[Zawgyi]

Phantom 9 ကို Flipkart ႏွင့္အတူပူးတြဲၿပီး အိႏၵိယ႐ူပီး ၁၄၉၉၉ (၂၁၉ ေဒၚလာ) ျဖင့္ အိႏၵိယတြင္ မိတ္ဆက္ျဖန႔္ခ်ိလိုက္သည္။ လက္ေဗြဖတ္အာ႐ုံခံကိရိယာပါဝင္ၿပီး 6GB RAM ရွိသည့္ TECNO PHANTOM 9 ကို အိႏၵိယ႐ူပီး ၁၄၉၉၉ (၂၁၉ ေဒၚလာ) ျဖင့္ ေရာင္းခ်သြားမည္။

ကမာၻ႔အထင္ကရ PHANTOM 9 ကို Flipkart တြင္ ရရွိႏိုင္ၿပီျဖစ္ေၾကာင္း မိတ္ဆက္ေပးျခင္းျဖင့္ E-commerce နယ္ပယ္သို႔ စတင္ဝင္ေရာက္မည့္ အစီအစဥ္ကို ကမာၻ႔ထိပ္တန္း စမတ္ဖုန္း အမွတ္ တံဆိပ္ျဖစ္ေသာ TECNO Mobile က ယေန႔ထုတ္ျပန္ေၾကညာလိုက္ပါသည္။ အန္ဒက္စ္အဲ႐ိုစီးတီး တြင္ က်င္းပခဲ့ေသာ ကမာၻ႔လုပ္ငန္းမိတ္ဖက္ေတြ႕ဆုံပြဲကာလအတြင္း၌ ထိပ္တန္းမိုဘိုင္းလ္ဖုန္းအမွတ္တံဆိပ္ျဖစ္ေသာ TECNO Mobile ႏွင့္ ပရီးမီးယားလိဂ္၏ မန္ခ်က္စတာစီးတီးတို႔ အၾကား လုပ္ငန္းမိတ္ဖက္ေဆာင္႐ြက္မႈ သက္တမ္းတိုးျမႇင့္ျခင္း လက္မွတ္ေရး ထိုးျခင္းကိုလည္း ေဆာင္႐ြက္ႏိုင္ခဲ့ပါသည္။ မိတ္ဖက္လုပ္ငန္းႏွစ္ဖက္မွ ကိုယ္စားလွယ္မ်ားသည္ ၂၀၁၉ ခုႏွစ္ ဇူလိုင္ ၁၀ ရက္မွစတင္ၿပီး စက္တင္ဘာ ၇ ရက္ေန႔တြင္ ၿပီးဆုံးမည့္ ရက္ ၆၀ အစီအစဥ္ ‘TECNO Race to Manchester City’ ကိုလည္း က်င္းပခဲ့ၾကပါသည္။

လူမ်ားစုအေနျဖင့္ အဆင့္ျမင့္နည္းပညာကို စိတ္ဝင္စားႏိုင္သည့္ ေဈးႏႈန္းျဖင့္ ရရွိသုံးစြဲႏိုင္ၿပီး သူတို႔၏ လတ္တေလာ ကန႔္သတ္ခံထားရမႈမ်ားကို ေက်ာ္လြန္ကာ ကမာၻႀကီး၏ျဖစ္ႏိုင္ေျခမ်ားကို ရွာေဖြႏိုင္ေစမည္ဟူေသာ ကတိကဝတ္ကို အထူးေဇာင္းေပးလုပ္ေဆာင္ျခင္းျဖင့္ အိႏၵိယႏိုင္ငံကို ဦးစားေပးေဈးကြက္ျဖစ္လာေအာင္ ဦးစားေပးေဆာင္႐ြက္မည့္ TECNO ၏ ဒႆနအျမင္ ‘ပိုမိုေမွ်ာ္လင့္ထားျခင္း – Expect More’ ကို ယေန႔အခမ္းအနားတြင္ ထုတ္ေဖာ္ျပသခဲ့ပါသည္။

ကမာၻတစ္ဝန္း TECNO ၏ရင္းႏွီးျမႇဳပ္ႏွံမႈတြင္ အဓိကက႑ ၃ ရပ္ရွိရာ ၎တို႔မွာ လူငယ္မ်ားအတြက္ရည္႐ြယ္သည့္ (အလင္းေရာင္မွိန္ေဖ်ာ့ေနခ်ိန္တြင္ပင္ ပုံေကာင္းထြက္ေစသည့္) AI ကင္မရာ ‘SPARK’ ၊ ထူးျခားေကာင္းမြန္ေသာ selfie ကင္မရာ feature မ်ားပါရွိသည့္ လူႀကိဳက္မ်ားထင္ရွားေသာ ‘CAMON’ ကင္မရာ စီးရီး ႏွင့္ TECNO ၏ အထင္ကရ ‘PHANTOM’ တို႔ ျဖစ္ပါသည္။ TECNO ‘Phantom 9’ သည္ စတိုင္လ္ႏွင့္ စြမ္းေဆာင္ရည္ ကို မွ်ေျခညီေအာင္ထိန္း ထားပါသည္။ မိမိတို႔၏အိတ္ကပ္ထဲထည့္မထားဘဲ အဆင့္ျမင့္ Feature မ်ားႏွင့္အတူ စတိုင္လ္က်ေနေစရန္ အေပးအယူ ထပ္မလုပ္လိုသူ ေထာင္စုႏွစ္ေခတ္ နည္းပညာစြဲမက္သူမ်ားအတြက္ ဒီဇိုင္းေဖာ္ထားပါသည္။ PHANTOM 9 တြင္ ဂုဏ္ယူစရာ ပထမမ်ား ပါဝင္ပါသည္။ အစိတ္အပိုင္းေပါင္း 15K segment တြင္ လက္ေဗြဖတ္အာ႐ုံခံကိရိယာ In-display ပါဝင္သည့္ ပထမဆုံးေသာ စမတ္ဖုန္း၊ ဖုန္းမ်က္ႏွာျပင္အျပည့္ ျပသၿပီး ေရွ႕ဘက္ Dual Flashlight ပါဝင္သည့္ ပထမဆုံးေသာ စမတ္ဖုန္း၊ နံနက္မိုးေသာက္ခ်ိန္သဘာဝေကာင္းကင္အေရာင္ Aurora စတိုင္လ္ စိတ္ကူးကြန႔္ျမဴးဖန္တီးထားသည့္ ပထမဆုံးေသာ စမတ္ဖုန္း ျဖစ္ပါသည္။

