[Zawgyi]

TECNO အမွတ္တံဆိပ္မွသုံးစြဲသူတစ္ဦးခ်င္းစီရဲ႕ လိုအပ္ခ်က္ေပၚလိုက္ကာ ဖန္တီးထားတဲ့ SPARK 3 PRO အမ်ိဳးအစားဟာ အလင္းမွိန္ခ်ိန္မွာ႐ိုက္လိုက္ေသာဓာတ္ပုံမ်ားအား အရည္အေသြးေကာင္းေစသည့္ အထူးကင္မရာျဖင္ထုတ္ထားျခင္းျဖစ္သည္။

TRANSSION HOLDINGS ၏ အမွတ္တံဆိပ္ျဖစ္ေသာ TECNO Mobile မွစုံလင္တဲ့ လုပ္ေဆာင္ခ်က္ေတြ ပါဝင္တဲ့ ကင္မရာအသားေပး စမတ္ဖုန္းအသစ္ျဖစ္တဲ့ SPARK 3 Pro အား ယေန႔စတင္ျဖန႔္ခ်ိလိုက္ပါသည္။ TECNO ၏ Spark series မွ ထပ္မံထြက္လာေသာ SPARK 3 Pro အား အလင္းေရာင္အားနည္းခ်ိန္ျဖစ္ေသာ ညအေမွာင္ခ်ိန္မ်ား တြင္ ကင္မရာစြမ္းရည္အား ျမႇင့္ထားျခင္း ျဖင့္ အႀကိဳက္ဆုံး ဓာတ္ပုံေတြရရွိလာေစရန္ ဘက္စုံေကာင္းမြန္သည့္ ဒီဇိုင္းျဖင့္ အသားေပးေဆာင္႐ြက္ထားပါသည္။ SPARK 3 Pro တြင္ ေခတ္မီေသာပုံစံ ၊ ဆန္းသစ္ေသာ လုပ္ေဆာင္ခ်က္မ်ားအား ေပါင္းစပ္ထား႐ုံသာမက သင့္ေလ်ာ္ေသာ ေဈးႏႈန္းျဖင့္ေဈးကြက္တြင္း ေရာင္းခ်သြားမည္ ျဖစ္သည္။

TECNO ၏ လုပ္ငန္းႀကီးထြားလာမႈႏွင့္ အေစာပိုင္းျဖတ္သန္းခဲ့မႈမ်ားအား TRANSSION Group ၏ ဥကၠဌ လည္းျဖစ္ TECNO MOBILE ၏ ဦးေဆာင္ၫႊန္ၾကားေရးမႉး လည္းျဖစ္ေသာ Mr STEPHEN HA မွ အေသးစိတ္ရွင္းလင္းေျပာၾကားရင္း SPARK 3 Pro စမတ္ဖုန္းအသစ္ ကို မိတ္ဆက္ေပးခဲ့ သည္။ ကင္မရာအသားေပးစမတ္ ဖုန္းမ်ားအား စိတ္ဝင္စားလာသူမ်ားျပားလာျခင္းေၾကာင့္ ၎တို႔၏စြဲလမ္းမႈ ဝါသနာကို မိုဘိုင္းပစၥည္းမ်ားမွတစ္ဆင့္ အဆုံးအစမရွိ အေကာင္အထည္ ေဖာ္လာႏိုင္ရန္အလို႔ဌာ TECNO MOBILE မွအားထုတ္ႀကိဳးပမ္းလ်က္ရွိေၾကာင္းလည္း Mr HA ကဆိုသည္။ “ကြၽန္ေတာ္တို႔အေနနဲ႔ ကင္မရာကို အသားေပးထုတ္လာျခင္းက သုံးစြဲသူေတြရဲ႕ ႀကိဳက္ႏွစ္သက္မႈနဲ႔အညီျဖစ္ဖို႔ေရာ ေခတ္ေရစီးေၾကာင္း နဲ႔ညီေစဖို႔ေရာ” လို႔ ေခတ္အႀကိဳက္ထုတ္ကုန္အေပၚ Mr Ha က ျဖည့္စြက္ေျပာၾကားသည္။ “ကြၽန္ေတာ္တို႔ရဲ႕ SPARK 3 Pro ကို ျမန္မာႏိုင္ငံရဲ႕ လူဦးေရ တိုးပြားႏႈန္းထဲကမွ လူငယ္ေတြဆီ ဦးတည္ပါတယ္။ ဒီေန႔ေခတ္ရဲ႕ လူငယ္ေတြက စိတ္ဖိစီးမႈေလ်ာ့နည္းေစဖို႔အတြက္ အခ်င္းခ်င္း ခ်ိန္းၿပီး ေပ်ာ္စရာေနရာေလးေတြကို သြားရင္း အမွတ္တရေလးေတြဖန္တီးတတ္ၾကပါတယ္။ အဲ့အမွတ္တရကိုပဲ တစ္ကမာၻလုံးသိေအာင္ ျပတတ္ၾကတာဆိုေတာ့ သူတို႔ရဲ႕ အလွတရားကို အၿမဲျမင္ေနဖို႔ဆိုတာ ေဈးႀကီးတဲ့ ကင္မရာတစ္လုံး မလိုပါဘူး။ကြၽန္ေတာ္တို႔ရဲ႕ ကင္မရာလိုေရာ ဖုန္းလိုပါသုံးႏိုင္တဲ့ SPARK 3 Pro တစ္လုံးေလာက္ရွိေန ရင္ကို ၿပီးျပည့္စုံေနပါၿပီ။ ဒီအမ်ိဳးအစားရဲ႕ အဓိက အခ်က္က ညဘက္မွာေတာင္ ၾကည္လင္တဲ့႐ုပ္ထြက္ရဖို႔ ဖန္တီးထားတာဆိုေတာ့ ေန႔ပဲ႐ိုက္႐ိုက္ ညပဲ ႐ိုက္႐ိုက္ ကိုယ့္အတြက္ခ်ည္းပဲျဖစ္ေနမွာပါလို႔ “ Ha က ၎တို႔ ထုတ္ကုန္သစ္ ၏ အားသာခ်က္အား ေထာက္ခံ ေျပာၾကား ခဲ့ သည္။

