[Zawgyi]

ကမာၻ႔ထိပ္တန္း Messaging App ၁၀ ခုထဲမွာ တစ္ခုအပါအဝင္ျဖစ္တဲ့ Telegram ဟာ ၿပီးခဲ့တဲ့ တစ္ပါတ္က ဆိုက္ဘာတိုက္ခိုက္မႈနဲ႔ ႀကဳံေတြ႕ခဲ့ရတယ္လို႔ ဆိုပါတယ္။ iOS ေရာ Android ပါ သုံးလို႔ရတဲ့ Telegram messaging app အသုံးျပဳသူေတြ ထိခိုက္ခဲ့တဲ့ ဒီတိုက္ခိုက္မႈအတြက္ Telegram CEO က တ႐ုတ္ကို အျပစ္တင္လိုက္တာလည္း ျဖစ္ပါတယ္။

Telegram CEO Pavel Durov က တြစ္တာေပၚမွာ ဆိုက္ဘာတိုက္ခိုက္မႈက တ႐ုတ္ကေနလာတာျဖစ္ေၾကာင္း လႊင့္တင္ခဲ့တာ ျဖစ္ပါတယ္။ ေဟာင္ေကာင္မွာ ကန႔္ကြက္ဆႏၵျပေနခ်ိန္မွာ ႀကီးမားတဲ့ ပမာဏနဲ႔ DDoS (Distributed Denial of Service) တိုက္ခိုက္မႈေတြ ေပၚေပါက္ခဲ့ေၾကာင္း၊ IP addresses အမ်ားစုဟာ တ႐ုတ္ကေနလာတာ ျဖစ္ေၾကာင္း ေရးသားေဖာ္ျပခဲ့ပါတယ္။

အဆိုပါ DDoS တိုက္ခိုက္မႈေတြဟာ မ်ားျပားတဲ့ ပမာဏနဲ႔ Request ေတြကို Telegram ဆီ တစ္ၿပိဳင္နက္ပို႔လႊတ္လာတာျဖစ္တဲ့အတြက္ အသုံးျပဳသူအေတာ္မ်ားမ်ား ဆက္လက္အသုံးမျပဳႏိုင္ေလာက္ေအာင္ ပိတ္ဆို႔မႈေတြ ေပၚေပါက္ခဲ့ရတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ တိုက္ခိုက္မႈဟာ ေဟာင္ေကာင္က ဆႏၵျပမႈဆီကို ပစ္မွတ္ထားၿပီး အလုံးအရင္းလိုက္ ျပဳလုပ္ခဲ့တာ ျဖစ္ေၾကာင္းလည္း သိရပါတယ္။

ေဟာင္ေကာင္မွာရွိတဲ့ ဆႏၵျပသူအမ်ားစုဟာ Telegram ကို အသုံးျပဳၿပီး စု႐ုံးၾကမယ့္ အခ်ိန္နဲ႔ေနရာကို ဆက္သြယ္ မွ်ေဝၾကေပမယ့္ ဒီဆိုက္ဘာတိုက္ခိုက္မႈေၾကာင့္ အေႏွာင့္အယွက္ျဖစ္ခဲ့ရတယ္လို႔လည္း သိရပါတယ္။ တ႐ုတ္အစိုးကရေတာ့ ဒီဆိုက္ဘာတိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး တာဝန္ရွိေၾကာင္းကို ျငင္းဆိုခဲ့ပါတယ္။

Ref: GSMArena

[Unicode]

ဆိုက်ဘာတိုက်ခိုက်မှုအတွက် တရုတ်ကို အပြစ်တင်ခဲ့တဲ့ Telegram CEO

ကမ္ဘာ့ထိပ်တန်း Messaging App ၁၀ ခုထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Telegram ဟာ ပြီးခဲ့တဲ့ တစ်ပါတ်က ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ iOS ရော Android ပါ သုံးလို့ရတဲ့ Telegram messaging app အသုံးပြုသူတွေ ထိခိုက်ခဲ့တဲ့ ဒီတိုက်ခိုက်မှုအတွက် Telegram CEO က တရုတ်ကို အပြစ်တင်လိုက်တာလည်း ဖြစ်ပါတယ်။

Telegram CEO Pavel Durov က တွစ်တာပေါ်မှာ ဆိုက်ဘာတိုက်ခိုက်မှုက တရုတ်ကနေလာတာဖြစ်ကြောင်း လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ ဟောင်ကောင်မှာ ကန့်ကွက်ဆန္ဒပြနေချိန်မှာ ကြီးမားတဲ့ ပမာဏနဲ့ DDoS (Distributed Denial of Service) တိုက်ခိုက်မှုတွေ ပေါ်ပေါက်ခဲ့ကြောင်း၊ IP addresses အများစုဟာ တရုတ်ကနေလာတာ ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

အဆိုပါ DDoS တိုက်ခိုက်မှုတွေဟာ များပြားတဲ့ ပမာဏနဲ့ Request တွေကို Telegram ဆီ တစ်ပြိုင်နက်ပို့လွှတ်လာတာဖြစ်တဲ့အတွက် အသုံးပြုသူအတော်များများ ဆက်လက်အသုံးမပြုနိုင်လောက်အောင် ပိတ်ဆို့မှုတွေ ပေါ်ပေါက်ခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် တိုက်ခိုက်မှုဟာ ဟောင်ကောင်က ဆန္ဒပြမှုဆီကို ပစ်မှတ်ထားပြီး အလုံးအရင်းလိုက် ပြုလုပ်ခဲ့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။

ဟောင်ကောင်မှာရှိတဲ့ ဆန္ဒပြသူအများစုဟာ Telegram ကို အသုံးပြုပြီး စုရုံးကြမယ့် အချိန်နဲ့နေရာကို ဆက်သွယ် မျှဝေကြပေမယ့် ဒီဆိုက်ဘာတိုက်ခိုက်မှုကြောင့် အနှောင့်အယှက်ဖြစ်ခဲ့ရတယ်လို့လည်း သိရပါတယ်။ တရုတ်အစိုးကရတော့ ဒီဆိုက်ဘာတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး တာဝန်ရှိကြောင်းကို ငြင်းဆိုခဲ့ပါတယ်။

Ref: GSMArena