[Zawgyi]

Tecno အမွတ္တံဆိပ္ဟာ ျမန္မာႏိုင္ငံအတြင္းကို ၂၀၁၆ခုႏွစ္တြင္မွ စတင္ဝင္ေရာက္ခဲ့ေပမယ့္ အာရွ၊ အာဖရိကနဲ႔ ေတာင္အေမရိကေဈးကြက္မွာ တြင္တြင္က်ယ္က်ယ္ ရွိေနသလို ဥေရာပမွာလည္း စတင္ေျခခ်ေနတဲ့ အမွတ္တံဆိပ္တစ္ခုပါ။ အခုအသစ္ထြက္လာတဲ့ TECNO SPARK 3 Pro စမတ္ဖုန္းကေတာ့ အေမရိကန္ေဒၚလာ ၁၂၀ (ျမန္မာေငြ ၁၇၉,၀၀၀) ဝန္းက်င္ရွိတဲ့ 6.2” လက္မအ႐ြယ္ Display နဲ႔ 4G LTE ဖုန္းတစ္လုံးျဖစ္ပါတယ္။

SPARK 3 Pro ဖုန္းရဲ႕မ်က္ႏွာျပင္က 6.2” လက္မရွိၿပီး Notch display ပါတာေၾကာင့္ ဖုန္းရဲ႕အ႐ြယ္အစားက လက္ထဲမွာ ကိုင္ထားဖို႔ အေနေတာ္အ႐ြယ္ရွိၿပီး အေလးခ်ိန္ကလည္း ေတာ္ေတာ္ေလး ေပါ့ေပါ့ပါးပါးရွိပါတယ္။

ေရွ႕ဘက္ ထဲမွာ 8MP ကင္မရာတစ္လုံးပါဝင္ၿပီး ေနာက္ဘက္မွာေတာ့ 13MP AI ကင္မရာတစ္လုံးနဲ႔ 2MP ဒုတိယကင္မရာတို႔ ကို တြဲထားပါတယ္။ SPARK 3 Pro ဖုန္းဟာ သူ႔ရဲ႕ေရွ႕ေနာက္ကင္မရာ သုံးလုံးကို AI Beauty နည္းပညာထည့္သြင္းလာၿပီး ေကာင္းမြန္တဲ့ ဓါတ္ပုံ႐ိုက္ကူးမႈရရွိေစရန္ ဦးတည္လာတာကို ေတြ႕ရပါတယ္။ ဒီ camera ရဲ႕ အားသာခ်က္ေတြကေတာ့ လႈပ္ရွားမႈ ပုံရိပ္ေတြကို ၾကည္လင္စြာ ဖမ္းယူႏိုင္မွာျဖစ္ၿပီး Smart Low-Light လုပ္ေဆာင္ခ်က္ပါရွိတာ ေၾကာင့္ ညအခ်ိန္ေတြမွာ ပိုမိုေကာင္းမြန္တဲ့႐ုပ္ပုံေတြကို အဆင္ေျပစြာ ဖမ္းယူ ႐ိုက္ကူးႏိုင္မွာျဖစ္သလို မည္သည့္ပုံရိပ္မ်ားကို မဆို စိတ္ေက်နပ္မႈရွိစြာႏွင့္ ရယူႏိုင္မွာျဖစ္ပါတယ္။

အေနာက္ကင္မရာအေနနဲ႔ 13 megapixel ႏွင့္ 2 megapixel ပါရွိပါတယ္။ အလင္းေရာင္ကို ေကာင္းစြာ ေထာက္ပံ့ေပးႏိုင္ေသာ အလင္းဝင္ေပါက္ f/1.85 နဲ႔ f/2.0 မ်ားပါရွိတဲ့အတြက္ အေမွာင္က်ေသာ ပုံရိပ္မ်ားကိုေတာင္ ၾကည္လင္ျပတ္သားစြာဖမ္းယူႏိုင္မွာျဖစ္ပါတယ္။ 2MP Sensor ကင္မရာဟာ Bokeh Mode နဲ႔ ပိုမိုေတာက္ပတဲ့ AI ဓါတ္ပုံ႐ိုက္ကူးဖန္တီးမႈတို႔ကို အေထာက္အကူပိုေပးႏိုင္မွာပါ။ သူနဲ႔ ေဈးႏႈန္းခ်င္းတူတဲ့ Vivo Y81i ဖုန္းမွာဆို ရင္ေတာ့ 5MP Selfie နဲ႔ 13MP အဓိကကင္မရာတစ္လုံးတည္းကိုသာ အသုံးျပဳထားပါတယ္။

