Meizu က ပြီးခဲ့တဲ့ ရက်အနည်းငယ်ထဲက နောက်ထွက်မယ့် စွမ်းဆောင်ရည်မြင့် Meizu 17 ကို Tease လုပ်နေခဲ့ပါတယ်။ အခုလည်း တရုတ် လူမှုကွန်ရက် ဝီဘိုမှာ အဲဒီ စမတ်ဖုန်းရဲ့ အရှေ့နဲ့ အနောက်ဘက်ကို ပြသထားတဲ့ ဓါတ်ပုံကို မျှဝေလိုက်ပါတယ်။

Meizu ပို့စ်ရဲ့ Caption မှာ “ သင့်လိုပဲ စမတ်ကျတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ တစ်ခါ ကြည့်ရုံနဲ့ စွဲမက်သွားစေမှာပါ။ မေလ ၈ ရက်နေ့မှာ အဲဒီ စွမ်းဆောင်ရည်မြင့် 5G စမတ်ဖုန်းကို ကြေညာမှာ ဖြစ်ပါတယ်။ “ လို့ ရေးသားထားပါတယ်။ ဓါတ်ပုံအရ Meizu 17 ရဲ့ အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို အလျားလိုက် တပ်ဆင်ထားမှာ ဖြစ်ပြီး Flash ကို ကင်မရာတွေရဲ့ အလယ်မှာ တပ်ဆင်ထားပါတယ်။ မျက်နှာပြင် အပြား ဖြစ်ပြီး မျက်နှာပြင် အထက် ညာဘက်မှာ Punch Hole ထည့်သွင်းထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါလာပါတယ်။

Meizu က အဲဒီ စမတ်ဖုန်းမှာ Snapdragon 865 Chipset ထည့်သွင်းထားမယ်ဆိုတာ အတည်ပြုထားပြီးပါပြီ။ 90Hz OLED ,  LPDDR5 RAM နဲ့ UFS 3.0 Storage ထည့်သွင်းထားနိုင်ပြီး 64MP Main ကင်မရာ ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ 4,500mAh ဘက်ထရီ ထည့်ထားနိုင်ပြီး X55 5G Modem ပါလာနိုင်ပါတယ်။ WiFi 6 နဲ့ 5G ထောက်ပံ့မှုတွေ ထည့်သွင်းနိုင်ပါတယ်။

Ref : gsmarena