[Zawgyi]

ေဖေဖာ္ဝါရီလ ၅ ရက္၊ ၂၀၁၉ ခုႏွစ္၊ ရန္ကုန္ – ပိုမိုေကာင္းမြန္ေသာ အသုံးျပဳမႈ အေတြ႕အႀကဳံမ်ားအား ၎၏ သုံးစြဲသူ မ်ားထံ ေပးအပ္ႏိုင္ရန္ႏွင့္ သုံးစြဲသူမ်ား လိုအပ္သည့္ အကူအညီမ်ားအား ပိုမိုထိေရာက္စြာ ေပးအပ္ႏိုင္ရန္အတြက္ ‘ခင္မင္’ ဟု အမည္ရသည့္ Chatbot အား တယ္လီေနာျမန္မာက စတင္မိတ္ဆက္လိုက္ၿပီျဖစ္သည္။ ‘ခင္မင္’ သည္ တယ္လီေနာျမန္မာ၏ Facebook Messenger တြင္ အသုံးျပဳသူမ်ား ေမးျမန္းလာသမွ်ကို ျပန္လည္ေျဖၾကားေပးေနၿပီ ျဖစ္သည္။

‘ခင္မင္’ ဆိုသည္မွာ အသုံးျပဳသူမ်ား အြန္လိုင္းမွ ဆက္သြယ္ေမးျမန္းမႈမ်ားအား ျပန္လည္ေျဖၾကားႏိုင္စြမ္းရွိသည့္ မွတ္ဉာဏ္တု (artificial intelligence) အသုံးျပဳ ကြန္ျပဴတာပ႐ိုဂရမ္တစ္ခုျဖစ္သည္။ ဇန္နဝါရီလကုန္ပိုင္းမွစ၍ ‘ခင္မင္’ သည္ တယ္လီေနာျမန္မာထံသို႔ Facebook Messenger မွတဆင့္ ဆက္သြယ္ေျပာၾကားလာမႈ မွန္သမွ်အား ျပန္လည္ ေျဖၾကားလ်က္ရွိသည္။ အသုံးျပဳသူမ်ားက ‘Hi’ ဟု ေျပာၾကားလိုက္႐ုံမွ်ျဖင့္ ‘ခင္မင္’ သည္ ဖုန္းေဘလ္စစ္ေဆးျခင္း၊ အစီအစဥ္မ်ား ဝယ္ယူျခင္းႏွင့္ ပ႐ိုမိုးရွင္းမ်ားအေၾကာင္း ရွင္းျပျခင္း အပါအဝင္ လုပ္ေဆာင္ခ်က္မ်ားစြာအတြက္ သင့္ေလ်ာ္ေသာ အကူအညီမ်ားအား လမ္းၫႊန္ေပးအပ္သြားမည္ ျဖစ္သည္။ Chatbot မေျဖရွင္းေပးႏိုင္သည့္ ကိစၥရပ္ မ်ားကိုမူ သက္ဆိုင္ရာအသုံးျပဳသူ ဝန္ေဆာင္မႈေပးအပ္သည့္ ဝန္ထမ္းမ်ားက လႊဲေျပာင္းရယူ၍ ဆက္လက္ကိုင္တြယ္ ေျဖရွင္းေပးသြားမည္ ျဖစ္သည္။

“တယ္လီေနာ ဝန္ေဆာင္မႈေတြနဲ႔ ပတ္သက္ၿပီး အသုံးျပဳသူေတြ ေမးျမန္းလာသမွ်ကို ခင္မင္ရဲ႕ အကူအညီေၾကာင့္ ပိုမို ျမန္ဆန္ထိေရာက္စြာ ျပန္လည္ေျဖၾကားသြားႏိုင္ေတာ့မွာျဖစ္ပါတယ္။ စမ္းသပ္ကာလရဲ႕ ပထမပိုင္းရက္အနည္းငယ္ အတြင္းမွာပဲ ‘ခင္မင္’ က သူရဲ႕ လုပ္ေဆာင္ႏိုင္စြမ္းကို သက္ေသျပခဲ့ၿပီးျဖစ္ပါတယ္။ messenger ကေန ေန႔စဥ္ရရွိတဲ့ ေမးျမန္းမႈေတြရဲ႕ တစ္ဝက္ေလာက္ကို ေအာင္ျမင္စြာ ျပန္လည္ေျဖၾကားေပးႏိုင္ခဲ့ပါတယ္။ ဒီေျခလွမ္းဟာ တယ္လီေနာရဲ႕ ဝန္ေဆာင္မႈေတြကို ပိုမိုအဆင့္ျမင့္ေစ႐ုံသာမက အသုံးျပဳသူေတြကိုလည္း အဆင့္ျမင့္ဒစ္ဂ်စ္တယ္ နည္းပညာေတြ နဲ႔ ပိုၿပီးရင္းႏွီးကြၽမ္းဝင္သြားေစမွာ ျဖစ္တယ္လို႔ ယုံၾကည္ပါတယ္။ ျမန္မာႏိုင္ငံလို အလ်င္အျမန္ ဖြံ႕ၿဖိဳးတိုးတက္ေနတဲ့ နည္းပညာေဈးကြက္အတြင္းမွာ Chatbot ကိုသုံးစြဲသူေတြနဲ႔ ဆက္သြယ္ေျပာဆိုဖို႔ အျပည့္အဝ အသုံးျပဳႏိုင္သလို Chatbot ကေန ဝန္ထမ္းဆီကို ကူးေျပာင္းေပးရာမွာလည္း အဆင္ေျပေျပ ေခ်ာေခ်ာေမြ႕ေမြ႕ ေဆာင္႐ြက္ႏိုင္တဲ့ ဆက္သြယ္ေရးေအာ္ပေရတာတစ္ခုအျဖစ္ အရမ္းကို ဂုဏ္ယူဝမ္းေျမာက္မိပါတယ္” ဟု တယ္လီေနာျမန္မာ၏ ဒစ္ဂ်စ္တယ္ဝန္ေဆာင္မႈ ပိုင္းဆိုင္ရာ တာဝန္ရွိသူ Chan May Ling က ေျပာၾကားသည္။