ပထမတန္းစားအထူးျပဳခ်က္ (premium specification) မ်ား အသုံးျပဳထားၿပီး မ်ိဳးဆက္သစ္မ်ားအတြက္ လင္းလက္ခ်ိန္တန္ေသာ အခ်ိန္မ်ား (“Time to Light Up”) ေဆာင္ၾကဥ္းလာ

SPARK 3 Pro သည္ ယင္းႏွင့္အလားတူ တျခားအမ်ိဳးအစားမ်ားတြင္ ေတြ႕ရခဲသည့္ အထူးျပဳခ်က္မ်ားႏွင့္ မိတ္ဆက္ေပးထားပါသည္။ အေရွ႕ကင္မရာ 8MP ႏွင့္ Al Bright feature ေပါင္းစပ္ထား မႈက အခ်ိန္မေ႐ြး ဆယ္လ္ဖီ႐ိုက္မွတ္တမ္းတင္လိုသူမ်ားအတြက္ အေကာင္းဆုံး အေျဖတစ္ခုပင္ျဖစ္ပါသည္။

ထို႔အျပင္ 13MP Dual Rear Camera ကဲ့သို႔ေသာ feature မ်ားႏွင့္ ညီမွ်ေအာင္တြဲဖက္ထားသည့္ Tecno SPARK 3 Pro သည္ အလင္းေရာင္အားနည္းမႈ ေၾကာင့္ ပုံ႐ိုက္လ်င္မႈန္ဝါးေနမႈကိုေလွ်ာ့ခ်ေပးၿပီး ၾကည္လင္ျပတ္သား ေသာ ႐ိုက္ပုံရိပ္မ်ား အား ညအခ်ိန္ပင္ျဖစ္လင့္ကစား ဖမ္းယူႏိုင္မည့္ ႁခြင္းခ်က္မဲ့ HDR portrait မ်ားကို ထုတ္ေဝေပးႏိုင္သည့္ စမတ္ဖုန္း ဓာတ္ပုံပညာစံအသစ္ အား ပုံေဖာ္ထား ပါသည္။ ဤဖုန္းသည္ TECNO ကင္မရာဖုန္းမ်ားထဲတြင္ ေနာက္ဆုံးေပၚ ျဖစ္ၿပီး နည္းပညာျမင့္စမတ္ဖုန္းမ်ားကို ေခတ္မီဆန္းျပားေသာကင္မရာမ်ားႏွင့္ ေပါင္းစပ္ ဒီဇိုင္းထြင္ရာတြင္ TECNO ၏ စြမ္းေဆာင္ရည္ကို အားျဖည့္ေပးလိုက္ျခင္းျဖစ္ပါသည္။

