[Zawgyi]

TECNO ၏ POP 2s Pro ကို အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအနက္ ျမန္မာႏွင့္ ထိုင္း ႏွစ္ႏိုင္ငံတည္း တြင္သာ အထူးသီးသန႔္ စတင္ျဖန႔္ခ်ိၿပီး သုံးစြဲသူမ်ားအတြက္ ကုန္ရက်ိဳးနပ္ေစမည့္ ေ႐ြးခ်ယ္စရာ စမတ္ဖုန္းသစ္ ျဖစ္သည္။

ျမန္မာႏိုင္ငံမွ အစဥ္တစိုက္အားေပးေနသည့္ သုံးစြဲသူမ်ားအတြက္ ဖုန္းအမ်ိဳးအစားသစ္တစ္ခုႏွင့္ မိတ္ဆက္ေပးေသာအားျဖင့္ TECNO Mobile က 4G စမတ္ဖုန္း POP 2s Pro ကို အလြန္သင့္တင့္ ေသာေဈးႏႈန္းျဖင့္ ေဈးကြက္တြင္းသို႔ မိတ္ဆက္ ေပးလိုက္ပါသည္။ TECNO POP 2s Pro ကိုလည္း အၿမိဳ႕ၿမိဳ႕ အနယ္နယ္ရွိ ဖုန္းဆိုင္မ်ားတြင္ ဝယ္ယူႏိုင္ၿပီျဖစ္ေၾကာင္း သတင္းေကာင္းပါးလိုက္ပါသည္။

POP 2s Pro ၏ ေက်ာဖက္တြင္ Dual Flash Light ပါသည့္ အထူးေကာင္းမြန္ေသာ 13MP Dual Camera ႏွင့္ ေရွ႕ဖက္တြင္ 8MP AI Bokeh Selfie Camera တို႔ ပါဝင္ပါသည္။ ေန႔ေရာညပါ ဘက္စုံ သုံးႏိုင္သည့္ ကင္မရာသည္ လူမႈမီဒီယာတြင္ ျပန္လည္ေဝမွ်ႏိုင္မည့္ အေရာင္စိုလြင္ျမဴးႂကြသည့္ အလြန္ေကာင္း မြန္ေသာ ပုံရိပ္မ်ားျဖစ္ေအာင္ ဖမ္းယူေပးမည္ ျဖစ္ပါသည္။ POP 2s Pro ကင္မရာတြင္ ေနာက္ခံ Background ကို ဝါးေစၿပီး လူပုံရိပ္ကို ၾကည္လင္ျပတ္သားေအာင္ ဖန္တီးေပးသည့္ Bokeh Effect ပါ ဝင္သည့္ Portrait Mode ကို ထည့္သြင္း ေပးထားပါသည္။

TECNO မိုဘိုင္းလ္ျမန္မာ၏ Country Manager ျဖစ္ေသာ Mr. Jason Wang က “ပစၥည္းသစ္တစ္ခု ထုတ္လုပ္တိုင္းမွာ အထူးျပဳခ်က္ေတြ စြမ္းေဆာင္ရည္ေတြ ထည့္သြင္းေပးထားတဲ့ အရည္အေသြးျမင့္ စမတ္ဖုန္း ကို လက္လွမ္းမီႏိုင္တဲ့ေဈးႏႈန္းသတ္မွတ္ၿပီး ဝယ္ယူသုံးစြဲသူရဲ႕ အမ်ိဳးမ်ိဳးေသာ လိုအပ္ခ်က္ေတြကို စိတ္ေက်နပ္မႈရေအာင္ ျဖည့္ဆည္းေပးႏိုင္ဖို႔ ကြၽန္ေတာ္တို႔ အၿမဲတမ္းရည္မွန္းခ်က္ထားပါတယ္။ ကမာၻတလႊားမွာရွိတဲ့ ကြၽန္ေတာ္တို႔ရဲ႕ အစဥ္အားေပးေနတဲ့ သုံးစြဲသူေတြကို ေခတ္အမီဆုံးနည္းပညာေတြ အသုံးျပဳပံ့ပိုးထားၿပီး တျခားေသာအမွတ္ တံဆိပ္ပစၥည္းေတြနဲ႔မတူဘဲ ကြဲျပားျခားနားေနေအာင္ ေဆာင္႐ြက္ေပးဖို႔ ဆိုတာက ကြၽန္ေတာ္တို႔ထားရွိတဲ့ ကတိကဝတ္ပါ။ သုံးစြဲသူေတြရဲ႕စိတ္ေက်နပ္ၿပီးျပည့္စုံမႈနဲ႔ ကိုက္ညီေအာင္ အေကာင္းဆုံး ဆန္းသစ္တီထြင္မႈေတြ ကို စဥ္ဆက္မျပတ္ ႀကိဳးစား ဦးေဆာင္ေနပါတယ္။”