၂၀၁၉ ခုႏွစ္အား ပုံသြင္းထုဆစ္သြားမည့္ နည္းပညာ ၇ မ်ိဳးအား ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလတြင္ တယ္လီေနာလုပ္ငန္းစု ၏ သုေတသနဌာနက ထုတ္ျပန္ေၾကညာခဲ့ၿပီး အဆိုပါနည္းပညာမ်ားမွာ Deep Fake (သတင္းအတုအေယာင္ ဖန္တီး ျခင္း)၊ AI Ethics (မွတ္ဉာဏ္တုဆိုင္ရာ က်င့္ဝတ္မ်ား)၊ 5G နည္းပညာ၊ Internet of Things (အင္တာနက္ႏွင့္ ခ်ိတ္ဆက္ထားေသာ ပစၥည္းမ်ား)၊ Chatbots၊ Screen time (စကရင္ၾကည့္ရႈသည့္ၾကာခ်ိန္) ႏွင့္ Green tech (သဘာဝ ပတ္ဝန္းက်င္ အက်ိဳးျပဳနည္းပညာမ်ား) တို႔ ျဖစ္ၾကသည္။ ယခုအခ်ိန္တြင္မႈ တယ္လီေနာျမန္မာသည္ ၎၏ ဒစ္ဂ်စ္တယ္ပိုင္းဆိုင္ရာ ဆက္သြယ္ျပန္ၾကားေရးပလက္ေဖာင္းတြင္ Chatbot လုပ္ေဆာင္ခ်က္အား ပထမဦးဆုံး အႀကိမ္ ထည့္သြင္းအသုံးျပဳႏိုင္ခဲ့ၿပီျဖစ္သည္။ တယ္လီေနာျမန္မာသည္ ဤ Chatbot လုပ္ေဆာင္မႈအား ဆက္လက္ အဆင့္ျမႇင့္တင္သြားမည္ျဖစ္ၿပီး ပိုမိုမ်ားျပားေသာ လုပ္ေဆာင္ခ်က္မ်ားကိုလည္း အသစ္ထပ္မံထည့္သြင္းသြားႏိုင္ရန္ ႀကိဳးစားလုပ္ေဆာင္သြားမည္ ျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ ဒစ္ဂ်စ္တယ္စီးပြားေရးတစ္ရပ္ ေအာင္ျမင္စြာ ေပၚေပါက္လာေစရန္ ဦးတည္ခ်က္ထား ႀကိဳးပမ္းလ်က္ ရွိသည့္ အစိုးရ၏ လုပ္ေဆာင္ခ်က္မ်ားအား ေထာက္ပံ့ကူညီသြားရန္ သံႏၷိ႒ာန္ခ်ထားသည္ႏွင့္အညီ တယ္လီေနာျမန္မာ သည္ ‘REALISING DIGITAL MYANMAR’ အမည္ရွိ ျမန္မာ့ပထမဆုံးေသာ ဒစ္ဂ်စ္တယ္အစီရင္ခံစာတစ္ေစာင္အား ၂၀၁၈ ခုႏွစ္၊ ေဖေဖာ္ဝါရီလတြင္ ထုတ္ျပန္ခဲ့ၿပီး အဆိုပါအစီရင္ခံစာတြင္ ၂၀၂၃ ခုႏွစ္၌ ၿပီးစီးသင့္သည့္ မွတ္တိုင္မ်ား၊ ရည္မွန္းခ်က္မ်ား ေအာင္ျမင္စြာ ရရွိႏိုင္ေစရန္ လုပ္ေဆာင္ရမည့္ လမ္းစဥ္အေသးစိတ္ကိုလည္း ထည့္သြင္းေဖာ္ျပ ထားသည္။ ထို႔အျပင္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလတြင္လည္း တယ္လီေနာျမန္မာသည္ Ericsson ႏွင့္ပူးေပါင္း၍ Narrow Band Internet of Things (NB-IoT) နည္းပညာ စမ္းသပ္မႈအား ၎၏ ကိုယ္ပိုင္ LTE ကြန္ရက္ကို အသုံးျပဳ၍ ေအာင္ျမင္စြာ ျပဳလုပ္ႏိုင္ခဲ့သည့္ ပထမဦးဆုံး ဆက္သြယ္ေရး ေအာ္ပေရတာ ျဖစ္လာခဲ့သည္။