TRANSSION India ၏ Chief Operating Officer ျဖစ္ေသာ Mr. Marco Ma က အိႏၵိယေဈးကြက္ႏွင့္ပတ္သက္ေသာ သူ၏အျမင္ႏွင့္ အလားအလာကို ေျပာၾကားရာ၌ “အေရွ႕ေတာင္အာရွေဒသအတြက္ လုပ္ငန္းတိုးခ်ဲ႕တဲ့ အစီအစဥ္ေတြမွာ အိႏၵိယဟာ ကြၽန္ေတာ္တို႔ရဲ႕ ထိပ္တန္းဦးစားေပးေဈးကြက္တစ္ခုပါ။ ဒီဒုတိယႏွစ္ဝက္မွာ ကြၽန္ေတာ္တို႔ရဲ႕ ဦးတည္ခ်က္က အိႏၵိယမွာ လုပ္ငန္းေတြတိုးခ်ဲ႕ဖို႔ပဲျဖစ္ပါတယ္။ ‘Phantom’ ဟာ ကြၽန္ေတာ္တို႔ သုေတတနနဲ႔ဖြံ႕ၿဖိဳးေရးဌာနရဲ႕ လုပ္ငန္း ကြၽမ္း က်င္မႈစြမ္းရည္ကို သက္ေသျပတဲ့ ဆန္းသစ္တီထြင္မႈေတြေၾကာင့္ ကမာၻတစ္လႊားနာမည္ေက်ာ္ၾကားတဲ့ အထင္ကရ ထုတ္ ကုန္တစ္ခုျဖစ္ပါတယ္။ မၾကာခင္မွာလည္း ကြၽန္ေတာ္တို႔ရဲ႕ ကမာၻ႔ထုတ္ကုန္တခ်ိဳ႕နဲ႔ မိတ္ဆက္ေပးမွာပါ။ ဒါ့အျပင္ အိႏၵိယ ျပည္သူျပည္သားေတြရဲ႕ ျပည္တြင္းအျမင္ကို အေျခခံတဲ့ ‘အိႏၵိယ-ပထမ India-first’ ကုန္ပစၥည္းေတြကို တိုးခ်ဲ႕ေဖာ္ ေဆာင္သြားမွာျဖစ္ပါတယ္။” ဟု ေျပာၾကားေဝမွ်ခဲ့ပါသည္။

Flipkart ႏွင့္ လုပ္ငန္းမိတ္ဖက္ေဆာင္႐ြက္မႈႏွင့္ ပတ္သက္ၿပီး “အိႏၵိယမွာ ကြၽန္ေတာ္တို႔ရဲ႕တည္ရွိမႈကို တိုးခ်ဲ႕သြားမွာျဖစ္ၿပီး ႏိုင္ငံတစ္နံတစ္လ်ားထြင္းေဖာက္ေရာက္ရွိခ်င္ပါတယ္။ TECNO ရဲ႕ စမတ္ဖုန္း ေတြ အိႏၵိယႏိုင္ငံတစ္ဝန္းမွာ ရရွိႏိုင္ဖို႔အတြက္ Flipkart နဲ႔ လုပ္ငန္းမိတ္ဖက္ေဆာင္႐ြက္မႈက အခရာပါပဲ” ဟု ေျပာၾကားခဲ့ပါသည္။

TECO ဖုန္းမ်ားကို Flipkart ႏွင့္ မိတ္ဆက္သည့္ အခမ္းအနားတြင္ Mobiles at Flipkart ၏ စီနီယာဒါ႐ိုက္တာ Mr. Aditya Soni က “ကမာၻတစ္ဝန္းက နာမည္ခိုင္ၿပီးသား အမွတ္တံဆိပ္ေတြရဲ႕ အေကာင္းဆုံးကမ္းလွမ္းခ်က္ေတြကို သုံးစြဲသူေတြထံ ေဆာင္ၾကဥ္းလာဖို႔ Flipkart က အထူးအာ႐ုံစိုက္ပါတယ္။ အိႏၵိယမွာ လူလတ္တန္းစားေတြရဲ႕လိုအပ္ခ်က္က ထိပ္တန္း Feature ေတြကို ေဈးႏႈန္းအသင့္အတင့္နဲ႔ရလိုၾကတာေၾကာင့္ Phantom series သစ္စတင္ဝင္ေရာက္လာမႈက သုံးစြဲသူေတြ အတြက္ အံကိုက္ျဖစ္ၿပီး အလားအလာအလြန္ေကာင္းပါတယ္။ Flipkart နဲ႔ TECNO တို႔ရဲ႕ ၃ ႏွစ္ၾကာ ပူးေပါင္းေဆာင္႐ြက္မႈက အိႏၵိယကပ္စတမ္မာေတြအတြက္ အဆင့္ျမင့္ထုတ္ကုန္ပစၥည္းနဲ႔ ဝန္ေဆာင္မႈေတြကိုေပၚထြက္လာေစပါလိမ့္မယ္။” ဟု ေျပာၾကားခဲ့ပါသည္။

