Unicode

အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေလိုမျိုးပဲ TV စျေးကွက်မှာလည်း OLED TV တွေအပြင် QLED လိုမျိုး နည်းပညာတွေမျိုးစုံပေါ်ထွက်နေတာဖြစ်ပါတယ်။ ဒါပေမယ့် OLED TV တွေကို ခြိမ်းခြောက်နိုင်မယ့်နည်းပညာတစ်ခုကို TCL ကနေ ယူဆောင်လာတော့မှာပါ။

ဒါကတော့ တရုတ်နိုင်ငံ Shenzhen အခြေစိုက် TCL ကုမ္ပဏီကနေ ဒီလိုမျိုး စျေးကွက်ထဲမှာ အောင်မြင်မှုရရှိနေတဲ့ OLED TV တွေကို အကောင်းဆုံးပြိုင်ဆိုင်နိုင်မယ့် Mini-LED TV တွေကို လာမယ့် CES 2020 Event မှာ ယူဆောင်လာတော့မယ်လို့ ကြေညာလိုက်တာကြောင့်ဖြစ်ပါတယ်။

ဒီ Mini-LED နည်းပညာဟာ မိတ်ဆက်ခဲ့တာ နှစ်အနည်းငယ်ရှိသွားပြီဖြစ်ပြီး သေးငယ်တဲ့ LED တွေကို အသုံးပြုပြီး TV ရဲ့ Backlight ကို ပိုမိုထိန်းညှိနိုင်မှာဖြစ်ပါတယ်။ ဒီ Mini-LED ဟာ OLED နည်းပညာလိုမျိုး Pixel-by-Pixel Brightness Control တော့ ပိုင်ဆိုင်ခြင်းမရှိပေမယ့် OLED ထက်ပိုပြီး Brightness ပိုမြင့်မားနိုင်တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် HDR Content တွေအတွက် ပိုပြီးသင့်တော်တယ်လို့ ပြောလို့ရပါတယ်။

TCL ဟာ ဒီ Mini-LED TV အသစ်တွေအတွက် Keynote ကို ဇန်နဝါရီလ ၆ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီးတော့ LG လိုမျိုး OLED TV ထုတ်လုပ်သူတွေအတွက် ပြိုင်ဘက်ဖြစ်လာမှာပါ။

Ref – Tech Rader

Zawgyi

အခုေနာက္ပိုင္းမွာ စမတ္ဖုန္းေတြလိုမ်ိဳးပဲ TV ေစ်းကြက္မွာလည္း OLED TV ေတြအျပင္ QLED လိုမ်ိဳး နည္းပညာေတြမ်ိဳးစုံေပၚထြက္ေနတာျဖစ္ပါတယ္။ ဒါေပမယ့္ OLED TV ေတြကို ၿခိမ္းေျခာက္ႏိုင္မယ့္နည္းပညာတစ္ခုကို TCL ကေန ယူေဆာင္လာေတာ့မွာပါ။

ဒါကေတာ့ တ႐ုတ္ႏိုင္ငံ Shenzhen အေျခစိုက္ TCL ကုမၸဏီကေန ဒီလိုမ်ိဳး ေစ်းကြက္ထဲမွာ ေအာင္ျမင္မႈရရွိေနတဲ့ OLED TV ေတြကို အေကာင္းဆုံးၿပိဳင္ဆိုင္ႏိုင္မယ့္ Mini-LED TV ေတြကို လာမယ့္ CES 2020 Event မွာ ယူေဆာင္လာေတာ့မယ္လို႔ ေၾကညာလိုက္တာေၾကာင့္ျဖစ္ပါတယ္။

ဒီ Mini-LED နည္းပညာဟာ မိတ္ဆက္ခဲ့တာ ႏွစ္အနည္းငယ္ရွိသြားၿပီျဖစ္ၿပီး ေသးငယ္တဲ့ LED ေတြကို အသုံးျပဳၿပီး TV ရဲ႕ Backlight ကို ပိုမိုထိန္းညႇိႏိုင္မွာျဖစ္ပါတယ္။ ဒီ Mini-LED ဟာ OLED နည္းပညာလိုမ်ိဳး Pixel-by-Pixel Brightness Control ေတာ့ ပိုင္ဆိုင္ျခင္းမရွိေပမယ့္ OLED ထက္ပိုၿပီး Brightness ပိုျမင့္မားႏိုင္တာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ HDR Content ေတြအတြက္ ပိုၿပီးသင့္ေတာ္တယ္လို႔ ေျပာလို႔ရပါတယ္။

TCL ဟာ ဒီ Mini-LED TV အသစ္ေတြအတြက္ Keynote ကို ဇန္နဝါရီလ ၆ ရက္ေန႔မွာ ျပဳလုပ္သြားမွာျဖစ္ၿပီးေတာ့ LG လိုမ်ိဳး OLED TV ထုတ္လုပ္သူေတြအတြက္ ၿပိဳင္ဘက္ျဖစ္လာမွာပါ။

Ref – Tech Rader