[Unicode]

မင်္ဂလာပါ။ ကျွန်တော့်နာမည် ခင်မင်ပါ။ သုံးစွဲသူများအား ပိုမိုမြန်ဆန်ကောင်းမွန်စွာ ဝန်ဆောင်ပေး နိုင်မည့် Chatbot အား တယ်လီနောမိတ်ဆက်

ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၁၉ ခုနှစ်၊ ရန်ကုန် – ပိုမိုကောင်းမွန်သော အသုံးပြုမှု အတွေ့အကြုံများအား ၎င်း၏ သုံးစွဲသူ များထံ ပေးအပ်နိုင်ရန်နှင့် သုံးစွဲသူများ လိုအပ်သည့် အကူအညီများအား ပိုမိုထိရောက်စွာ ပေးအပ်နိုင်ရန်အတွက် ‘ခင်မင်’ ဟု အမည်ရသည့် Chatbot အား တယ်လီနောမြန်မာက စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ ‘ခင်မင်’ သည် တယ်လီနောမြန်မာ၏ Facebook Messenger တွင် အသုံးပြုသူများ မေးမြန်းလာသမျှကို ပြန်လည်ဖြေကြားပေးနေပြီ ဖြစ်သည်။

‘ခင်မင်’ ဆိုသည်မှာ အသုံးပြုသူများ အွန်လိုင်းမှ ဆက်သွယ်မေးမြန်းမှုများအား ပြန်လည်ဖြေကြားနိုင်စွမ်းရှိသည့် မှတ်ဉာဏ်တု (artificial intelligence) အသုံးပြု ကွန်ပြူတာပရိုဂရမ်တစ်ခုဖြစ်သည်။ ဇန်နဝါရီလကုန်ပိုင်းမှစ၍ ‘ခင်မင်’ သည် တယ်လီနောမြန်မာထံသို့ Facebook Messenger မှတဆင့် ဆက်သွယ်ပြောကြားလာမှု မှန်သမျှအား ပြန်လည် ဖြေကြားလျက်ရှိသည်။ အသုံးပြုသူများက ‘Hi’ ဟု ပြောကြားလိုက်ရုံမျှဖြင့် ‘ခင်မင်’ သည် ဖုန်းဘေလ်စစ်ဆေးခြင်း၊ အစီအစဉ်များ ဝယ်ယူခြင်းနှင့် ပရိုမိုးရှင်းများအကြောင်း ရှင်းပြခြင်း အပါအဝင် လုပ်ဆောင်ချက်များစွာအတွက် သင့်လျော်သော အကူအညီများအား လမ်းညွှန်ပေးအပ်သွားမည် ဖြစ်သည်။ Chatbot မဖြေရှင်းပေးနိုင်သည့် ကိစ္စရပ် များကိုမူ သက်ဆိုင်ရာအသုံးပြုသူ ဝန်ဆောင်မှုပေးအပ်သည့် ဝန်ထမ်းများက လွှဲပြောင်းရယူ၍ ဆက်လက်ကိုင်တွယ် ဖြေရှင်းပေးသွားမည် ဖြစ်သည်။