အခမ္းအနားတြင္ City Football Group ၏ Senior Vice President of Partnerships ျဖစ္ေသာ Damian Willoughby က “ကမာၻ႔ထိပ္တန္းအဖြဲ႕အစည္းတစ္ခုနဲ႔ လုပ္ငန္းမိတ္ဖက္ေဆာင္႐ြက္ရတဲ့အတြက္ Manchester City က ဂုဏ္ယူမိပါ တယ္။ TECNO Mobile နဲ႔ တည္ေဆာက္ထားၿပီးသား လုပ္ငန္းမိတ္ဖက္ေဆာင္႐ြက္မႈကို ထပ္ၿပီး သက္တမ္းတိုးျမႇင့္ေၾကာင္း ထုတ္ျပန္ေၾကညာရတာ ပီတိျဖစ္ရပါတယ္။ လြန္ခဲ့တဲ့ ၃ ႏွစ္တာ ကာလအတြင္းမွာ ကမာၻတလႊားက ပရိသတ္ေတြ အထူး သျဖင့္ အိႏၵိယကသုံးစြဲသူေတြကို အခ်င္းခ်င္းဆက္ႏႊယ္ခ်ိတ္ဆက္မိၿပီး ေဖ်ာ္ေျဖမႈေပးႏိုင္တဲ့ ဆန္းသစ္တီထြင္မႈမ်ားစြာကို အတူပူးေပါင္းေဆာင္႐ြက္ၿပီးၾကပါၿပီ။ TECNO အေနနဲ႔ အားေပးသူပရိသတ္ေတြအတြက္ ထူးျခားတဲ့အေတြ႕အႀကဳံကို ဖန္တီးေပးရင္း ေဘာလုံးအားကစားအေပၚ သူတို႔ရဲ႕ ခ်စ္ျမတ္ႏိုးမႈကို အစဥ္တစိုက္ ေဖာ္ျပေနပါတယ္။ ဒီအခ်က္ကို TECNO Race to Manchester City အစီအစဥ္မွာ လူဦးေရ ၂၀၀၀၀ ေက်ာ္ Sign up လုပ္တာက သက္ေသျပေနပါတယ္။ ဒီတိုင္း ျပည္ရဲ႕ တိက်တဲ့ဆန္းသစ္တီထြင္မႈကို ေျပာပါဆိုရင္ေတာ့ လုပ္ငန္းမိတ္ဖက္ ၂ ဦး အတူတကြလုပ္ငန္းေဆာင္႐ြက္ၾကတဲ့ ဥပမာေကာင္းကို ေျပာရမွာပါပဲ။ ဒီေအာင္ျမင္တဲ့ လုပ္ငန္းပူးေပါင္းေဆာင္႐ြက္မႈကို ဆက္လက္ေဆာင္႐ြက္ရတဲ့အတြက္ ဝမ္းေျမာက္ေပ်ာ္႐ႊင္ပါတယ္။” ဟု ေျပာၾကားခဲ့ပါသည္။

လက္ေဗြဖတ္အာ႐ုံခံကိရိယာႏွင့္ စတင္မိတ္ဆက္ေပးျခင္း

PHANTOM 9 သည္ အစိတ္အပိုင္းေပါင္း 15K segment တြင္ လက္ေဗြဖတ္အာ႐ုံခံကိရိယာ In-display ပါဝင္သည့္ ပထမ ဆုံးေသာ စမတ္ဖုန္း ျဖစ္လာပါၿပီ။ ၎သည္ အလင္းေရာင္ကိုတုန႔္ျပန္လြယ္ေသာ လက္ေဗြဖတ္နည္းပညာကို ေပါင္းစပ္ ထည့္သြင္းထားၿပီး ဖုန္းကိုလ်င္ျမန္လုံၿခဳံစြာ ပိတ္ႏိုင္ရန္အတြက္ ဖုန္းမ်က္ႏွာျပင္ေအာက္တြင္ မွန္ဘီလူးမ်ားကို အသုံးျပဳထား ပါသည္။

AI အေနာက္ကင္မရာ ၃ လုံးျဖင့္ အကန႔္အသတ္မဲ့ ႐ိုက္ႏိုင္ျခင္း

PHANTOM 9 တြင္ ယေန႔ေခတ္ စမတ္ဖုန္းမ်ား၌ ရရွိႏိုင္ေသာ အဆင့္ျမင့္ ကင္မရာ ၃ လုံးတြဲလ်က္ ပါရွိပါသည္။ က်ယ္ဝန္းေသာအလင္းဝင္ေပါက္ aperture f/1.8 ရွိသည့္ 16MP ပင္ရင္းကင္မရာ၊ အထူးျပည့္စုံေကာင္းမြန္ေသာ ပုံမ်ားကို႐ိုက္ကူးႏိုင္မည့္ အေသးစိတ္ အာ႐ုံခံႏိုင္ေသာ 2MP မွန္ဘီလူး၊ ထို႔ထက္အထူးပိုေကာင္းသည္ကား ၂.၅ မီတာ အတြင္း အရာဝတၳဳမ်ားကို အထူးအေသးစိတ္ ဆုံခ်က္ထားၿပီး အထူးစြမ္းေဆာင္မႈေပးႏိုင္ေသာ 8MP 120’ Ultra-Wide Lens တို႔ကို ေပါင္းစပ္ထည့္သြင္းထားျခင္းျဖစ္ပါသည္။ ထို႔ျပင္ ေပၚလာေသာသတင္းအခ်က္အလက္မ်ားကို အလို အေလ်ာက္ စနစ္တက် ခြဲျခားေဖာ္ထုတ္ေပးႏိုင္သည့္ Google Lens features ကိုလည္း ထည့္သြင္းေပးထားပါသည္။

AI selfie camera ျဖင့္ အေမွာင္ကို အံတုၿပီး ကန႔္သတ္ထားမႈကို ေရွာင္ရွားႏိုင္ျခင္း

ဆဲလ္ဖီဆြဲျခင္းႏွစ္သက္သူဆိုပါက ေသခ်ာေပါက္အႀကိဳက္ေတြ႕မည္ျဖစ္သည္။ PHANTOM 9 ၏ အေရွ႕ကင္မရာသည္ ကင္မရာနည္းပညာ၏ ဒုတိယမ်ိဳးဆက္ျဖစ္ေသာ၊ ပုံရိပ္ပီသမႈ High-Definition Resolution ျမင့္မားေသာ 32MP High Resolution Selfie Camera ကို တပ္ဆင္ထားပါသည္။ Hair Crack Dual Flashlight က မည္သည့္႐ိုက္ကူးမႈမ်ိဳးမဆို အထူးသျဖင့္ အလင္းေရာင္မွိန္ေနခ်ိန္တြင္ပင္ ရင္သပ္ရႈေမာဖြယ္ ေတာက္ပေသာ ဆဲလ္ဖီပုံမ်ားကို ရရွိေစမည္ျဖစ္ပါသည္။

