[Zawgyi]

· အသုံးျပဳသူမ်ားအေနႏွင့္ ‘ကံၾကမၼာအေၾကာင္းသိေကာင္းစရာ’ အစီအစဥ္အား တယ္လီေနာျမန္မာ ဝက္ဘ္ဆိုက္ ေပၚတြင္ အခမဲ့ ဝင္ေရာက္ၾကည့္ရႈႏိုင္မည္

· ဤ ဝက္ဘ္စာမ်က္ႏွာမွတဆင့္ အခေပး သာမက အခမဲ့ ဝန္ေဆာင္မႈမ်ားကို ျမန္မာႏိုင္ငံတဝန္းရွိ တယ္လီေနာ အသုံးျပဳသူမ်ား ရယူအသုံးျပဳႏိုင္မည္

အေကာင္းမြန္ဆုံးေသာ အသုံးျပဳမႈအေတြ႕အႀကဳံမ်ားအား ေပးအပ္ႏိုင္ရန္ ရည္႐ြယ္ခ်က္ျဖင့္ တယ္လီေနာျမန္မာသည္ ၎၏ ဝက္ဘ္ဆိုက္တြင္ ‘ကံၾကမၼာ အေၾကာင္း သိေကာင္းစရာ’ စာမ်က္ႏွာသစ္ အား စတင္ထည့္သြင္းလိုက္ၿပီး အသုံးျပဳသူမ်ားအေနျဖင့္ ေဗဒင္ႏွင့္ပတ္သက္သည့္ ထူးျခားေသာ ဝန္ေဆာင္မႈ အမ်ိဳးမ်ိဳးကို အခ်ိန္မေ႐ြး၊ ေနရာမေ႐ြး အလြယ္တကူ ရယူအသုံးျပဳသြားႏိုင္မည္ ျဖစ္သည္။ အဆိုပါအစီအစဥ္အရ အခေပး ဝန္ေဆာင္မႈ မ်ား သာမက အခမဲ့ ဝန္ေဆာင္မႈမ်ားကိုလည္း တယ္လီေနာ အသုံးျပဳသူမ်ား အေနႏွင့္ ရယူအသုံးျပဳသြားႏိုင္မည္ ျဖစ္သည္။

“မိုဘိုင္းဆက္သြယ္ေရး ဝန္ေဆာင္မႈေတြကေန ရရွိႏိုင္တဲ့ အေကာင္းမြန္ဆုံးအက်ိဳးေက်းဇူးေတြကို တယ္လီေနာ အသုံးျပဳသူ ေတြဆီ ေပးအပ္ႏိုင္ဖို႔အတြက္ ရည္႐ြယ္ၿပီး ကံၾကမၼာေရးရာ သိေကာင္းစရာဆိုတဲ့ စာမ်က္ႏွာကို ဖန္တီးတည္ေဆာက္ခဲ့တာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာဆိုလည္း ေဗဒင္ပညာရပ္ကို အေတာ္ေလး စိတ္ဝင္တစား ရွိၾကတဲ့အျပင္ ေဗဒင္ပညာရွင္ေတြနဲ႔ လည္း မၾကာခဏ ဆက္သြယ္တိုင္ပင္ေလ့ရွိၾကတယ္လို႔ ကြၽန္ေတာ္တို႔ သိရွိထားပါတယ္။ အခု ကြၽန္ေတာ္တို႔ ေပးအပ္ လိုက္တဲ့ ေဗဒင္ဝန္ေဆာင္မႈေတြကေနတဆင့္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး အသီးသီးက အသုံးျပဳသူေတြအေနနဲ႔ သူတို႔ရဲ႕ ကံၾကမၼာေရးရာ ေဟာစာတမ္းေတြကို အသုံးတည့္ၿပီး ေပ်ာ္႐ႊင္စရာေကာင္းတဲ့ ပုံစံအသစ္နဲ႔ အခ်ိန္မေ႐ြး ရယူသြားႏိုင္မွာ ျဖစ္တဲ့အျပင္ ႏိုင္ငံတဝန္းကို လႊမ္းၿခဳံထားတဲ့ တယ္လီေနာကြန္ရက္ကေနတဆင့္လည္း နာမည္ေက်ာ္ ေဗဒင္ပညာရွင္ေတြနဲ႔ အလြယ္တကူ တိုက္႐ိုက္ဆက္သြယ္ ေဆြးေႏြးသြားႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူတို႔ရဲ႕ ႏွစ္သက္ရာ ပညာရွင္ေတြနဲ႔ ေတြ႕ဆုံဖို႔ အတြက္လည္း အခ်ိန္ကုန္ခံေနစရာ မလိုေတာ့ပါဘူး။ သူတို႔လိုအပ္တဲ့တစ္ခုတည္းေသာ အရာကေတာ့ တယ္လီေနာ ဆင္းမ္ကတ္ထည့္သြင္းထားတဲ့ မိုဘိုင္းဖုန္းပဲ ျဖစ္ပါတယ္” ဟု တယ္လီေနာျမန္မာ၏ ေဈးကြက္ ေဖာ္ေဆာင္ေရး ဆိုင္ရာ အရာရွိခ်ဳပ္ ျဖစ္သူ Amaresh Kumar က ေျပာၾကားခဲ့သည္။