“POP 2s Pro ကိုယ္၌က Entry level စမတ္ဖုန္း ဆိုေပမယ့္ သုံးစြဲသူေတြဆီ လြယ္ကူေခ်ာေမြ႕တဲ့ အေတြ႕အႀကဳံေတြကို ကမ္းလွမ္းေပးႏိုင္ေအာင္အထူးစီမံထုတ္လုပ္ထားၿပီး POP Series အေရာင္းစင္ေတြေပၚ ေနာက္ဆုံးေရာက္ရွိလာတာပါ။ ေဈးသက္သာတဲ့ ဘတ္ဂ်က္ဖုန္းဆိုတာ သုံးစြဲသူေတြရမယ့္ user experience ကို ေလွ်ာ့ခ်လိုက္တာမ်ိဳး မဟုတ္ဘူးလို႔ ကြၽန္ေတာ္တို႔ အခိုင္အမာ ယုံၾကည္ထားပါတယ္။” ဟု ေျပာၾကားခဲ့ပါသည္။

POP 2s Pro ကို ပိုမိုလြယ္ကူေခ်ာေမြ႕ေစရန္အတြက္ အျမန္ႏႈန္း 2.0 GHz အထိ လုပ္ေဆာင္ႏိုင္ေသာ quad-core processor ပါရွိသည့္ MediaTek’s MT 6761 chipset ျဖင့္ လည္ပတ္ေစပါသည္။ ပုံရိပ္အရည္အေသြး 1440×720 pixels ျဖင့္ မ်က္ႏွာျပင္ ၅.၅ လက္မ FULLVIEW display ျပသႏိုင္မႈရွိၿပီး Android 8.1 system ေပၚ အေျခခံသည့္ HiOS 4.1 သုံးထားပါသည္။ ဖုန္းေျပာဆိုျခင္း၊ စာတိုေပးပို႔ျခင္း၊ လူမႈကြန္ရက္အသုံးျပဳျခင္းမွသည္ Browsing ျပဳလုပ္သည္အထိ သင့္ေလ်ာ္ေကာင္းမြန္ေအာင္ 2GB RAM ႏွင့္ 128GB အထိ ထပ္တိုးႏိုင္ေသာ 32GB ROM တို႔ျဖင့္ ဖန္တီးပုံေဖာ္ထားပါသည္။

ဖုန္းအတြက္ လုံၿခဳံစိတ္ခ်ရမႈ Security သည္ အဓိက Feature ျဖစ္ရာ POP 2s Pro တြင္ သုံးစြဲသူ၏ မ်က္ႏွာ ျဖင့္ဖြင့္ျခင္း Faceunlock ႏွင့္ လက္ေဗြသုံးၿပီးဖြင့္ျခင္း Fingerprint စသည့္ ေခတ္အမီဆုံး စမတ္ဖုန္း Security Feature မ်ားလည္းပါရွိပါသည္။ Faceunlock ျဖင့္ဆိုလွ်င္ ဝ.၄ စကၠန႔္တြင္ ဖြင့္ႏိုင္ၿပီး Fingerprint ျဖင့္ဆိုပါက ခ်က္ခ်င္းဆိုသလို ဝ.၁၅ စကၠန႔္ျဖင့္ ပြင့္ႏိုင္ပါသည္။

TECNO Mobile Myanmar သည္ သုံးစြဲသူမ်ား၏ လိုလားခ်က္ကို နားလည္ထားသည္ႏွင့္အညီ အားလုံး တတ္ႏိုင္ေလာက္ေသာေဈးႏႈန္းသတ္မွတ္ထားသည့္ POP 2s Pro တြင္ ဖုန္းေခၚဆိုျခင္း၊ အင္တာနက္အသုံး ျပဳျခင္းႏွင့္ လွ်ပ္တစ္ျပက္ပုံ ႐ိုက္ကူးျခင္းတို႔ ကဲ့သို႔ေသာ သာမန္အသုံးျပဳမႈမ်ားအတြက္ ၁၆ နာရီအထိအသုံးခံႏိုင္ေသာ 3050 mAh ဘကၳရီအမ်ိဳးအစားကို ထည့္သြင္းအသုံးျပဳထားပါသည္။