TECNO Spark 3 Pro အတြင္းမွာ 2.0 GHz Quad-core MediaTek MT6761 ပ႐ိုဆက္ဆာကို အသုံးျပဳထားၿပီး မန္မိုရီပိုင္းကေတာ့ 32GB Storage / 2GB RAM မန္မိုရီပါဝင္ထားပါတယ္။ မူရင္းေဈးႏႈန္းေဒၚလာ ၁၂၀ ဝန္းက်င္ရွိတဲ့ ဖုန္းတစ္လုံးအေနနဲ႔ဆို သူ႔ရဲ႕မန္မိုရီက သင့္တင့္ၿပီး ေဈးႏႈန္းခ်င္းတူညီတဲ့ Vivo Y81i ဖုန္းမွာဆိုရင္ 16GB / 2GB RAM ကိုသာ အသုံးျပဳထားပါတယ္။ တကယ္တမ္းအသုံးျပဳၾကည့္တဲ့အခါ Free Fire, Mobile Legends တို႔လို ဂိမ္းေတြကို ဂိမ္းဆက္တင္ ညႇာတာစရာမလိုဘဲ ေခ်ာေခ်ာေမြ႕ေမြ႕ကစားႏိုင္တာကိုလည္း ေတြ႕ရတယ္။ ဒါ့အျပင္ SPARK 3 Pro ဖုန္းမွာ အသစ္စက္စက္ Android 9 Pie OS ကိုအေျခခံထားတဲ့ HiOS စနစ္ ထည့္သြင္းေပးထားပါတယ္။

TECNO SPARK 3 Pro ရဲ႕အားသာခ်က္တစ္ခုက 3,500 mAh ပမာဏရွိတဲ့ ဘကၳရီပါ။ Display အ႐ြယ္အစား ေျခာက္လက္မေက်ာ္တဲ့ ဖုန္းေတြအတြက္ေတာ့ ဘကၳရီသက္တမ္းက အရမ္းကို အေရးႀကီးပါတယ္။ အေစာက ႏႈိင္းယွဥ္ျပခဲ့တဲ့ Y81i ဖုန္းဟာ SPARK 3 Pro နဲ႔ Display အ႐ြယ္အစားအတူတူျဖစ္ေပမယ့္ ဘကၳရီက 3,260 mAh သာပါဝင္ပါတယ္။ ဘကၳရီသက္တမ္းမွာ သိသိသာသာ အသာရေနၿပီး Youtube, Gaming စတဲ့ ေဖ်ာ္ေျဖေရးသာမက ခရီးသြားရင္း ဓါတ္ပုံ႐ိုက္ကူးျခင္း၊ ဆိုရွယ္မီဒီယာအသုံးျပဳျခင္း စတာေတြမွာလဲ ပိုအဆင္ေျပပါလိမ့္မယ္။

Tecno ရဲ႕ SPARK 3 Pro ဖုန္းဟာ Display နဲ႔ Touch Control ၊ ေရွ႕ေနာက္ကင္မရာေတြနဲ႔ ဓါတ္ပုံ႐ိုက္ကူးမႈ၊ မိုဘိုင္းနက္ဝပ္ခ်ိတ္ဆက္ႏိုင္စြမ္း၊ ဘကၳရီသက္တမ္းတို႔မွာ ေပးရမယ့္တန္ဖိုးနဲ႔ ထိုက္တန္ၿပီး ေဖ်ာ္ေျဖေရးအတြက္ကိုလည္း ေကာင္းမြန္စြာ အသုံးျပဳႏိုင္မယ့္ ဖုန္းတစ္လုံးပါပဲ။ အားနည္းခ်က္လို႔ ေျပာစရာက ဘကၳရီႀကီးတဲ့အတြက္ အားသြင္းရတာ အနည္းငယ္ပိုၾကာတာေလာက္ပဲ ရွိေပမယ့္ သြင္းၿပီးရင္ အခ်ိန္ၾကာၾကာ အသုံးျပဳႏိုင္မွာ ျဖစ္တဲ့အတြက္ အားသာခ်က္ အားနည္းခ်က္ရယ္လို႔ မဟုတ္ဘဲ မွ်ေနမွာပါ။ ဒီဇိုင္းနဲ႔ စြမ္းေဆာင္ရည္ ကိုေတာ့ သုံးစြဲသူေတြ အႀကိဳက္ေတြ႕ႏိုင္မယ္လို႔ ယူဆမိပါတယ္။