သီးသန႔္ဖုန္းေခၚဆို၍ တိုင္ပင္ေဆြးေႏြးႏိုင္
ေဗဒင္ဝန္ေဆာင္မႈႏွင့္ ပတ္သက္၍ တယ္လီေနာအသုံးျပဳသူမ်ားသာ ရယူႏိုင္မည့္ အခေပးဝန္ေဆာင္မႈ ပထမ တစ္ခုမွာ ဖုန္းနံပါတ္ 7777 သို႔ သတ္မွတ္ထားေသာ အခ်ိန္အတြင္း ဖုန္းေခၚဆို၍ နာမည္ေက်ာ္ေဗဒင္ပညာရွင္ ၃ ဦးျဖစ္သည့္ ဆရာမင္းသိမ္းခိုင္၊ ေဒါက္တာ ေစာယုႏြယ္ႏွင့္ ဆရာေက်ာ္စစ္ေသြးတို႔ႏွင့္ သီးသန႔္စကားေျပာဆို ေဆြးေႏြးသြားႏိုင္မည့္ ဝန္ေဆာင္မႈ ျဖစ္ၿပီး တစ္မိနစ္လွ်င္ ၅၂၅ က်ပ္ (ကုန္သြယ္လုပ္ငန္းခြန္ အပါအဝင္) ႏႈန္းထားက်သင့္မည္ျဖစ္သည္။ တယ္လီေနာအသုံးျပဳသူမ်ား အေနျဖင့္ ေအာက္ပါ ဇယားတြင္ေဖာ္ျပထားသည့္အတိုင္း သတ္မွတ္ထားေသာ အခ်ိန္ အတြင္း သက္ဆိုင္ရာ ပညာရွင္ကို ဖုန္းေခၚဆို၍ သီးသန႔္ေဆြးေႏြးႏိုင္မည္ ျဖစ္သည္။