ဝယ္ယူရရွိႏိုင္မႈ

POP 2s Pro ကို ျမန္မာႏိုင္ငံရွိ မိုဘိုင္းဖုန္းဆိုင္မ်ားတြင္ ေဈးႏႈန္း ၁၅၃,၀၀၀ က်ပ္ျဖင့္ စတင္၍ ဝယ္ယူရရွိႏိုင္ပါၿပီ။ အေရာင္မ်ားအေနျဖင့္ Champagne Gold၊ Nebula Black၊ Bordeaux Red ႏွင့္ Midnight Black ဟူ၍ အေရာင္ ၄ မ်ိဳး ရရွိႏိုင္ပါသည္။

[Unicode]

ထူးကဲဆန်းသစ်လှသော 4G စမတ်ဖုန်း POP 2S PRO မြန်မာပြည် ဈေးကွက်ဝင်ရောက်

TECNO ၏ POP 2s Pro ကို အရှေ့တောင်အာရှနိုင်ငံများအနက် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံတည်း တွင်သာ အထူးသီးသန့် စတင်ဖြန့်ချိပြီး သုံးစွဲသူများအတွက် ကုန်ရကျိုးနပ်စေမည့် ရွေးချယ်စရာ စမတ်ဖုန်းသစ် ဖြစ်သည်။

မြန်မာနိုင်ငံမှ အစဉ်တစိုက်အားပေးနေသည့် သုံးစွဲသူများအတွက် ဖုန်းအမျိုးအစားသစ်တစ်ခုနှင့် မိတ်ဆက်ပေးသောအားဖြင့် TECNO Mobile က 4G စမတ်ဖုန်း POP 2s Pro ကို အလွန်သင့်တင့် သောဈေးနှုန်းဖြင့် ဈေးကွက်တွင်းသို့ မိတ်ဆက် ပေးလိုက်ပါသည်။ TECNO POP 2s Pro ကိုလည်း အမြို့မြို့ အနယ်နယ်ရှိ ဖုန်းဆိုင်များတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

POP 2s Pro ၏ ကျောဖက်တွင် Dual Flash Light ပါသည့် အထူးကောင်းမွန်သော 13MP Dual Camera နှင့် ရှေ့ဖက်တွင် 8MP AI Bokeh Selfie Camera တို့ ပါဝင်ပါသည်။ နေ့ရောညပါ ဘက်စုံ သုံးနိုင်သည့် ကင်မရာသည် လူမှုမီဒီယာတွင် ပြန်လည်ဝေမျှနိုင်မည့် အရောင်စိုလွင်မြူးကြွသည့် အလွန်ကောင်း မွန်သော ပုံရိပ်များဖြစ်အောင် ဖမ်းယူပေးမည် ဖြစ်ပါသည်။ POP 2s Pro ကင်မရာတွင် နောက်ခံ Background ကို ဝါးစေပြီး လူပုံရိပ်ကို ကြည်လင်ပြတ်သားအောင် ဖန်တီးပေးသည့် Bokeh Effect ပါ ဝင်သည့် Portrait Mode ကို ထည့်သွင်း ပေးထားပါသည်။

TECNO မိုဘိုင်းလ်မြန်မာ၏ Country Manager ဖြစ်သော Mr. Jason Wang က “ပစ္စည်းသစ်တစ်ခု ထုတ်လုပ်တိုင်းမှာ အထူးပြုချက်တွေ စွမ်းဆောင်ရည်တွေ ထည့်သွင်းပေးထားတဲ့ အရည်အသွေးမြင့် စမတ်ဖုန်း ကို လက်လှမ်းမီနိုင်တဲ့ဈေးနှုန်းသတ်မှတ်ပြီး ဝယ်ယူသုံးစွဲသူရဲ့ အမျိုးမျိုးသော လိုအပ်ချက်တွေကို စိတ်ကျေနပ်မှုရအောင် ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်တော်တို့ အမြဲတမ်းရည်မှန်းချက်ထားပါတယ်။ ကမ္ဘာတလွှားမှာရှိတဲ့ ကျွန်တော်တို့ရဲ့ အစဉ်အားပေးနေတဲ့ သုံးစွဲသူတွေကို ခေတ်အမီဆုံးနည်းပညာတွေ အသုံးပြုပံ့ပိုးထားပြီး တခြားသောအမှတ် တံဆိပ်ပစ္စည်းတွေနဲ့မတူဘဲ ကွဲပြားခြားနားနေအောင် ဆောင်ရွက်ပေးဖို့ ဆိုတာက ကျွန်တော်တို့ထားရှိတဲ့ ကတိကဝတ်ပါ။ သုံးစွဲသူတွေရဲ့စိတ်ကျေနပ်ပြီးပြည့်စုံမှုနဲ့ ကိုက်ညီအောင် အကောင်းဆုံး ဆန်းသစ်တီထွင်မှုတွေ ကို စဉ်ဆက်မပြတ် ကြိုးစား ဦးဆောင်နေပါတယ်။”