[Unicode]

သင့်တင့်တဲ့ဈေးနှုန်းနဲ့ စွမ်းဆောင်ရည်ကောင်းတဲ့ TECNO SPARK 3 Pro

Tecno အမှတ်တံဆိပ်ဟာ မြန်မာနိုင်ငံအတွင်းကို ၂၀၁၆ခုနှစ်တွင်မှ စတင်ဝင်ရောက်ခဲ့ပေမယ့် အာရှ၊ အာဖရိကနဲ့ တောင်အမေရိကဈေးကွက်မှာ တွင်တွင်ကျယ်ကျယ် ရှိနေသလို ဥရောပမှာလည်း စတင်ခြေချနေတဲ့ အမှတ်တံဆိပ်တစ်ခုပါ။ အခုအသစ်ထွက်လာတဲ့ TECNO SPARK 3 Pro စမတ်ဖုန်းကတော့ အမေရိကန်ဒေါ်လာ ၁၂၀ (မြန်မာငွေ ၁၇၉,၀၀၀) ဝန်းကျင်ရှိတဲ့ 6.2” လက်မအရွယ် Display နဲ့ 4G LTE ဖုန်းတစ်လုံးဖြစ်ပါတယ်။

SPARK 3 Pro ဖုန်းရဲ့မျက်နှာပြင်က 6.2” လက်မရှိပြီး Notch display ပါတာကြောင့် ဖုန်းရဲ့အရွယ်အစားက လက်ထဲမှာ ကိုင်ထားဖို့ အနေတော်အရွယ်ရှိပြီး အလေးချိန်ကလည်း တော်တော်လေး ပေါ့ပေါ့ပါးပါးရှိပါတယ်။

ရှေ့ဘက် ထဲမှာ 8MP ကင်မရာတစ်လုံးပါဝင်ပြီး နောက်ဘက်မှာတော့ 13MP AI ကင်မရာတစ်လုံးနဲ့ 2MP ဒုတိယကင်မရာတို့ ကို တွဲထားပါတယ်။ SPARK 3 Pro ဖုန်းဟာ သူ့ရဲ့ရှေ့နောက်ကင်မရာ သုံးလုံးကို AI Beauty နည်းပညာထည့်သွင်းလာပြီး ကောင်းမွန်တဲ့ ဓါတ်ပုံရိုက်ကူးမှုရရှိစေရန် ဦးတည်လာတာကို တွေ့ရပါတယ်။ ဒီ camera ရဲ့ အားသာချက်တွေကတော့ လှုပ်ရှားမှု ပုံရိပ်တွေကို ကြည်လင်စွာ ဖမ်းယူနိုင်မှာဖြစ်ပြီး Smart Low-Light လုပ်ဆောင်ချက်ပါရှိတာ ကြောင့် ညအချိန်တွေမှာ ပိုမိုကောင်းမွန်တဲ့ရုပ်ပုံတွေကို အဆင်ပြေစွာ ဖမ်းယူ ရိုက်ကူးနိုင်မှာဖြစ်သလို မည်သည့်ပုံရိပ်များကို မဆို စိတ်ကျေနပ်မှုရှိစွာနှင့် ရယူနိုင်မှာဖြစ်ပါတယ်။

အနောက်ကင်မရာအနေနဲ့ 13 megapixel နှင့် 2 megapixel ပါရှိပါတယ်။ အလင်းရောင်ကို ကောင်းစွာ ထောက်ပံ့ပေးနိုင်သော အလင်းဝင်ပေါက် f/1.85 နဲ့ f/2.0 များပါရှိတဲ့အတွက် အမှောင်ကျသော ပုံရိပ်များကိုတောင် ကြည်လင်ပြတ်သားစွာဖမ်းယူနိုင်မှာဖြစ်ပါတယ်။ 2MP Sensor ကင်မရာဟာ Bokeh Mode နဲ့ ပိုမိုတောက်ပတဲ့ AI ဓါတ်ပုံရိုက်ကူးဖန်တီးမှုတို့ကို အထောက်အကူပိုပေးနိုင်မှာပါ။ သူနဲ့ ဈေးနှုန်းချင်းတူတဲ့ Vivo Y81i ဖုန်းမှာဆို ရင်တော့ 5MP Selfie နဲ့ 13MP အဓိကကင်မရာတစ်လုံးတည်းကိုသာ အသုံးပြုထားပါတယ်။