သီးသန႔္ ဒစ္ဂ်စ္တယ္ ေဟာစာတမ္း

တယ္လီေနာျမန္မာမွ မိတ္ဆက္ခဲ့သည့္ ဒုတိယဝန္ေဆာင္မႈ တစ္ခုမွာ ‘သီးသန႔္ ေဟာစာတမ္း’ ဝန္ေဆာင္မႈ ျဖစ္ၿပီး အသုံးျပဳသူမ်ားသည္ ၎တို႔၏ နာမည္၊ ေမြးသကၠရာဇ္၊ ေမြးရက္၊ က်ား/မ စသည့္ အခ်က္အလက္မ်ားကို ျဖည့္သြင္းၿပီး အထက္ပါ ေဗဒင္ပညာရွင္ ၃ ဦး အနက္ ေမးျမန္းလိုသည့္ ႏွစ္သက္ရာ ေဗဒင္ပညာရွင္ကို ေ႐ြးခ်ယ္ကာ မိမိအတြက္ သီးသန႔္တြက္ခ်က္ထားသည့္ ေဟာစာတမ္းကို ရယူႏိုင္ျခင္းျဖစ္သည္။ ဤဝန္ေဆာင္မႈအား အသုံးျပဳမည့္သူသည္ အသက္ ၁၈ ႏွစ္ႏွင့္ အထက္ ရွိရန္ လိုအပ္ၿပီး ၁၈ ႏွစ္ေအာက္ အသုံးျပဳသူမ်ားအေနျဖင့္ အုပ္ထိန္းသူ၏ ခြင့္ျပဳခ်က္လိုအပ္မည္ ျဖစ္သည္။ လိုအပ္သည့္ အခ်က္အလက္မ်ားအား ျဖည့္သြင္းၿပီး (၇၂ နာရီ) ၃ ရက္အၾကာတြင္ အသုံးျပဳသူမ်ားသည္ ၎တို႔ အတြက္ ‘သီးသန႔္ေဟာစာတမ္း’ အား ရရွိသြားမည္ ျဖစ္သည္။ အသုံးျပဳသူမ်ားသည္ အဆိုပါ ‘သီးသန႔္ေဟာစာတမ္း’ ဝန္ေဆာင္မႈအား ရယူလိုပါက ရက္သတၱပတ္ ၁ ပတ္ (၇ ရက္) အတြက္ စာရင္းေပးသြင္းခ ၁,၀၀၀ က်ပ္ (ကုန္သြယ္ လုပ္ငန္းခြန္ အပါအဝင္) ႏွင့္ ၁ လ (ရက္ေပါင္း ၃၀) အတြက္ ၂,၀၀၀ က်ပ္ (ကုန္သြယ္လုပ္ငန္းခြန္ အပါအဝင္) ႏႈန္းထား ျဖင့္ စာရင္းေပးသြင္းရယူႏိုင္မည္ ျဖစ္သည္။ အဆိုပါ ဝန္ေဆာင္မႈအား တယ္လီေနာျမန္မာ၏ ဝက္ဘ္ဆိုက္ရွိ ‘ကံၾကမၼာေရးရာ သိေကာင္းစရာ’ စာမ်က္ႏွာမွတဆင့္ စာရင္းေပးသြင္း ရယူႏိုင္မည္ ျဖစ္သည္။