“POP 2s Pro ကိုယ်၌က Entry level စမတ်ဖုန်း ဆိုပေမယ့် သုံးစွဲသူတွေဆီ လွယ်ကူချောမွေ့တဲ့ အတွေ့အကြုံတွေကို ကမ်းလှမ်းပေးနိုင်အောင်အထူးစီမံထုတ်လုပ်ထားပြီး POP Series အရောင်းစင်တွေပေါ် နောက်ဆုံးရောက်ရှိလာတာပါ။ ဈေးသက်သာတဲ့ ဘတ်ဂျက်ဖုန်းဆိုတာ သုံးစွဲသူတွေရမယ့် user experience ကို လျှော့ချလိုက်တာမျိုး မဟုတ်ဘူးလို့ ကျွန်တော်တို့ အခိုင်အမာ ယုံကြည်ထားပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

POP 2s Pro ကို ပိုမိုလွယ်ကူချောမွေ့စေရန်အတွက် အမြန်နှုန်း 2.0 GHz အထိ လုပ်ဆောင်နိုင်သော quad-core processor ပါရှိသည့် MediaTek’s MT 6761 chipset ဖြင့် လည်ပတ်စေပါသည်။ ပုံရိပ်အရည်အသွေး 1440×720 pixels ဖြင့် မျက်နှာပြင် ၅.၅ လက်မ FULLVIEW display ပြသနိုင်မှုရှိပြီး Android 8.1 system ပေါ် အခြေခံသည့် HiOS 4.1 သုံးထားပါသည်။ ဖုန်းပြောဆိုခြင်း၊ စာတိုပေးပို့ခြင်း၊ လူမှုကွန်ရက်အသုံးပြုခြင်းမှသည် Browsing ပြုလုပ်သည်အထိ သင့်လျော်ကောင်းမွန်အောင် 2GB RAM နှင့် 128GB အထိ ထပ်တိုးနိုင်သော 32GB ROM တို့ဖြင့် ဖန်တီးပုံဖော်ထားပါသည်။

ဖုန်းအတွက် လုံခြုံစိတ်ချရမှု Security သည် အဓိက Feature ဖြစ်ရာ POP 2s Pro တွင် သုံးစွဲသူ၏ မျက်နှာ ဖြင့်ဖွင့်ခြင်း Faceunlock နှင့် လက်ဗွေသုံးပြီးဖွင့်ခြင်း Fingerprint စသည့် ခေတ်အမီဆုံး စမတ်ဖုန်း Security Feature များလည်းပါရှိပါသည်။ Faceunlock ဖြင့်ဆိုလျှင် ဝ.၄ စက္ကန့်တွင် ဖွင့်နိုင်ပြီး Fingerprint ဖြင့်ဆိုပါက ချက်ချင်းဆိုသလို ဝ.၁၅ စက္ကန့်ဖြင့် ပွင့်နိုင်ပါသည်။

TECNO Mobile Myanmar သည် သုံးစွဲသူများ၏ လိုလားချက်ကို နားလည်ထားသည်နှင့်အညီ အားလုံး တတ်နိုင်လောက်သောဈေးနှုန်းသတ်မှတ်ထားသည့် POP 2s Pro တွင် ဖုန်းခေါ်ဆိုခြင်း၊ အင်တာနက်အသုံး ပြုခြင်းနှင့် လျှပ်တစ်ပြက်ပုံ ရိုက်ကူးခြင်းတို့ ကဲ့သို့သော သာမန်အသုံးပြုမှုများအတွက် ၁၆ နာရီအထိအသုံးခံနိုင်သော 3050 mAh ဘက္ထရီအမျိုးအစားကို ထည့်သွင်းအသုံးပြုထားပါသည်။

ဝယ်ယူရရှိနိုင်မှု

POP 2s Pro ကို မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်းဆိုင်များတွင် ဈေးနှုန်း ၁၅၃,၀၀၀ ကျပ်ဖြင့် စတင်၍ ဝယ်ယူရရှိနိုင်ပါပြီ။ အရောင်များအနေဖြင့် Champagne Gold၊ Nebula Black၊ Bordeaux Red နှင့် Midnight Black ဟူ၍ အရောင် ၄ မျိုး ရရှိနိုင်ပါသည်။