Tecno က Pova 3 စွမ်းရည်သင့် စမတ်ဖုန်းကို ရောင်းချပေးလိုက်ပြီး အရွယ်ကြီး ဘက်ထရီနဲ့ ဂိမ်း အသားပေး လုပ်ဆောင်ချက်တွေ ပါပါတယ်။ Helio G88 Chipset မောင်းနှင်ထားပြီး Amazon မှာ ရူပီး ၁၁,၄၉၉ နဲ့ ရောင်းချပေးလိုက်ကာ မြန်မာငွေ ၂၇၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။

Tecno Pova 3 is an affordable smartphone with 7,000 mAh battery and 33W fast charging

Pova 3 မှာ ၆.၉ လက်မ LCD Full HD+ မျက်နှာပြင်နဲ့ 90Hz Refresh Rate ထည့်သွင်းထားပြီး 8MP Punch Hole ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ မျက်နှာပြင် အထက်က ဘောင်မှာ LED Flash ၂ လုံး ပါလာပြီး အလင်းရောင် နည်းပါးတဲ့ အခြေအနေတွေမှာ ဓါတ်ပုံ အရည်အသွေး ပိုကောင်းပါတယ်။

Tecno Pova 3 is an affordable smartphone with 7,000 mAh battery and 33W fast charging

အနောက်ဘက်မှာ 50MP Main ကင်မရာ တပ်ဆင်ထားပြီး Tecno က ကျန်တဲ့ ကင်မရာ ၂ လုံး အကြောင်း မပြောသေးပါဘူး။ ကင်မရာတွေဘေးမှာ Quad-LED Flash ကို တွေ့ရပါတယ်။

Pova 3 မှာ အရွယ်အစား အရမ်းကြီးမားတဲ့ 7,000mAh ဘက်ထရီနဲ့ 33W Fast Charging ပါလာပြီး 10W Reverse Charging လည်း ထည့်သွင်းထားပါတယ်။ အပူချိန် လျှော့ချပေးတဲ့ Graphene Film Cooling ပါလာပြီး Android 12 အခြေပြု HiOS 8.6 မောင်းနှင်ထားပါတယ်။

Tecno Pova 3 အတွက် Black , Blue နဲ့ Silver ၃ ရောင် ထုတ်လုပ်ထားပြီး 4/64GB Version ကို ၁၁,၄၉၉ ရူပီး နဲ့ ပိုမို စွမ်းရည်မြင့်တဲ့ Version ကို ၁၂,၉၉၉ ရူပီး သတ်မှတ်ထားကာ မြန်မာငွေ ၂၇၀,၀၀၀ နဲ့ ၃၀၀,၀၀၀ ဝန်းကျင် အသီးသီး ကျသင့်မှာပါ။

Ref : gsmarena