TECNO Mobile သည် ၎င်း၏အကျော်ကြားဆုံး Pouvoir စီးရီးကို POVA သို့ အမည်ပြောင်းလဲပြီး အရည်အသွေးကို ပိုမိုအဆင့်မြှင့်မည် ဖြစ်ကြောင်း ကြေငြာခဲ့သည်။ “Product Over Various Ambitions” ဟူသော ထုတ်ကုန်၏ မူလရည်ရွယ်ချက်နှင့်အညီ POVA စီးရီးသည် သုံးစွဲသူများ ၏ အဓိကအရေးပါသော အရာအားလုံးကို ဖြည့်ဆည်းပေးရန် TECNO မှ ချဉ်းကပ်ပုံဖော်ထားခြင်းဖြစ်သည်။

Pouvoir စီးရီး၏ အောင်မြင်မှုနှင့် လူကြိုက်များမှုအပေါ် အခြေခံ၍ POVA ကို ထပ်ဆင့် အရည်အသွေးမြင့်သော processor နှင့် မျက်နှာပြင်အပြင် သုံးစွဲသူများအားလုံး အသိအမှတ်ပြုထားသည့် ၎င်း၏ စွမ်းဆောင်ရည်မြင့် ဘက်ထရီဖြင့် အဆင့်မြှင့်ဖန်တီးထားခြင်းဖြစ်သည်။ ယခင် Pouvoir စီးရီး၏ လူကြိုက်များ၊ အသိအမှတ်ပြုထားသည့် အရည်အသွေးများကို ထိန်းသိမ်းထားပြီး ‘Powering Optimal Value and Ambitions’ ဟူသော ဆောင်ပုဒ်နှင့်အညီ POVA စီးရီးသစ်သည် သုံးစွဲသူများကို အကောင်းဆုံးသော စွမ်းဆောင်ရည် ပေးစွမ်းနိုင်ရန် တီထွင်ဖန်တီးထားခြင်းဖြစ်သည်။ သုံးစွဲသူများအားလုံးနှင့် လိုက်လျောညီထွေဖြစ်ခြင်းကလည်း POVA စီးရီးအသစ်၏ အဓိကအားသာချက်လည်း ဖြစ်သည်။

“ယနေ့ခေတ် သုံးစွဲသူများသည် ဒစ်ဂျစ်တယ်ကမ္ဘာကြီးတွင် နေထိုင်ကြပြီး ကမ္ဘာ့အဆင့်မီ အရည်အသွေးနှင့် အမြဲတစေ ချိတ်ဆက်ဆက်သွယ်မှု အလိုရှိကြသူများ ဖြစ်သည်။ POVAကို ကုန်ကျစရိတ်သက်သာသည့် စမတ်ဖုန်းများအတွက် စံသတ်မှတ်ချက်များကို ကျော်လွန်၍ အဆင့်မြှင့်တင်ထားရုံတင်မကဘဲ စွမ်းဆောင်ရည်မြင့် ဘက်ထရီ၊ flash charging ၊ turbo-charged processor နှင့် 6.8 inch display တို့နှင့် ထပ်ဆောင်း အားဖြည့်ထားပါသည်။ သုံးစွဲသူများအားလုံး အတွက် မကြုံစဖူးစွမ်းရည်မြင့်ပေါင်းစပ်မှုများကြောင့် POVA သည် သုံးစွဲသူများအတွက် ပြိုင်ဘက်ကင်းမိုဘိုင်းတစ်လုံးဖြစ်လာမည် “ဟု Yu Yuan, the Deputy General Manager of TECNO မှ ပြောကြားခဲ့သည်။

Always-on Experience အတွက် POVA သည် 6000mAh ဘက်ထရီကို အသုံးပြုထားသောကြောင့် တစ်ခါအားသွင်းထားရုံနှင့် Stand by အနေအထားဖြင့် ရက်ပေါင်း ၃၀၊ သီချင်းများကို ၈ ရက်ကြာအထိ တောက်လျှောက် ဖွင့်ထားနိုင်မှာ ဖြစ်သည်။ အသုံးပြုထားသည့် easy-to-use systems ကြောင့် image quality၊ mobile performance networking နှင့် power comsumption တို့သည် ပိုမို ကောင်းမွန်လာမည့်အပြင် ၎င်းသည် စျေးနှုန်းထက် စွမ်းဆောင်ရည်မြင့်မားမည်မှာလည်း သေချာသည်။ Helio G80 Gaming Processor သည် high intensity gaming ကို အသင့်အတင့်အနေအထားဖြင့် ပံ့ပိုးပေးထားပြီး high-performance experience အတွက် POVA ၏ 128GB + 6GB နှင့် HyperEngine Game Technology ကြောင့် သွက်လက်သော စွမ်းဆောင်ရည်နှင့် စဉ်ဆက်မပြတ် ဂိမ်းကစားခြင်းကို ချောမွေ့စွာ ပံ့ပိုးပေးထားသည်။

POVA ၏ 13 megapixel-focal length ကင်မရာများနှင့် နောက်ကင်မရာ 8-megapixel AI selfie ရှေ့ကင်မရာတို့ကြောင့် ပုံရိပ်နှင့် ဗီဒီယိုဖန်တီးမှုတွင် ပြိုင်ဘက်ကင်းသော အရည်အသွေးကို ရရှိစေသည်။ နောက်ဘက် AI ကင်မရာ အားလုံးသည် တိကျသော စွမ်းဆောင်ရည်များဖြစ်သည့် depth, bokeh, AI shaping, AI beauty ပါဝင်သည်။

POVA မော်ဒယ်အသစ်သည် ကမ္ဘာအနှံ့ရှိ သုံးစွဲသူများအတွက် အား ကြီးမားသည့် storage space ၊အဆင့်မြင့် camera quality ၊ ကြာရှည်ခံသော battery life နှင့် ဂိမ်းဆော့ရာတွင် အထောက်အပံ့ပေးနိုင်သည့် စွမ်းရည်မြင့် processer ဖြင့် ပွဲထွက်လာမည် ဖြစ်သည်။ POVA စီးရီးသည် TECNO Mobile ၏ HiOS နှင့် Android ™ 10 ပါဝင်လာပြီး Magic Blue, Dazzle Black နှင့် Speed Purple ဆိုသည့်အရောင်သုံးမျိုးဖြင့် ရရှိနိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက : https://www.tecno-mobile.com/mm/home/#/

Source – TECNO