ကနေဒါ ရဲဌာနက ဒေါ်လာ ၃၆.၅ သန်းတန် Cryptocurrency တွေ ခိုးယူခဲ့တဲ့ ဆယ်ကျော်သက် လူငယ် ၁ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီ လူငယ်ဟာ SIM Swap Attack နဲ့ Cryptocurrency တွေကို ခိုးယူခဲ့တာ ဖြစ်ပါတယ်။

Aceris Law Successfully Resolves ICC Arbitration Involving the  Cryptocurrency Industry • Aceris Law LLC

လူ ၁ ယောက်ထဲကနေ Cryptocurrency အများဆုံး ခိုးယူတဲ့ ဖြစ်ရပ် ဖြစ်ပြီး အဲဒီ ဟက်ကာဟာ လူတွေရဲ့ ဖုန်းနံပါတ်ကို ရယူကာ Two-factor Authentication Request ကို ကြားဖြတ်ခိုးယူခြင်းဖြင့် သူတို့ရဲ့ Crypto Wallet ထဲကို Login ဝင်ရောက်တာ ဖြစ်ပါတယ်။

PaisaTips | Cryptocurrency

လက်ရှိမှာ ရဲတွေဟာ ဟက်ကာဆီက ဒေါ်လာ ၅.၅ သန်းတန်ကြေးရှိတဲ့ Cryptocurrency တွေကိုပဲ ပြန်လည် ရရှိထားပါသေးတယ်။ ရဲဌာနရဲ့ ထုတ်ပြန်ချက်အရ အခု ဖမ်းဆီးမှုဟာ Hamilton ရဲဌာန၊ Federal Bureau of Investigations နဲ့ United States Secret Service Electronic Crimes Task Force တို့ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ဖြစ်ပြီး အဖွဲ့အစည်း ၃ ခုဟာ ၂၀၂၀ ခုနှစ် မတ်လကတည်းက စတင် စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

Cryptocurrency တွေ ခိုးယူခံရတဲ့ အချိန်နဲ့ ကျန်ရှိနေသေးတဲ့ ခိုးရာပါ Cryptocurrency တွေ ပြန်လည် ရရှိပြီလားဆိုတဲ့ သတင်းအချက်အလက်တွေကို လက်ရှိမှာ မသိရသေးပါဘူး။ Hamilton ရဲဌာနက ဟက်ကာဟာ ခိုးယူထားတဲ့ Crypto တွေနဲ့ အွန်လိုင်း Username ၁ ခုကို ဝယ်ယူခဲ့တဲ့ မှားယွင်းမှု ၁ ခုကို ပြုလုပ်ခဲ့ရာကနေ ရဲတွေက ခြေရာခံမိသွားတာလို့ ပြောပါတယ်။

Ref : techradar