32GB ROM ႏွင့္ 2GB Ram ပါဝင္ေသာေၾကာင့္ သိုမွီးထားႏိုင္မႈ Storage အတြက္ စိတ္ပူပန္စရာမလိုဘဲ ပုံ႐ိုက္ျခင္း၊ မွတ္တမ္းတင္ျခင္းတို႔ကို လြတ္လပ္စြာေဆာင္႐ြက္ႏိုင္ပါသည္။ ၆.၂ လက္မအက်ယ္ျမင္ကြင္း (Super Fullview) က ဗီဒီယို၊ ေတးသီခ်င္းဂီတ၊ ဓာတ္ပုံ၊ မိုဘိုင္းဂိမ္း အားလုံးအတြက္ ႐ုပ္လုံးႂကြျမင္ကြင္းျပည့္ အေတြ႕အႀကဳံမ်ိဳးကို ရရွိခံစားေစပါသည္။

ေနာက္ဆုံးေပၚနည္းပညာ AndroidTM 9 Pie ကို Built-in ထည့္သြင္းထားျခင္း

SPARK 3 Pro တြင္ AndroidTM 9 Pie အေျခခံသည့္ HiOS ကို ထည့္သြင္းထားေသာေၾကာင့္ သင့္ဖုန္းကို အျပည့္အ၀ ထိန္းခ်ဳပ္ထားရန္ ပိုမိုလြယ္ကူသြားၿပီျဖစ္သည္။ ဖုန္း၏ဘက္ထရီႏွင့္အလင္းေရာင္ေတာက္မႈ Brightness က သင္အမ်ားဆုံးအသုံးျပဳသည့္ apps မ်ားကို မွတ္သားထားႏိုင္ၿပီး ဖုန္းဘက္ထရီအားကို ထိန္းထားရန္အတြက္ Brightness level ကို ထိန္းညႇိေပးႏိုင္ပါသည္။ သုံးေနက် Apps ကို သင္အသုံးအမ်ားဆုံးအခ်ိန္တြင္ ႀကိဳတင္ ခန႔္မွန္းေဖာ္ျပေပးသည့္ “App Action” ေဆာင္႐ြက္ခ်က္လည္းပါဝင္ၿပီး ထို Apps သို႔သြားႏိုင္သည့္ Shortcut ကိုလည္း ေဖာ္ျပေပးထားႏိုင္ပါသည္။

TECNO HiOS 4.6 သည္ AndroidTM 9 Pie ကိုအေျခခံသည့္ ေနာက္ဆုံးေပၚလုပ္ငန္းလည္ပတ္ေဆာင္႐ြက္မႈ စနစ္ operating system ျဖစ္ၿပီး သုံးစြဲသူမ်ားအား ေဒသႏွင့္ေလ်ာ္ညီၿပီး ဉာဏ္ရည္ျမင့္မားစြမ္းေဆာင္ႏိုင္သည့္ အေတြ႕အႀကဳံမ်ားကို ပံ့ပိုးေပးႏိုင္ရန္ ရည္႐ြယ္ပါသည္။ ဥပမာအားျဖင့္ Screen space ပိုမိုႀကီးၿပီး Content ကို ပို၍မ်ားမ်ားျပသႏိုင္ရန္အတြက္ traditional navigation keys အစား system navigation gestures ကို အစားထိုးထားပါသည္။ private apps ကို ေဖ်ာက္ၿပီး Application chamber ကို ထည့္ထားပါသည္။ HiOS သည္ ေနရာေဒသအသီးသီးရွိ ျပည္သူတို႔၏ ႀကိဳက္ႏွစ္သက္မႈႏွင့္ သုံးစြဲေလ့ရွိေသာ မိုဘိုင္းေဆာ့ဖ္ဝဲမ်ားအလိုက္ အခ်က္အလက္မ်ားကို အေသးစိတ္ေဖာ္ထုတ္ျခင္းႏွင့္ စိစစ္ခြဲျခားျခင္းတို႔ကိုလည္း ေဆာင္႐ြက္ေပးပါသည္။ သုံးစြဲသူမ်ားအား ပိုမိုစိတ္ႀကိဳက္ေတြ႕ေစမည့္ အေတြ႕အႀကဳံေကာင္းမ်ားကိုလည္း ေဆာင္ၾကဥ္းေပးႏိုင္ပါမည္။