ၿပိဳင္ဘက္ကင္းေသာ ၿပီးျပည့္စုံသည့္ ျမင္ကြင္းကို ခံစားႏိုင္ျခင္း

၆.၄ လက္မအ႐ြယ္ရွိ မ်က္ႏွာျပင္တြင္ ၁၉.၅း ၉ အခ်ိဳးအဆရွိ ျမင္ကြင္းအျပည့္ ျပသႏိုင္မႈေၾကာင့္ PHANTOM 9 ျဖင့္ ဗီဒီယို ၾကည့္ရႈျခင္းသည္ ေပ်ာ္႐ႊင္ဖြယ္ေကာင္းေသာ အေတြ႕အႀကဳံတစ္ခုျဖစ္ပါသည္။ ေတာက္ပမႈ FHD+ AMOLED, 600 Nits ႏွင့္ ဖုန္းကိုယ္ထည္၏ ၉၁.၄ ရာခိုင္ႏႈန္းရွိေသာ မ်က္ႏွာျပင္တို႔ေၾကာင့္ သုံးစြဲၾကည့္ရႈသူမ်ားအတြက္ ျမင္ကြင္း ပိုမိုက်ယ္ျပန႔္ စြာ ျမင္ရေစပါသည္။ အလ်ားလိုက္ landscape mode ၊ ႐ုပ္ရွင္ၾကည့္ျခင္း၊ ဂိမ္းကစားျခင္းတို႔က ပိုမိုဆြဲေဆာင္မႈရွိလာေစ ပါသည္။ အတိုခ်ဳပ္အားျဖင့္ ပညာရွင္တစ္ဦးကဲ့သို႔ အလုပ္မ်ိဳးစုံကို ဆက္တိုက္ ေဆာင္႐ြက္ႏိုင္ပါမည္။

လွပေသာဒီဇိုင္းျဖင့္ တန္ဆာဆင္ထားျခင္း

PHANTOM 9 သည္ သူ႔က႑ႏွင့္သူ အလွပဆုံးစမတ္ဖုန္းျဖစ္သည္ဟုေျပာလွ်င္ မွားမည္မဟုတ္ပါ။ ေနာက္ေက်ာဘက္ကို မိုးေသာက္အာ႐ုံဦး၏ အလင္းေရာင္ႏွင့္ မိုးေရစက္မ်ားကို S ပုံသႏၲာန္ ထူးဆန္းအံ့ၾသဖြယ္ သုံးဖက္ျမင္ Nano-Holographic လိုင္းေၾကာင္းမ်ားျဖင့္ ပုံေဖာ္ထားပါသည္။ ကိုယ္ထည္အထူ ၇.၇၅ မီလီမီတာသာရွိရာ အလြန္းပါးလႊာၿပီး အေလးခ်ိန္မွာ လည္း ၁၆၄ ဂရမ္ သာရွိ၍ အလြန္ေပါ့ပါးပါသည္။ ကိုယ္ထည္ေထာင့္ခ်ိဳးမ်ားသည္ ၄၀ ဒီဂရီအခုံးရွိ၍ ေထာင့္ေနရာ မ်ားတြင္ ေျပျပစ္ေသာ Fluidic Design ျဖစ္ၿပီး လက္ထဲတြင္ အလြယ္တကူ သက္ေသာင့္သက္သာ ကိုင္ထားႏိုင္ေသာ ေခ်ာမြတ္သည့္ အနားစြန္းမ်ားျဖင့္ ပုံေဖာ္ထားပါသည္။

သိမ္းဆည္း သိုေလွာင္ထားႏိုင္သည့္ storage ပမာဏအတြက္ စိတ္ပူရန္မလိုျခင္း

အကယ္၍ storage ကို တားျမစ္ခံထားရဖူးလ်င္ ထိုတားျမစ္ခ်က္မ်ားကို ေက်ာ္လႊားႏိုင္ပါၿပီ။ PHANTOM 9 ႏွင့္ဆိုလွ်င္ သင္အလိုရွိရာမွန္သမွ်ကို ကလစ္လုပ္ၿပီး သိမ္းထားႏိုင္ပါသည္။ 12nm နည္းပညာ၊ သိုေလွာင္ႏိုင္မႈ internal storage 6GB RAM ႏွင့္ 128GB တို႔ကို အေျခခံၿပီး 2.3GHz Octa-Core Helio P35 processor အသုံးျပဳထားေသာေၾကာင့္ ဤဖုန္းကို ယုံၾကည္စိတ္ခ်စြာ အားထားႏိုင္ပါသည္။ 12nm နည္းပညာက စမတ္ဖုန္းကို ပိုမိုျမန္ဆန္ေစရန္ႏွင့္ ပါဝါစြမ္းအားျပည့္သုံးႏိုင္ ေအာင္ပံ့ပိုးကူညီေပးပါသည္။ သင္လိုအပ္သည္ဟုထင္ေသာ Storage ပမာဏ အကုန္သုံးၿပီးလိုက္လွ်င္လည္း microSD card slot မွ တစ္ဆင့္ 256 GB အထိ ထပ္တိုးႏိုင္ပါသည္။

