[Zawgyi]

သုေတသန စစ္တမ္းအသစ္တစ္ခုအရ လူမႈကြန္ရက္ အသံုးမ်ားတဲ့ ဆယ္ေက်ာ္သက္မ်ားဟာ စိတ္က် ေ၀ဒနာ ခံစားရတယ္လို႔ ေျပာပါတယ္။ မြန္ထရီရယ္ တကၠသိုလ္က အထက္တန္းေက်ာင္းသားမ်ားကို ေလ့လာစစ္ေဆးခဲ့ၾကတာ ျဖစ္ပါတယ္။ တစ္ေန႔ကို ပ်မ္းမွ်အားျဖင့္ ၉ နာရီၾကာ အြန္လိုင္း သံုးတဲ့ ဆယ္ေက်ာ္သက္မ်ားဟာ သူနဲ႔ ရြယ္တူ လူငယ္မ်ားအၾကားမွာ စိတ္ဓါတ္က်ဆင္းမႈ ပိုမို မ်ားျပားေနတယ္လို႔ သိရပါတယ္။

လူငယ္မ်ားရဲ႕ ၂၀ ရာခုိင္ႏႈန္းဟာ လူႀကီး အရြယ္ မေရာက္ခင္မွာ စိတ္ဓါတ္က်တဲ့ ေ၀ဒနာကို ခံစားရတယ္လို႔ သိရပါတယ္။ အဲဒီ ရာခုိင္ႏႈန္းဟာ ၿပီးခဲ့တဲ့ နွစ္မ်ားအတြင္းမွာ ျမင့္တက္လာခဲ့ပါတယ္။ စိတ္ဓါတ္က်ျခင္းနဲ႔ အျခား စိတ္ေ၀ဒနာမ်ားဟာ ဆယ္ေက်ာ္သက္မ်ားအၾကားမွာ ပိုမို ရင္ဆိုင္လာေနရပါတယ္။ အခုဆိုရင္ မိနစ္ ၁၀၀ တိုင္းမွာ ကိုယ့္ကိုကိုယ္ သတ္ေသတဲ့ လူငယ္ တစ္ဦးရွိေနပါတယ္။

ဆယ္ေက်ာ္သက္ အရြယ္မ်ားဟာ ဦးေႏွာက္ ေျပာင္းလဲမႈရွိေနၿပီး စိတ္ခံစားမႈလည္း မ်ားျပားပါတယ္။ အင္တာနက္နဲ႔ လူမႈကြန္ရက္မ်ားဟာ လူငယ္မ်ားရဲ႕ စိတ္က်န္းမာေရးကို ထိခိုက္ေစတယ္ဆိုတာကို ေရးသားထားတဲ့ iGen စာအုပ္ကို ျပဳစုခဲ့တဲ့ Dr Jean Twenge အပါအ၀င္ စိတ္ပညာရွင္မ်ားက ကမာၻမွာ အင္တာနက္ ခ်ိတ္ဆက္လာမႈ ျမင့္မားလာတဲ့ အတြက္ စိတ္က်မႈႏႈန္းဟာ ျမင့္မားလာတယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ အဲဒါကို သက္ေသျပႏုိင္တဲ့ ခိုင္မာတဲ့ သုေတသန စစ္တမ္းကိုေတာ့ မျပဳလုပ္ႏိုင္ေသးပါဘူး။

အခု သုေတသန စစ္တမ္းကို ေလးႏွစ္ၾကာ ျပဳစုခဲ့တာ ျဖစ္ၿပီး အသက္ ၁၂ ႏွစ္နဲ႔ ၁၆ ႏွစ္အၾကား လူငယ္ေပါင္း ၄၀၀၀ ကို ေလ့လာခဲ့ၾကတာ ျဖစ္ပါတယ္။ စိတ္၀င္စားစရာေကာင္းတာက လူငယ္မ်ားဟာ တစ္နွစ္ထက္တစ္ႏွစ္ လူမႈကြန္ရက္မ်ားကို ပုိမို အသံုးျပဳလာၾကတာပါ။ လူငယ္မ်ား လူမႈကြန္ရက္ အသံုးျပဳမႈကို ကန္႔သတ္ျခင္းဟာ စိတ္က်ေရာဂါကို တားဆီးႏုိင္မယ့္ နည္းလမ္း တစ္ခု ျဖစ္ပါတယ္။