ဝယ္ယူရရွိႏိုင္မႈ

SPARK 3 Pro ကို ျမန္မာႏိုင္ငံရွိ မိုဘိုင္းဖုန္းဆိုင္မ်ားတြင္ ေဈးႏႈန္း ၁၇၉,၀၀၀ က်ပ္ျဖင့္ မတ္လ ၂၀ ရက္ေန႔မွစတင္၍ ဝယ္ယူရရွိႏိုင္ပါၿပီ။ ေရွ႕တြင္ထုတ္ခဲ့ေသာ Camon CM ႏွင့္ Spark CM တို႔ကဲ့သို႔ပင္ Spark 3 Pro ကိုလည္း မိုဘိုင္းဖုန္းေလာကပထမဆုံးမ်ား၏ ေအာင္ျမင္မႈမ်ိဳးရရွိေအာင္ ႀကိဳးပမ္း ေဆာင္႐ြက္ထား ပါသည္။

[Unicode]

TECNO အမှတ်တံဆိပ် SPARK 3 Pro ကို မြန်မာနိုင်ငံမှာ တရားဝင်မိတ်ဆက်

TECNO အမှတ်တံဆိပ်မှသုံးစွဲသူတစ်ဦးချင်းစီရဲ့ လိုအပ်ချက်ပေါ်လိုက်ကာ ဖန်တီးထားတဲ့ SPARK 3 PRO အမျိုးအစားဟာ အလင်းမှိန်ချိန်မှာရိုက်လိုက်သောဓာတ်ပုံများအား အရည်အသွေးကောင်းစေသည့် အထူးကင်မရာဖြင်ထုတ်ထားခြင်းဖြစ်သည်။

TRANSSION HOLDINGS ၏ အမှတ်တံဆိပ်ဖြစ်သော TECNO Mobile မှစုံလင်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ ကင်မရာအသားပေး စမတ်ဖုန်းအသစ်ဖြစ်တဲ့ SPARK 3 Pro အား ယနေ့စတင်ဖြန့်ချိလိုက်ပါသည်။ TECNO ၏ Spark series မှ ထပ်မံထွက်လာသော SPARK 3 Pro အား အလင်းရောင်အားနည်းချိန်ဖြစ်သော ညအမှောင်ချိန်များ တွင် ကင်မရာစွမ်းရည်အား မြှင့်ထားခြင်း ဖြင့် အကြိုက်ဆုံး ဓာတ်ပုံတွေရရှိလာစေရန် ဘက်စုံကောင်းမွန်သည့် ဒီဇိုင်းဖြင့် အသားပေးဆောင်ရွက်ထားပါသည်။ SPARK 3 Pro တွင် ခေတ်မီသောပုံစံ ၊ ဆန်းသစ်သော လုပ်ဆောင်ချက်များအား ပေါင်းစပ်ထားရုံသာမက သင့်လျော်သော ဈေးနှုန်းဖြင့်ဈေးကွက်တွင်း ရောင်းချသွားမည် ဖြစ်သည်။