ဘကၳရီႏွင့္အားသြင္းရန္အတြက္ စိတ္ပူရန္မလိုဘဲ သေဘာရွိဓာတ္ပုံ႐ိုက္ကူးႏိုင္ျခင္း

PHANTOM 9 တြင္ 3500mAh ဘကၳရီပါဝင္ရာ အားမသြင္းဘဲ ဓာတ္ပုံမ်ားမနားတမ္း ႐ိုက္ကူးေနေသာ္လည္း အလြယ္တကူ အားကုန္သြားျခင္း မရွိႏိုင္ပါ။

ေပးရေသာေငြတန္ဖိုးႏွင့္ ထိုက္တန္သည့္ ေဈးႏႈန္းရွိျခင္း

TECNO PHANTOM 9 ကို အိႏၵိယ႐ူးပီး ၁၄၉၉၉ သတ္မွတ္ထားၿပီး ဇူလိုင္လ ၁၇ ရက္ေန႔မွစ၍ Flipkart India မွတစ္ဆင့္ ဝယ္ယူႏိုင္ပါသည္။ TECNO စမတ္ဖုန္းမ်ားအားလုံးကို “၁၁၁” အစီအစဥ္ျဖင့္ ထူးထူးျခားျခားဝယ္ယူႏိုင္ရာ ေျခာက္လတြင္ screen ၁ ႀကိမ္လဲေပးျခင္း၊ ရက္ ၁၀၀ အခမဲ့အစားထိုးလဲေပးျခင္း၊ ပစၥည္းအာမခံကာလ ၁ လထပ္တိုးျခင္း မ်ား ရရွိ ခံစားႏိုင္ပါသည္။

[Unicode]

TECNO သည် နာမည်ကျော် PHANTOM 9 ကို မိတ်ဆက်ကမ်းလှမ်းပေးခြင်းဖြင့် E-commerce နယ်ပယ်သို့ စတင်ဝင်ရောက်

Phantom 9 ကို Flipkart နှင့်အတူပူးတွဲပြီး အိန္ဒိယရူပီး ၁၄၉၉၉ (၂၁၉ ဒေါ်လာ) ဖြင့် အိန္ဒိယတွင် မိတ်ဆက်ဖြန့်ချိလိုက်သည်။ လက်ဗွေဖတ်အာရုံခံကိရိယာပါဝင်ပြီး 6GB RAM ရှိသည့် TECNO PHANTOM 9 ကို အိန္ဒိယရူပီး ၁၄၉၉၉ (၂၁၉ ဒေါ်လာ) ဖြင့် ရောင်းချသွားမည်။

ကမ္ဘာ့အထင်ကရ PHANTOM 9 ကို Flipkart တွင် ရရှိနိုင်ပြီဖြစ်ကြောင်း မိတ်ဆက်ပေးခြင်းဖြင့် E-commerce နယ်ပယ်သို့ စတင်ဝင်ရောက်မည့် အစီအစဉ်ကို ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ် တံဆိပ်ဖြစ်သော TECNO Mobile က ယနေ့ထုတ်ပြန်ကြေညာလိုက်ပါသည်။ အန်ဒက်စ်အဲရိုစီးတီး တွင် ကျင်းပခဲ့သော ကမ္ဘာ့လုပ်ငန်းမိတ်ဖက်တွေ့ဆုံပွဲကာလအတွင်း၌ ထိပ်တန်းမိုဘိုင်းလ်ဖုန်းအမှတ်တံဆိပ်ဖြစ်သော TECNO Mobile နှင့် ပရီးမီးယားလိဂ်၏ မန်ချက်စတာစီးတီးတို့ အကြား လုပ်ငန်းမိတ်ဖက်ဆောင်ရွက်မှု သက်တမ်းတိုးမြှင့်ခြင်း လက်မှတ်ရေး ထိုးခြင်းကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ မိတ်ဖက်လုပ်ငန်းနှစ်ဖက်မှ ကိုယ်စားလှယ်များသည် ၂၀၁၉ ခုနှစ် ဇူလိုင် ၁၀ ရက်မှစတင်ပြီး စက်တင်ဘာ ၇ ရက်နေ့တွင် ပြီးဆုံးမည့် ရက် ၆၀ အစီအစဉ် ‘TECNO Race to Manchester City’ ကိုလည်း ကျင်းပခဲ့ကြပါသည်။

လူများစုအနေဖြင့် အဆင့်မြင့်နည်းပညာကို စိတ်ဝင်စားနိုင်သည့် ဈေးနှုန်းဖြင့် ရရှိသုံးစွဲနိုင်ပြီး သူတို့၏ လတ်တလော ကန့်သတ်ခံထားရမှုများကို ကျော်လွန်ကာ ကမ္ဘာကြီး၏ဖြစ်နိုင်ခြေများကို ရှာဖွေနိုင်စေမည်ဟူသော ကတိကဝတ်ကို အထူးဇောင်းပေးလုပ်ဆောင်ခြင်းဖြင့် အိန္ဒိယနိုင်ငံကို ဦးစားပေးဈေးကွက်ဖြစ်လာအောင် ဦးစားပေးဆောင်ရွက်မည့် TECNO ၏ ဒဿနအမြင် ‘ပိုမိုမျှော်လင့်ထားခြင်း – Expect More’ ကို ယနေ့အခမ်းအနားတွင် ထုတ်ဖော်ပြသခဲ့ပါသည်။