Ref : dailymail

[Unicode]

လူမှုကွန်ရက်များကို အချိန်များစွာ သုံးတဲ့ ဆယ်ကျော်သက်များဟာ စိတ်ကျဝေဒနာ ခံစားရ

သုတေသန စစ်တမ်းအသစ်တစ်ခုအရ လူမှုကွန်ရက် အသုံးများတဲ့ ဆယ်ကျော်သက်များဟာ စိတ်ကျ ဝေဒနာ ခံစားရတယ်လို့ ပြောပါတယ်။ မွန်ထရီရယ် တက္ကသိုလ်က အထက်တန်းကျောင်းသားများကို လေ့လာစစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။ တစ်နေ့ကို ပျမ်းမျှအားဖြင့် ၉ နာရီကြာ အွန်လိုင်း သုံးတဲ့ ဆယ်ကျော်သက်များဟာ သူနဲ့ ရွယ်တူ လူငယ်များအကြားမှာ စိတ်ဓါတ်ကျဆင်းမှု ပိုမို များပြားနေတယ်လို့ သိရပါတယ်။

လူငယ်များရဲ့ ၂၀ ရာခိုင်နှုန်းဟာ လူကြီး အရွယ် မရောက်ခင်မှာ စိတ်ဓါတ်ကျတဲ့ ဝေဒနာကို ခံစားရတယ်လို့ သိရပါတယ်။ အဲဒီ ရာခိုင်နှုန်းဟာ ပြီးခဲ့တဲ့ နှစ်များအတွင်းမှာ မြင့်တက်လာခဲ့ပါတယ်။ စိတ်ဓါတ်ကျခြင်းနဲ့ အခြား စိတ်ဝေဒနာများဟာ ဆယ်ကျော်သက်များအကြားမှာ ပိုမို ရင်ဆိုင်လာနေရပါတယ်။ အခုဆိုရင် မိနစ် ၁၀၀ တိုင်းမှာ ကိုယ့်ကိုကိုယ် သတ်သေတဲ့ လူငယ် တစ်ဦးရှိနေပါတယ်။

ဆယ်ကျော်သက် အရွယ်များဟာ ဦးနှောက် ပြောင်းလဲမှုရှိနေပြီး စိတ်ခံစားမှုလည်း များပြားပါတယ်။ အင်တာနက်နဲ့ လူမှုကွန်ရက်များဟာ လူငယ်များရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာကို ရေးသားထားတဲ့ iGen စာအုပ်ကို ပြုစုခဲ့တဲ့ Dr Jean Twenge အပါအဝင် စိတ်ပညာရှင်များက ကမ္ဘာမှာ အင်တာနက် ချိတ်ဆက်လာမှု မြင့်မားလာတဲ့ အတွက် စိတ်ကျမှုနှုန်းဟာ မြင့်မားလာတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အဲဒါကို သက်သေပြနိုင်တဲ့ ခိုင်မာတဲ့ သုတေသန စစ်တမ်းကိုတော့ မပြုလုပ်နိုင်သေးပါဘူး။

အခု သုတေသန စစ်တမ်းကို လေးနှစ်ကြာ ပြုစုခဲ့တာ ဖြစ်ပြီး အသက် ၁၂ နှစ်နဲ့ ၁၆ နှစ်အကြား လူငယ်ပေါင်း ၄၀၀၀ ကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက လူငယ်များဟာ တစ်နှစ်ထက်တစ်နှစ် လူမှုကွန်ရက်များကို ပိုမို အသုံးပြုလာကြတာပါ။ လူငယ်များ လူမှုကွန်ရက် အသုံးပြုမှုကို ကန့်သတ်ခြင်းဟာ စိတ်ကျရောဂါကို တားဆီးနိုင်မယ့် နည်းလမ်း တစ်ခု ဖြစ်ပါတယ်။

Ref : dailymail