TECNO ၏ လုပ်ငန်းကြီးထွားလာမှုနှင့် အစောပိုင်းဖြတ်သန်းခဲ့မှုများအား TRANSSION Group ၏ ဥက္ကဌ လည်းဖြစ် TECNO MOBILE ၏ ဦးဆောင်ညွှန်ကြားရေးမှူး လည်းဖြစ်သော Mr STEPHEN HA မှ အသေးစိတ်ရှင်းလင်းပြောကြားရင်း SPARK 3 Pro စမတ်ဖုန်းအသစ် ကို မိတ်ဆက်ပေးခဲ့ သည်။ ကင်မရာအသားပေးစမတ် ဖုန်းများအား စိတ်ဝင်စားလာသူများပြားလာခြင်းကြောင့် ၎င်းတို့၏စွဲလမ်းမှု ဝါသနာကို မိုဘိုင်းပစ္စည်းများမှတစ်ဆင့် အဆုံးအစမရှိ အကောင်အထည် ဖော်လာနိုင်ရန်အလို့ဌာ TECNO MOBILE မှအားထုတ်ကြိုးပမ်းလျက်ရှိကြောင်းလည်း Mr HA ကဆိုသည်။ “ကျွန်တော်တို့အနေနဲ့ ကင်မရာကို အသားပေးထုတ်လာခြင်းက သုံးစွဲသူတွေရဲ့ ကြိုက်နှစ်သက်မှုနဲ့အညီဖြစ်ဖို့ရော ခေတ်ရေစီးကြောင်း နဲ့ညီစေဖို့ရော” လို့ ခေတ်အကြိုက်ထုတ်ကုန်အပေါ် Mr Ha က ဖြည့်စွက်ပြောကြားသည်။ “ကျွန်တော်တို့ရဲ့ SPARK 3 Pro ကို မြန်မာနိုင်ငံရဲ့ လူဦးရေ တိုးပွားနှုန်းထဲကမှ လူငယ်တွေဆီ ဦးတည်ပါတယ်။ ဒီနေ့ခေတ်ရဲ့ လူငယ်တွေက စိတ်ဖိစီးမှုလျော့နည်းစေဖို့အတွက် အချင်းချင်း ချိန်းပြီး ပျော်စရာနေရာလေးတွေကို သွားရင်း အမှတ်တရလေးတွေဖန်တီးတတ်ကြပါတယ်။ အဲ့အမှတ်တရကိုပဲ တစ်ကမ္ဘာလုံးသိအောင် ပြတတ်ကြတာဆိုတော့ သူတို့ရဲ့ အလှတရားကို အမြဲမြင်နေဖို့ဆိုတာ ဈေးကြီးတဲ့ ကင်မရာတစ်လုံး မလိုပါဘူး။ကျွန်တော်တို့ရဲ့ ကင်မရာလိုရော ဖုန်းလိုပါသုံးနိုင်တဲ့ SPARK 3 Pro တစ်လုံးလောက်ရှိနေ ရင်ကို ပြီးပြည့်စုံနေပါပြီ။ ဒီအမျိုးအစားရဲ့ အဓိက အချက်က ညဘက်မှာတောင် ကြည်လင်တဲ့ရုပ်ထွက်ရဖို့ ဖန်တီးထားတာဆိုတော့ နေ့ပဲရိုက်ရိုက် ညပဲ ရိုက်ရိုက် ကိုယ့်အတွက်ချည်းပဲဖြစ်နေမှာပါလို့ “ Ha က ၎င်းတို့ ထုတ်ကုန်သစ် ၏ အားသာချက်အား ထောက်ခံ ပြောကြား ခဲ့ သည်။

ပထမတန်းစားအထူးပြုချက် (premium specification) များ အသုံးပြုထားပြီး မျိုးဆက်သစ်များအတွက် လင်းလက်ချိန်တန်သော အချိန်များ (“Time to Light Up”) ဆောင်ကြဉ်းလာ

SPARK 3 Pro သည် ယင်းနှင့်အလားတူ တခြားအမျိုးအစားများတွင် တွေ့ရခဲသည့် အထူးပြုချက်များနှင့် မိတ်ဆက်ပေးထားပါသည်။ အရှေ့ကင်မရာ 8MP နှင့် Al Bright feature ပေါင်းစပ်ထား မှုက အချိန်မရွေး ဆယ်လ်ဖီရိုက်မှတ်တမ်းတင်လိုသူများအတွက် အကောင်းဆုံး အဖြေတစ်ခုပင်ဖြစ်ပါသည်။

ထို့အပြင် 13MP Dual Rear Camera ကဲ့သို့သော feature များနှင့် ညီမျှအောင်တွဲဖက်ထားသည့် Tecno SPARK 3 Pro သည် အလင်းရောင်အားနည်းမှု ကြောင့် ပုံရိုက်လျင်မှုန်ဝါးနေမှုကိုလျှော့ချပေးပြီး ကြည်လင်ပြတ်သား သော ရိုက်ပုံရိပ်များ အား ညအချိန်ပင်ဖြစ်လင့်ကစား ဖမ်းယူနိုင်မည့် ခြွင်းချက်မဲ့ HDR portrait များကို ထုတ်ဝေပေးနိုင်သည့် စမတ်ဖုန်း ဓာတ်ပုံပညာစံအသစ် အား ပုံဖော်ထား ပါသည်။ ဤဖုန်းသည် TECNO ကင်မရာဖုန်းများထဲတွင် နောက်ဆုံးပေါ် ဖြစ်ပြီး နည်းပညာမြင့်စမတ်ဖုန်းများကို ခေတ်မီဆန်းပြားသောကင်မရာများနှင့် ပေါင်းစပ် ဒီဇိုင်းထွင်ရာတွင် TECNO ၏ စွမ်းဆောင်ရည်ကို အားဖြည့်ပေးလိုက်ခြင်းဖြစ်ပါသည်။