ကမ္ဘာတစ်ဝန်း TECNO ၏ရင်းနှီးမြှုပ်နှံမှုတွင် အဓိကကဏ္ဍ ၃ ရပ်ရှိရာ ၎င်းတို့မှာ လူငယ်များအတွက်ရည်ရွယ်သည့် (အလင်းရောင်မှိန်ဖျော့နေချိန်တွင်ပင် ပုံကောင်းထွက်စေသည့်) AI ကင်မရာ ‘SPARK’ ၊ ထူးခြားကောင်းမွန်သော selfie ကင်မရာ feature များပါရှိသည့် လူကြိုက်များထင်ရှားသော ‘CAMON’ ကင်မရာ စီးရီး နှင့် TECNO ၏ အထင်ကရ ‘PHANTOM’ တို့ ဖြစ်ပါသည်။ TECNO ‘Phantom 9’ သည် စတိုင်လ်နှင့် စွမ်းဆောင်ရည် ကို မျှခြေညီအောင်ထိန်း ထားပါသည်။ မိမိတို့၏အိတ်ကပ်ထဲထည့်မထားဘဲ အဆင့်မြင့် Feature များနှင့်အတူ စတိုင်လ်ကျနေစေရန် အပေးအယူ ထပ်မလုပ်လိုသူ ထောင်စုနှစ်ခေတ် နည်းပညာစွဲမက်သူများအတွက် ဒီဇိုင်းဖော်ထားပါသည်။ PHANTOM 9 တွင် ဂုဏ်ယူစရာ ပထမများ ပါဝင်ပါသည်။ အစိတ်အပိုင်းပေါင်း 15K segment တွင် လက်ဗွေဖတ်အာရုံခံကိရိယာ In-display ပါဝင်သည့် ပထမဆုံးသော စမတ်ဖုန်း၊ ဖုန်းမျက်နှာပြင်အပြည့် ပြသပြီး ရှေ့ဘက် Dual Flashlight ပါဝင်သည့် ပထမဆုံးသော စမတ်ဖုန်း၊ နံနက်မိုးသောက်ချိန်သဘာဝကောင်းကင်အရောင် Aurora စတိုင်လ် စိတ်ကူးကွန့်မြူးဖန်တီးထားသည့် ပထမဆုံးသော စမတ်ဖုန်း ဖြစ်ပါသည်။

TRANSSION India ၏ Chief Operating Officer ဖြစ်သော Mr. Marco Ma က အိန္ဒိယဈေးကွက်နှင့်ပတ်သက်သော သူ၏အမြင်နှင့် အလားအလာကို ပြောကြားရာ၌ “အရှေ့တောင်အာရှဒေသအတွက် လုပ်ငန်းတိုးချဲ့တဲ့ အစီအစဉ်တွေမှာ အိန္ဒိယဟာ ကျွန်တော်တို့ရဲ့ ထိပ်တန်းဦးစားပေးဈေးကွက်တစ်ခုပါ။ ဒီဒုတိယနှစ်ဝက်မှာ ကျွန်တော်တို့ရဲ့ ဦးတည်ချက်က အိန္ဒိယမှာ လုပ်ငန်းတွေတိုးချဲ့ဖို့ပဲဖြစ်ပါတယ်။ ‘Phantom’ ဟာ ကျွန်တော်တို့ သုတေတနနဲ့ဖွံ့ဖြိုးရေးဌာနရဲ့ လုပ်ငန်း ကျွမ်း ကျင်မှုစွမ်းရည်ကို သက်သေပြတဲ့ ဆန်းသစ်တီထွင်မှုတွေကြောင့် ကမ္ဘာတစ်လွှားနာမည်ကျော်ကြားတဲ့ အထင်ကရ ထုတ် ကုန်တစ်ခုဖြစ်ပါတယ်။ မကြာခင်မှာလည်း ကျွန်တော်တို့ရဲ့ ကမ္ဘာ့ထုတ်ကုန်တချို့နဲ့ မိတ်ဆက်ပေးမှာပါ။ ဒါ့အပြင် အိန္ဒိယ ပြည်သူပြည်သားတွေရဲ့ ပြည်တွင်းအမြင်ကို အခြေခံတဲ့ ‘အိန္ဒိယ-ပထမ India-first’ ကုန်ပစ္စည်းတွေကို တိုးချဲ့ဖော် ဆောင်သွားမှာဖြစ်ပါတယ်။” ဟု ပြောကြားဝေမျှခဲ့ပါသည်။

Flipkart နှင့် လုပ်ငန်းမိတ်ဖက်ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး “အိန္ဒိယမှာ ကျွန်တော်တို့ရဲ့တည်ရှိမှုကို တိုးချဲ့သွားမှာဖြစ်ပြီး နိုင်ငံတစ်နံတစ်လျားထွင်းဖောက်ရောက်ရှိချင်ပါတယ်။ TECNO ရဲ့ စမတ်ဖုန်း တွေ အိန္ဒိယနိုင်ငံတစ်ဝန်းမှာ ရရှိနိုင်ဖို့အတွက် Flipkart နဲ့ လုပ်ငန်းမိတ်ဖက်ဆောင်ရွက်မှုက အခရာပါပဲ” ဟု ပြောကြားခဲ့ပါသည်။