အသံျဖင့္ အလိုအေလ်ာက္ ေျဖၾကားျခင္း
အျခားေသာ ေဗဒင္ႏွင့္သက္ဆိုင္သည့္ ဝန္ေဆာင္မႈတစ္ခုမွာ သင့္ေတာ္ေသာေျဖၾကားမႈမ်ားအား အလိုအေလ်ာက္ ေပးအပ္ သြားမည့္ စနစ္ (IVR) ျဖစ္ၿပီး အသုံးျပဳသူမ်ားသည္ အဆိုပါ စနစ္အား အသုံးျပဳ၍ ကံၾကမၼာ ေရးရာ ေဟာေျပာမႈမ်ားအား ရယူ နားဆင္သြားႏိုင္မည္ျဖစ္သည္။ လက္ရွိတြင္ အသုံးျပဳသူမ်ားသည္ ဖုန္းနံပါတ္ ၃၀၄ သို႔ ဖုန္းေခၚဆို၍ အဆိုပါ ဝန္ေဆာင္မႈအား စာရင္းေပးသြင္းရယူႏိုင္မည္ ျဖစ္ၿပီး ဆရာမင္းသိမ္းခိုင္၊ ဆရာပိုင္ဟိန္းေက်ာ္၊ ဆရာဇင္ေယာ္နီ၊ ဆရာမ ေဒါက္တာ ေစာယုႏြယ္၊ ဆရာ ဦးတင္ဦး၊ ဆရာ စံဇာဏီဘိုႏွင့္ ထိုင္းေဗဒင္ပညာရွင္ Kahta အစရွိသည့္ နာမည္ေက်ာ္ ေဗဒင္ပညာရွင္ ၆ ဦးအနက္ ၁ ဦးထံမွ ကံၾကမၼာ ေရးရာ ေဟာေျပာခ်က္မ်ားအား ရယူနားဆင္ႏိုင္မည္ ျဖစ္သည္။ ရက္သတၱပတ္ ၁ ပတ္ အတြက္ ၃၁၅ က်ပ္ (ကုန္သြယ္လုပ္ငန္းခြန္ အပါအဝင္) သာ က်သင့္မည့္ အဆိုပါ ဝန္ေဆာင္မႈအား စာရင္းေပးသြင္း ရယူထားျခင္းျဖင့္ အသုံးျပဳသူမ်ားသည္ အဆိုပါ ရက္သတၱပတ္အတြင္း ေန႔စဥ္ေန႔တိုင္း ေဗဒင္ေဟာေျပာမႈ အတြက္ အလိုအေလ်ာက္ ဖုန္းေခၚဆိုမႈ တစ္ႀကိမ္ကို လက္ခံရရွိမည္ျဖစ္ၿပီး အဆိုပါ ေဟာေျပာမႈအား အခ်ိန္မေ႐ြးပင္ ဖုန္းနံပါတ္ ၃၀၄ သို႔ ဆက္သြယ္၍ ျပန္လည္နားဆင္ႏိုင္မည္ ျဖစ္သည္။ ယင္းဝန္ေဆာင္မႈမွာ ရက္သတၱတစ္ပတ္ျပည့္ သည့္အခါ အလိုအေလ်ာက္သက္တမ္းတိုးမည္ျဖစ္သည္။

အထက္ပါ ဝန္ေဆာင္မႈမ်ားအျပင္ အသုံးျပဳသူမ်ားအတြက္ ေအာက္ပါ အခမဲ့ ဝန္ေဆာင္မႈ ၃ မ်ိဳးကိုလည္း ‘ကံၾကမၼာ အေၾကာင္း သိေကာင္းစရာ’ စာမ်က္ႏွာေပၚတြင္ ရယူႏိုင္မည္ ျဖစ္သည္။

ကံၾကမၼာေရးရာ – အသုံးျပဳသူ တစ္ဦးခ်င္းစီ အေနႏွင့္ ၎တို႔၏ေမြးေန႔အလိုက္ ေန႔စဥ္ေဟာစာတမ္းမ်ားကို ရယူ ဖတ္ရႈႏိုင္မည္။

ကံၾကမၼာလွည္းဘီး – အသုံးျပဳသူတစ္ဦးခ်င္းစီသည္ ကံၾကမၼာလွည္းဘီးကို လွည့္ကာ မိမိအတြက္ ကံေကာင္းေစ သည့္ နံပါတ္မ်ားအား ရယူၿပီး အဆိုပါ နံပါတ္မ်ားက ေဖာ္ျပေနသည့္ ၎တို႔အတြက္ ေဗဒင္ေဟာစာတမ္းအား ရယူဖတ္ရႈႏိုင္မည္။

တားေရာ့ကတ္မ်ား – အသုံးျပဳသူမ်ား အေနႏွင့္ ႀကိဳက္ႏွစ္သက္ရာ တားေရာ့ကတ္တစ္ကတ္ကို ေ႐ြးခ်ယ္ၿပီး အေသးစိတ္ ေဟာစာတမ္းကို ရယူ ဖတ္ရႈႏိုင္မည္။