“တယ်လီနော ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အသုံးပြုသူတွေ မေးမြန်းလာသမျှကို ခင်မင်ရဲ့ အကူအညီကြောင့် ပိုမို မြန်ဆန်ထိရောက်စွာ ပြန်လည်ဖြေကြားသွားနိုင်တော့မှာဖြစ်ပါတယ်။ စမ်းသပ်ကာလရဲ့ ပထမပိုင်းရက်အနည်းငယ် အတွင်းမှာပဲ ‘ခင်မင်’ က သူရဲ့ လုပ်ဆောင်နိုင်စွမ်းကို သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ messenger ကနေ နေ့စဉ်ရရှိတဲ့ မေးမြန်းမှုတွေရဲ့ တစ်ဝက်လောက်ကို အောင်မြင်စွာ ပြန်လည်ဖြေကြားပေးနိုင်ခဲ့ပါတယ်။ ဒီခြေလှမ်းဟာ တယ်လီနောရဲ့ ဝန်ဆောင်မှုတွေကို ပိုမိုအဆင့်မြင့်စေရုံသာမက အသုံးပြုသူတွေကိုလည်း အဆင့်မြင့်ဒစ်ဂျစ်တယ် နည်းပညာတွေ နဲ့ ပိုပြီးရင်းနှီးကျွမ်းဝင်သွားစေမှာ ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံလို အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နေတဲ့ နည်းပညာဈေးကွက်အတွင်းမှာ Chatbot ကိုသုံးစွဲသူတွေနဲ့ ဆက်သွယ်ပြောဆိုဖို့ အပြည့်အဝ အသုံးပြုနိုင်သလို Chatbot ကနေ ဝန်ထမ်းဆီကို ကူးပြောင်းပေးရာမှာလည်း အဆင်ပြေပြေ ချောချောမွေ့မွေ့ ဆောင်ရွက်နိုင်တဲ့ ဆက်သွယ်ရေးအော်ပရေတာတစ်ခုအဖြစ် အရမ်းကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်” ဟု တယ်လီနောမြန်မာ၏ ဒစ်ဂျစ်တယ်ဝန်ဆောင်မှု ပိုင်းဆိုင်ရာ တာဝန်ရှိသူ Chan May Ling က ပြောကြားသည်။

၂၀၁၉ ခုနှစ်အား ပုံသွင်းထုဆစ်သွားမည့် နည်းပညာ ၇ မျိုးအား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် တယ်လီနောလုပ်ငန်းစု ၏ သုတေသနဌာနက ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါနည်းပညာများမှာ Deep Fake (သတင်းအတုအယောင် ဖန်တီး ခြင်း)၊ AI Ethics (မှတ်ဉာဏ်တုဆိုင်ရာ ကျင့်ဝတ်များ)၊ 5G နည်းပညာ၊ Internet of Things (အင်တာနက်နှင့် ချိတ်ဆက်ထားသော ပစ္စည်းများ)၊ Chatbots၊ Screen time (စကရင်ကြည့်ရှုသည့်ကြာချိန်) နှင့် Green tech (သဘာဝ ပတ်ဝန်းကျင် အကျိုးပြုနည်းပညာများ) တို့ ဖြစ်ကြသည်။ ယခုအချိန်တွင်မှု တယ်လီနောမြန်မာသည် ၎င်း၏ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဆက်သွယ်ပြန်ကြားရေးပလက်ဖောင်းတွင် Chatbot လုပ်ဆောင်ချက်အား ပထမဦးဆုံး အကြိမ် ထည့်သွင်းအသုံးပြုနိုင်ခဲ့ပြီဖြစ်သည်။ တယ်လီနောမြန်မာသည် ဤ Chatbot လုပ်ဆောင်မှုအား ဆက်လက် အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး ပိုမိုများပြားသော လုပ်ဆောင်ချက်များကိုလည်း အသစ်ထပ်မံထည့်သွင်းသွားနိုင်ရန် ကြိုးစားလုပ်ဆောင်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်စီးပွားရေးတစ်ရပ် အောင်မြင်စွာ ပေါ်ပေါက်လာစေရန် ဦးတည်ချက်ထား ကြိုးပမ်းလျက် ရှိသည့် အစိုးရ၏ လုပ်ဆောင်ချက်များအား ထောက်ပံ့ကူညီသွားရန် သံန္နိဋ္ဌာန်ချထားသည်နှင့်အညီ တယ်လီနောမြန်မာ သည် ‘REALISING DIGITAL MYANMAR’ အမည်ရှိ မြန်မာ့ပထမဆုံးသော ဒစ်ဂျစ်တယ်အစီရင်ခံစာတစ်စောင်အား ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါအစီရင်ခံစာတွင် ၂၀၂၃ ခုနှစ်၌ ပြီးစီးသင့်သည့် မှတ်တိုင်များ၊ ရည်မှန်းချက်များ အောင်မြင်စွာ ရရှိနိုင်စေရန် လုပ်ဆောင်ရမည့် လမ်းစဉ်အသေးစိတ်ကိုလည်း ထည့်သွင်းဖော်ပြ ထားသည်။ ထို့အပြင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင်လည်း တယ်လီနောမြန်မာသည် Ericsson နှင့်ပူးပေါင်း၍ Narrow Band Internet of Things (NB-IoT) နည်းပညာ စမ်းသပ်မှုအား ၎င်း၏ ကိုယ်ပိုင် LTE ကွန်ရက်ကို အသုံးပြု၍ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည့် ပထမဦးဆုံး ဆက်သွယ်ရေး အော်ပရေတာ ဖြစ်လာခဲ့သည်။