TECO ဖုန်းများကို Flipkart နှင့် မိတ်ဆက်သည့် အခမ်းအနားတွင် Mobiles at Flipkart ၏ စီနီယာဒါရိုက်တာ Mr. Aditya Soni က “ကမ္ဘာတစ်ဝန်းက နာမည်ခိုင်ပြီးသား အမှတ်တံဆိပ်တွေရဲ့ အကောင်းဆုံးကမ်းလှမ်းချက်တွေကို သုံးစွဲသူတွေထံ ဆောင်ကြဉ်းလာဖို့ Flipkart က အထူးအာရုံစိုက်ပါတယ်။ အိန္ဒိယမှာ လူလတ်တန်းစားတွေရဲ့လိုအပ်ချက်က ထိပ်တန်း Feature တွေကို ဈေးနှုန်းအသင့်အတင့်နဲ့ရလိုကြတာကြောင့် Phantom series သစ်စတင်ဝင်ရောက်လာမှုက သုံးစွဲသူတွေ အတွက် အံကိုက်ဖြစ်ပြီး အလားအလာအလွန်ကောင်းပါတယ်။ Flipkart နဲ့ TECNO တို့ရဲ့ ၃ နှစ်ကြာ ပူးပေါင်းဆောင်ရွက်မှုက အိန္ဒိယကပ်စတမ်မာတွေအတွက် အဆင့်မြင့်ထုတ်ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကိုပေါ်ထွက်လာစေပါလိမ့်မယ်။” ဟု ပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် City Football Group ၏ Senior Vice President of Partnerships ဖြစ်သော Damian Willoughby က “ကမ္ဘာ့ထိပ်တန်းအဖွဲ့အစည်းတစ်ခုနဲ့ လုပ်ငန်းမိတ်ဖက်ဆောင်ရွက်ရတဲ့အတွက် Manchester City က ဂုဏ်ယူမိပါ တယ်။ TECNO Mobile နဲ့ တည်ဆောက်ထားပြီးသား လုပ်ငန်းမိတ်ဖက်ဆောင်ရွက်မှုကို ထပ်ပြီး သက်တမ်းတိုးမြှင့်ကြောင်း ထုတ်ပြန်ကြေညာရတာ ပီတိဖြစ်ရပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်းမှာ ကမ္ဘာတလွှားက ပရိသတ်တွေ အထူး သဖြင့် အိန္ဒိယကသုံးစွဲသူတွေကို အချင်းချင်းဆက်နွှယ်ချိတ်ဆက်မိပြီး ဖျော်ဖြေမှုပေးနိုင်တဲ့ ဆန်းသစ်တီထွင်မှုများစွာကို အတူပူးပေါင်းဆောင်ရွက်ပြီးကြပါပြီ။ TECNO အနေနဲ့ အားပေးသူပရိသတ်တွေအတွက် ထူးခြားတဲ့အတွေ့အကြုံကို ဖန်တီးပေးရင်း ဘောလုံးအားကစားအပေါ် သူတို့ရဲ့ ချစ်မြတ်နိုးမှုကို အစဉ်တစိုက် ဖော်ပြနေပါတယ်။ ဒီအချက်ကို TECNO Race to Manchester City အစီအစဉ်မှာ လူဦးရေ ၂၀၀၀၀ ကျော် Sign up လုပ်တာက သက်သေပြနေပါတယ်။ ဒီတိုင်း ပြည်ရဲ့ တိကျတဲ့ဆန်းသစ်တီထွင်မှုကို ပြောပါဆိုရင်တော့ လုပ်ငန်းမိတ်ဖက် ၂ ဦး အတူတကွလုပ်ငန်းဆောင်ရွက်ကြတဲ့ ဥပမာကောင်းကို ပြောရမှာပါပဲ။ ဒီအောင်မြင်တဲ့ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ဆောင်ရွက်ရတဲ့အတွက် ဝမ်းမြောက်ပျော်ရွှင်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

လက်ဗွေဖတ်အာရုံခံကိရိယာနှင့် စတင်မိတ်ဆက်ပေးခြင်း

PHANTOM 9 သည် အစိတ်အပိုင်းပေါင်း 15K segment တွင် လက်ဗွေဖတ်အာရုံခံကိရိယာ In-display ပါဝင်သည့် ပထမ ဆုံးသော စမတ်ဖုန်း ဖြစ်လာပါပြီ။ ၎င်းသည် အလင်းရောင်ကိုတုန့်ပြန်လွယ်သော လက်ဗွေဖတ်နည်းပညာကို ပေါင်းစပ် ထည့်သွင်းထားပြီး ဖုန်းကိုလျင်မြန်လုံခြုံစွာ ပိတ်နိုင်ရန်အတွက် ဖုန်းမျက်နှာပြင်အောက်တွင် မှန်ဘီလူးများကို အသုံးပြုထား ပါသည်။

AI အနောက်ကင်မရာ ၃ လုံးဖြင့် အကန့်အသတ်မဲ့ ရိုက်နိုင်ခြင်း

PHANTOM 9 တွင် ယနေ့ခေတ် စမတ်ဖုန်းများ၌ ရရှိနိုင်သော အဆင့်မြင့် ကင်မရာ ၃ လုံးတွဲလျက် ပါရှိပါသည်။ ကျယ်ဝန်းသောအလင်းဝင်ပေါက် aperture f/1.8 ရှိသည့် 16MP ပင်ရင်းကင်မရာ၊ အထူးပြည့်စုံကောင်းမွန်သော ပုံများကိုရိုက်ကူးနိုင်မည့် အသေးစိတ် အာရုံခံနိုင်သော 2MP မှန်ဘီလူး၊ ထို့ထက်အထူးပိုကောင်းသည်ကား ၂.၅ မီတာ အတွင်း အရာဝတ္ထုများကို အထူးအသေးစိတ် ဆုံချက်ထားပြီး အထူးစွမ်းဆောင်မှုပေးနိုင်သော 8MP 120’ Ultra-Wide Lens တို့ကို ပေါင်းစပ်ထည့်သွင်းထားခြင်းဖြစ်ပါသည်။ ထို့ပြင် ပေါ်လာသောသတင်းအချက်အလက်များကို အလို အလျောက် စနစ်တကျ ခွဲခြားဖော်ထုတ်ပေးနိုင်သည့် Google Lens features ကိုလည်း ထည့်သွင်းပေးထားပါသည်။

AI selfie camera ဖြင့် အမှောင်ကို အံတုပြီး ကန့်သတ်ထားမှုကို ရှောင်ရှားနိုင်ခြင်း

ဆဲလ်ဖီဆွဲခြင်းနှစ်သက်သူဆိုပါက သေချာပေါက်အကြိုက်တွေ့မည်ဖြစ်သည်။ PHANTOM 9 ၏ အရှေ့ကင်မရာသည် ကင်မရာနည်းပညာ၏ ဒုတိယမျိုးဆက်ဖြစ်သော၊ ပုံရိပ်ပီသမှု High-Definition Resolution မြင့်မားသော 32MP High Resolution Selfie Camera ကို တပ်ဆင်ထားပါသည်။ Hair Crack Dual Flashlight က မည်သည့်ရိုက်ကူးမှုမျိုးမဆို အထူးသဖြင့် အလင်းရောင်မှိန်နေချိန်တွင်ပင် ရင်သပ်ရှုမောဖွယ် တောက်ပသော ဆဲလ်ဖီပုံများကို ရရှိစေမည်ဖြစ်ပါသည်။