TECNO Spark 3 Pro အတွင်းမှာ 2.0 GHz Quad-core MediaTek MT6761 ပရိုဆက်ဆာကို အသုံးပြုထားပြီး မန်မိုရီပိုင်းကတော့ 32GB Storage / 2GB RAM မန်မိုရီပါဝင်ထားပါတယ်။ မူရင်းဈေးနှုန်းဒေါ်လာ ၁၂၀ ဝန်းကျင်ရှိတဲ့ ဖုန်းတစ်လုံးအနေနဲ့ဆို သူ့ရဲ့မန်မိုရီက သင့်တင့်ပြီး ဈေးနှုန်းချင်းတူညီတဲ့ Vivo Y81i ဖုန်းမှာဆိုရင် 16GB / 2GB RAM ကိုသာ အသုံးပြုထားပါတယ်။ တကယ်တမ်းအသုံးပြုကြည့်တဲ့အခါ Free Fire, Mobile Legends တို့လို ဂိမ်းတွေကို ဂိမ်းဆက်တင် ညှာတာစရာမလိုဘဲ ချောချောမွေ့မွေ့ကစားနိုင်တာကိုလည်း တွေ့ရတယ်။ ဒါ့အပြင် SPARK 3 Pro ဖုန်းမှာ အသစ်စက်စက် Android 9 Pie OS ကိုအခြေခံထားတဲ့ HiOS စနစ် ထည့်သွင်းပေးထားပါတယ်။

TECNO SPARK 3 Pro ရဲ့အားသာချက်တစ်ခုက 3,500 mAh ပမာဏရှိတဲ့ ဘက္ထရီပါ။ Display အရွယ်အစား ခြောက်လက်မကျော်တဲ့ ဖုန်းတွေအတွက်တော့ ဘက္ထရီသက်တမ်းက အရမ်းကို အရေးကြီးပါတယ်။ အစောက နှိုင်းယှဉ်ပြခဲ့တဲ့ Y81i ဖုန်းဟာ SPARK 3 Pro နဲ့ Display အရွယ်အစားအတူတူဖြစ်ပေမယ့် ဘက္ထရီက 3,260 mAh သာပါဝင်ပါတယ်။ ဘက္ထရီသက်တမ်းမှာ သိသိသာသာ အသာရနေပြီး Youtube, Gaming စတဲ့ ဖျော်ဖြေရေးသာမက ခရီးသွားရင်း ဓါတ်ပုံရိုက်ကူးခြင်း၊ ဆိုရှယ်မီဒီယာအသုံးပြုခြင်း စတာတွေမှာလဲ ပိုအဆင်ပြေပါလိမ့်မယ်။

Tecno ရဲ့ SPARK 3 Pro ဖုန်းဟာ Display နဲ့ Touch Control ၊ ရှေ့နောက်ကင်မရာတွေနဲ့ ဓါတ်ပုံရိုက်ကူးမှု၊ မိုဘိုင်းနက်ဝပ်ချိတ်ဆက်နိုင်စွမ်း၊ ဘက္ထရီသက်တမ်းတို့မှာ ပေးရမယ့်တန်ဖိုးနဲ့ ထိုက်တန်ပြီး ဖျော်ဖြေရေးအတွက်ကိုလည်း ကောင်းမွန်စွာ အသုံးပြုနိုင်မယ့် ဖုန်းတစ်လုံးပါပဲ။ အားနည်းချက်လို့ ပြောစရာက ဘက္ထရီကြီးတဲ့အတွက် အားသွင်းရတာ အနည်းငယ်ပိုကြာတာလောက်ပဲ ရှိပေမယ့် သွင်းပြီးရင် အချိန်ကြာကြာ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် အားသာချက် အားနည်းချက်ရယ်လို့ မဟုတ်ဘဲ မျှနေမှာပါ။ ဒီဇိုင်းနဲ့ စွမ်းဆောင်ရည် ကိုတော့ သုံးစွဲသူတွေ အကြိုက်တွေ့နိုင်မယ်လို့ ယူဆမိပါတယ်။