32GB ROM နှင့် 2GB Ram ပါဝင်သောကြောင့် သိုမှီးထားနိုင်မှု Storage အတွက် စိတ်ပူပန်စရာမလိုဘဲ ပုံရိုက်ခြင်း၊ မှတ်တမ်းတင်ခြင်းတို့ကို လွတ်လပ်စွာဆောင်ရွက်နိုင်ပါသည်။ ၆.၂ လက်မအကျယ်မြင်ကွင်း (Super Fullview) က ဗီဒီယို၊ တေးသီချင်းဂီတ၊ ဓာတ်ပုံ၊ မိုဘိုင်းဂိမ်း အားလုံးအတွက် ရုပ်လုံးကြွမြင်ကွင်းပြည့် အတွေ့အကြုံမျိုးကို ရရှိခံစားစေပါသည်။

နောက်ဆုံးပေါ်နည်းပညာ AndroidTM 9 Pie ကို Built-in ထည့်သွင်းထားခြင်း

SPARK 3 Pro တွင် AndroidTM 9 Pie အခြေခံသည့် HiOS ကို ထည့်သွင်းထားသောကြောင့် သင့်ဖုန်းကို အပြည့်အ၀ ထိန်းချုပ်ထားရန် ပိုမိုလွယ်ကူသွားပြီဖြစ်သည်။ ဖုန်း၏ဘက်ထရီနှင့်အလင်းရောင်တောက်မှု Brightness က သင်အများဆုံးအသုံးပြုသည့် apps များကို မှတ်သားထားနိုင်ပြီး ဖုန်းဘက်ထရီအားကို ထိန်းထားရန်အတွက် Brightness level ကို ထိန်းညှိပေးနိုင်ပါသည်။ သုံးနေကျ Apps ကို သင်အသုံးအများဆုံးအချိန်တွင် ကြိုတင် ခန့်မှန်းဖော်ပြပေးသည့် “App Action” ဆောင်ရွက်ချက်လည်းပါဝင်ပြီး ထို Apps သို့သွားနိုင်သည့် Shortcut ကိုလည်း ဖော်ပြပေးထားနိုင်ပါသည်။

TECNO HiOS 4.6 သည် AndroidTM 9 Pie ကိုအခြေခံသည့် နောက်ဆုံးပေါ်လုပ်ငန်းလည်ပတ်ဆောင်ရွက်မှု စနစ် operating system ဖြစ်ပြီး သုံးစွဲသူများအား ဒေသနှင့်လျော်ညီပြီး ဉာဏ်ရည်မြင့်မားစွမ်းဆောင်နိုင်သည့် အတွေ့အကြုံများကို ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ပါသည်။ ဥပမာအားဖြင့် Screen space ပိုမိုကြီးပြီး Content ကို ပို၍များများပြသနိုင်ရန်အတွက် traditional navigation keys အစား system navigation gestures ကို အစားထိုးထားပါသည်။ private apps ကို ဖျောက်ပြီး Application chamber ကို ထည့်ထားပါသည်။ HiOS သည် နေရာဒေသအသီးသီးရှိ ပြည်သူတို့၏ ကြိုက်နှစ်သက်မှုနှင့် သုံးစွဲလေ့ရှိသော မိုဘိုင်းဆော့ဖ်ဝဲများအလိုက် အချက်အလက်များကို အသေးစိတ်ဖော်ထုတ်ခြင်းနှင့် စိစစ်ခွဲခြားခြင်းတို့ကိုလည်း ဆောင်ရွက်ပေးပါသည်။ သုံးစွဲသူများအား ပိုမိုစိတ်ကြိုက်တွေ့စေမည့် အတွေ့အကြုံကောင်းများကိုလည်း ဆောင်ကြဉ်းပေးနိုင်ပါမည်။

ဝယ်ယူရရှိနိုင်မှု

SPARK 3 Pro ကို မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်းဆိုင်များတွင် ဈေးနှုန်း ၁၇၉,၀၀၀ ကျပ်ဖြင့် မတ်လ ၂၀ ရက်နေ့မှစတင်၍ ဝယ်ယူရရှိနိုင်ပါပြီ။ ရှေ့တွင်ထုတ်ခဲ့သော Camon CM နှင့် Spark CM တို့ကဲ့သို့ပင် Spark 3 Pro ကိုလည်း မိုဘိုင်းဖုန်းလောကပထမဆုံးများ၏ အောင်မြင်မှုမျိုးရရှိအောင် ကြိုးပမ်း ဆောင်ရွက်ထား ပါသည်။