ပြိုင်ဘက်ကင်းသော ပြီးပြည့်စုံသည့် မြင်ကွင်းကို ခံစားနိုင်ခြင်း

၆.၄ လက်မအရွယ်ရှိ မျက်နှာပြင်တွင် ၁၉.၅း ၉ အချိုးအဆရှိ မြင်ကွင်းအပြည့် ပြသနိုင်မှုကြောင့် PHANTOM 9 ဖြင့် ဗီဒီယို ကြည့်ရှုခြင်းသည် ပျော်ရွှင်ဖွယ်ကောင်းသော အတွေ့အကြုံတစ်ခုဖြစ်ပါသည်။ တောက်ပမှု FHD+ AMOLED, 600 Nits နှင့် ဖုန်းကိုယ်ထည်၏ ၉၁.၄ ရာခိုင်နှုန်းရှိသော မျက်နှာပြင်တို့ကြောင့် သုံးစွဲကြည့်ရှုသူများအတွက် မြင်ကွင်း ပိုမိုကျယ်ပြန့် စွာ မြင်ရစေပါသည်။ အလျားလိုက် landscape mode ၊ ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်းတို့က ပိုမိုဆွဲဆောင်မှုရှိလာစေ ပါသည်။ အတိုချုပ်အားဖြင့် ပညာရှင်တစ်ဦးကဲ့သို့ အလုပ်မျိုးစုံကို ဆက်တိုက် ဆောင်ရွက်နိုင်ပါမည်။

လှပသောဒီဇိုင်းဖြင့် တန်ဆာဆင်ထားခြင်း

PHANTOM 9 သည် သူ့ကဏ္ဍနှင့်သူ အလှပဆုံးစမတ်ဖုန်းဖြစ်သည်ဟုပြောလျှင် မှားမည်မဟုတ်ပါ။ နောက်ကျောဘက်ကို မိုးသောက်အာရုံဦး၏ အလင်းရောင်နှင့် မိုးရေစက်များကို S ပုံသန္တာန် ထူးဆန်းအံ့သြဖွယ် သုံးဖက်မြင် Nano-Holographic လိုင်းကြောင်းများဖြင့် ပုံဖော်ထားပါသည်။ ကိုယ်ထည်အထူ ၇.၇၅ မီလီမီတာသာရှိရာ အလွန်းပါးလွှာပြီး အလေးချိန်မှာ လည်း ၁၆၄ ဂရမ် သာရှိ၍ အလွန်ပေါ့ပါးပါသည်။ ကိုယ်ထည်ထောင့်ချိုးများသည် ၄၀ ဒီဂရီအခုံးရှိ၍ ထောင့်နေရာ များတွင် ပြေပြစ်သော Fluidic Design ဖြစ်ပြီး လက်ထဲတွင် အလွယ်တကူ သက်သောင့်သက်သာ ကိုင်ထားနိုင်သော ချောမွတ်သည့် အနားစွန်းများဖြင့် ပုံဖော်ထားပါသည်။

သိမ်းဆည်း သိုလှောင်ထားနိုင်သည့် storage ပမာဏအတွက် စိတ်ပူရန်မလိုခြင်း

အကယ်၍ storage ကို တားမြစ်ခံထားရဖူးလျင် ထိုတားမြစ်ချက်များကို ကျော်လွှားနိုင်ပါပြီ။ PHANTOM 9 နှင့်ဆိုလျှင် သင်အလိုရှိရာမှန်သမျှကို ကလစ်လုပ်ပြီး သိမ်းထားနိုင်ပါသည်။ 12nm နည်းပညာ၊ သိုလှောင်နိုင်မှု internal storage 6GB RAM နှင့် 128GB တို့ကို အခြေခံပြီး 2.3GHz Octa-Core Helio P35 processor အသုံးပြုထားသောကြောင့် ဤဖုန်းကို ယုံကြည်စိတ်ချစွာ အားထားနိုင်ပါသည်။ 12nm နည်းပညာက စမတ်ဖုန်းကို ပိုမိုမြန်ဆန်စေရန်နှင့် ပါဝါစွမ်းအားပြည့်သုံးနိုင် အောင်ပံ့ပိုးကူညီပေးပါသည်။ သင်လိုအပ်သည်ဟုထင်သော Storage ပမာဏ အကုန်သုံးပြီးလိုက်လျှင်လည်း microSD card slot မှ တစ်ဆင့် 256 GB အထိ ထပ်တိုးနိုင်ပါသည်။

ဘက္ထရီနှင့်အားသွင်းရန်အတွက် စိတ်ပူရန်မလိုဘဲ သဘောရှိဓာတ်ပုံရိုက်ကူးနိုင်ခြင်း

PHANTOM 9 တွင် 3500mAh ဘက္ထရီပါဝင်ရာ အားမသွင်းဘဲ ဓာတ်ပုံများမနားတမ်း ရိုက်ကူးနေသော်လည်း အလွယ်တကူ အားကုန်သွားခြင်း မရှိနိုင်ပါ။

ပေးရသောငွေတန်ဖိုးနှင့် ထိုက်တန်သည့် ဈေးနှုန်းရှိခြင်း

TECNO PHANTOM 9 ကို အိန္ဒိယရူးပီး ၁၄၉၉၉ သတ်မှတ်ထားပြီး ဇူလိုင်လ ၁၇ ရက်နေ့မှစ၍ Flipkart India မှတစ်ဆင့် ဝယ်ယူနိုင်ပါသည်။ TECNO စမတ်ဖုန်းများအားလုံးကို “၁၁၁” အစီအစဉ်ဖြင့် ထူးထူးခြားခြားဝယ်ယူနိုင်ရာ ခြောက်လတွင် screen ၁ ကြိမ်လဲပေးခြင်း၊ ရက် ၁၀၀ အခမဲ့အစားထိုးလဲပေးခြင်း၊ ပစ္စည်းအာမခံကာလ ၁ လထပ်တိုးခြင်း များ ရရှိ ခံစားနိုင်ပါသည်။