Zawgyi

Tecno အနေနဲ့ သူတို့ရဲ့ မျိုးဆက်သစ် စမတ်ဖုန်း ဖြစ်တဲ့ Camon Iclick2 ကို ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက အိန္ဒိယနိုင်ငံမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Camon Iclick2 ဟာ Camon AI စီးရီးတွေရဲ့ စတုတ္ထမြောက် မျိုးဆက်သစ် စမတ်ဖုန်း ဖြစ်ပြီး Camon iAir2+, Camon i2 နဲ့ Camon i2X စမတ်ဖုန်းတွေကိုတော့ ပြီးခဲ့တဲ့ လတုန်းက မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။


 

 


Tecno Camon Iclick2 ကို အရောင်တွေ အနေနဲ့ Aqua Blue, Midnight Black နဲ့ Hawaii Blue ဆိုပြီး အရောင် ၃မျိုး ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Camon Iclick2 ကို အိန္ဒိယနိုင်ငံမှာ စတင်ရောင်းချသွားမယ့် ဈေးနှုန်းကတော့ အိန္ဒိယငွေ ၁၃,၄၉၉ ရူပီး (မြန်မာငွေ ၂၈၀,၀၀၀ ဝန်းကျင်) ဖြစ်ပါတယ်။

Ref: gadgets.ndtv

Unicode

Camon Iclick2 ကို ထပ်မံမိတ်ဆက်လိုက်တဲ့ Tecno

Tecno အနေနဲ့ သူတို့ရဲ့ မျိူးဆက်သစ် စမတ်ဖုန်း ဖြစ်တဲ့ Camon Iclick2 ကို ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက အိန္ဒိယနိုင်ငံမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Camon Iclick2 ဟာ Camon AI စီးရီးတွေရဲ့ စတုတ္ထမြောက် မျိူးဆက်သစ် စမတ်ဖုန်း ဖြစ်ပြီး Camon iAir2+, Camon i2 နဲ့ Camon i2X စမတ်ဖုန်းတွေကိုတော့ ပြီးခဲ့တဲ့ လတုန်းက မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

Tecno Camon Iclick2 Specifications
Camon Iclick2 ရဲ့ Operating System အပိုင်းအတွက် Android 8.1 Oreo ကို HiOS 4.1 နဲ့ ပြန်လည်ဆန်းသစ်ထားတာ ဖြစ်ပါတယ်။ ၆.၂လက်မ မျက်နှာပြင် အကျယ်ရှိ HD+ Display ကို အသုံးပြုထားပြီး Screen-to-body ratio 88% အထိ ရှိတယ်လို့ သိရပါတယ်။ Processor အပိုင်းအတွက် MediaTek Helio P22 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 4GB ပါဝင်ပါတယ်။ Memory Storage ကိုတော့ 64GB ထည့်သွင်းပေးထားပြီး MicroSD 128GB အထိ ထပ်စိုက်နိုင်မယ်လို့ သိရပါတယ်။

ကင်မရာ အပိုင်းအတွက် 13MP+5MP Camera တွေကို နောက်ကျောဘက်မှာ တပ်ဆင်ပေးထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 24MP Camera ကို တပ်ဆင်ပေးထားပါတယ်။ Security အပိုင်းအတွက် Fingerprint Sensor ကို နောက်ကျောဘက်မှာ ထည့်သွင်းတပ်ဆင်ပေးထားပြီး ဘက်ထရီ သိုလှောင်မှု ပမာဏ အနေနဲ့ 3750mAh ပါဝင်ပါတယ်။

Tecno Camon Iclick2 ကို အရောင်တွေ အနေနဲ့ Aqua Blue, Midnight Black နဲ့ Hawaii Blue ဆိုပြီး အရောင် ၃မျိူး ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Camon Iclick2 ကို အိန္ဒိယနိုင်ငံမှာ စတင်ရောင်းချသွားမယ့် စျေးနှုန်းကတော့ အိန္ဒိယငွေ ၁၃,၄၉၉ ရူပီး (မြန်မာငွေ ၂၈၀,၀၀၀ ဝန်းကျင်) ဖြစ်ပါတယ်။

Ref: gadgets.ndtv