခုက အဓိကျဖစ္လာႏိုင္ပါတယ္။ TCL ကေတာ့ ပုံမွန္ ေနကာမ်က္မွန္တစ္ခုလို အ႐ြယ္အစားနဲ႔ေပမယ့္ 100-inch အထိရွိတဲ့ Viewing Experience ကို ရရွိႏိုင္မယ္လို႔ ေျပာၾကားထားတဲ့အတြက္ ျဖစ္ႏိုင္တာက Smart Sunglasses ပုံစံမ်ိဳးျဖစ္လာႏိုင္ပါတယ္။

ဒ့ါအျပင္ TCL T1 လို႔နာမည္ေပးထားတဲ့ စမတ္ဖုန္းအသစ္တစ္ခုကိုလည္း မိတ္ဆက္သြားမွာျဖစ္ၿပီးေတာ့ 6.53″ Full HD+ Display ၊ Snapdragon 675 Processor ၊ RAM 6GB ၊ Storage 128GB နဲ႔ 3820mAh Battery ေတြပါဝင္မွာျဖစ္ပါတယ္။ Camera အေနနဲ႔လည္း 48MP+16MP Wide+ 2MP Back Camera ေတြနဲ႔အတူ 24MP Selfie Camera လည္း ပါဝင္ေနဦးမွာပါ။

ဘာပဲျဖစ္ျဖစ္ TCL ကို ေနာက္ပိုင္းမွာ စမတ္ဖုန္းထုတ္လုပ္သူအေနနနဲ႔ ျမင္ေတြ႕လာရေတာ့မွာပါ။

Ref – Android Authority

Unicode

TCL လို့ဆိုလိုက်ရင် တော်တော်များများက စမတ်ဖုန်းတွေထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုထက် TV နဲ့ တခြား Electronic ပစ္စည်းတွေထုတ်တဲ့ကုမ္ပဏီတစ်ခုအနေနဲ့ လူသိများနေတာပါ။ ဒါပေမယ့် TCL က Alcatel နဲ့ BlackBerry လိုမျိုး စမတ်ဖုန်းကုမ္ပဏီတွေကိုလည်း ပိုင်ဆိုင်ပြီးတော့ လာမယ့် စက်တင်ဘာလမှာပြုလုပ်မယ့် IFA 2019 မှာ TCL နာမည်နဲ့ စမတ်ဖုန်းကို မိတ်ဆက်လာတော့မှာပါ။

ယခင်ထဲက TCL ကနေ ကိုယ်ပိုင် Brand Name နဲ့ စမတ်ဖုန်းတွေကို Global Market အတွက် Trade Show တွေမှာ မိတ်ဆက်သွားမယ်လို့ ကြေငြာထားခဲ့တာဖြစ်ပါတယ်။ အစောပိုင်းတုန်းက TCL ကနေ ကိုယ်ပိုင်စမတ်ဖုန်းတွေကို တရုတ်နိုင်ငံမှာပဲ မိတ်ဆက်ခဲ့တာဖြစ်ပြီးတော့ နိုင်ငံတကာစျေးကွက်တွေအတွက်ကတော့ BlackBerry နဲ့ Alcatel လို Brand တွေအပေါ်ကိုပဲ မှီခိုနေခဲ့တာလည်းဖြစ်ပါတယ်။

TCL ဟာ လာမယ့် IFA 2019 ပွဲမှာ ထူးဆန်းတဲ့ နည်းပညာတွေကို ပြသသွားမယ်လို့ သိရပြီးတော့ Project Archery လို့ နာမည်ပေးထားတဲ့ Wearable Display တစ်ခုက အဓိကဖြစ်လာနိုင်ပါတယ်။ TCL ကတော့ ပုံမှန် နေကာမျက်မှန်တစ်ခုလို အရွယ်အစားနဲ့ပေမယ့် 100-inch အထိရှိတဲ့ Viewing Experience ကို ရရှိနိုင်မယ်လို့ ပြောကြားထားတဲ့အတွက် ဖြစ်နိုင်တာက Smart Sunglasses ပုံစံမျိုးဖြစ်လာနိုင်ပါတယ်။

ဒ့ါအပြင် TCL T1 လို့နာမည်ပေးထားတဲ့ စမတ်ဖုန်းအသစ်တစ်ခုကိုလည်း မိတ်ဆက်သွားမှာဖြစ်ပြီးတော့ 6.53″ Full HD+ Display ၊ Snapdragon 675 Processor ၊ RAM 6GB ၊ Storage 128GB နဲ့ 3820mAh Battery တွေပါဝင်မှာဖြစ်ပါတယ်။ Camera အနေနဲ့လည်း 48MP+16MP Wide+ 2MP Back Camera တွေနဲ့အတူ 24MP Selfie Camera လည်း ပါဝင်နေဦးမှာပါ။

ဘာပဲဖြစ်ဖြစ် TCL ကို နောက်ပိုင်းမှာ စမတ်ဖုန်းထုတ်လုပ်သူအနေနနဲ့ မြင်တွေ့လာရတော့မှာပါ။

Ref – Android Authority