တယ္လီေနာျမန္မာ၏ ဝန္ေဆာင္မႈအသစ္ျဖစ္ေသာ ‘ကံၾကမၼာအေၾကာင္း သိေကာင္းစရာ’ စာမ်က္ႏွာကို ေအာက္ပါ link မွတဆင့္ ဝင္ေရာက္ၾကည့္ရႈႏိုင္မည္ ျဖစ္သည္။

https://www.telenor.com.mm/en/personal/astrology-zone

တယ္လီေနာျမန္မာသည္ ျမန္မာႏိုင္ငံတဝန္းရွိ ၎၏အသုံးျပဳသူမ်ားအတြက္ ဆန္းသစ္ေသာ သီးသန႔္ အပိုထပ္ေဆာင္း ဝန္ေဆာင္မႈမ်ားအား ေဈးႏႈန္းအသက္သာဆုံးေသာ မိုဘိုင္းဆက္သြယ္ေရး ဝန္ေဆာင္မႈမ်ားမွတဆင့္ အလြယ္တကူ ရယူ သြားႏိုင္ရန္ ေပးအပ္လ်က္ရွိသည္။ ျမန္မာႏိုင္ငံမွ ၎၏ အသုံးျပဳသူမ်ားအတြက္ ပိုမိုေကာင္းမြန္ေသာ အသုံးျပဳမႈ အေတြ႕ အႀကဳံမ်ားႏွင့္ ဒစ္ဂ်စ္တယ္အေတြ႕အႀကဳံမ်ားအား ေပးအပ္သြားႏိုင္ရန္ ရည္႐ြယ္ခ်က္ျဖင့္ တယ္လီေနာျမန္မာသည္ လတ္တေလာတြင္ ႏိုင္ငံတကာဘဏ္ကတ္မ်ားမွတဆင့္ ဖုန္းေငြျဖည့္သြင္းႏိုင္မည့္ လုပ္ေဆာင္ခ်က္ အပါအဝင္ အမ်ိဳးမ်ိဳး ေသာ ဒစ္ဂ်စ္တယ္လုပ္ေဆာင္ခ်က္မ်ား ပါဝင္သည့္ အဆင့္ျမႇင့္တင္ထားေသာ MyTelenor App ဗားရွင္း 3.0 ကိုလည္း မၾကာေသးမီက မိတ္ဆက္ခဲ့သည္။

[Unicode]

တယ်လီနောသုံးစွဲသူများ ထူးခြားသည့် ဗေဒင်ဝန်ဆောင်မှုအမျိုးမျိုးအား ရယူနိုင်

· အသုံးပြုသူများအနေနှင့် ‘ကံကြမ္မာအကြောင်းသိကောင်းစရာ’ အစီအစဉ်အား တယ်လီနောမြန်မာ ဝက်ဘ်ဆိုက် ပေါ်တွင် အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်မည်

· ဤ ဝက်ဘ်စာမျက်နှာမှတဆင့် အခပေး သာမက အခမဲ့ ဝန်ဆောင်မှုများကို မြန်မာနိုင်ငံတဝန်းရှိ တယ်လီနော အသုံးပြုသူများ ရယူအသုံးပြုနိုင်မည်

အကောင်းမွန်ဆုံးသော အသုံးပြုမှုအတွေ့အကြုံများအား ပေးအပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် တယ်လီနောမြန်မာသည် ၎င်း၏ ဝက်ဘ်ဆိုက်တွင် ‘ကံကြမ္မာ အကြောင်း သိကောင်းစရာ’ စာမျက်နှာသစ် အား စတင်ထည့်သွင်းလိုက်ပြီး အသုံးပြုသူများအနေဖြင့် ဗေဒင်နှင့်ပတ်သက်သည့် ထူးခြားသော ဝန်ဆောင်မှု အမျိုးမျိုးကို အချိန်မရွေး၊ နေရာမရွေး အလွယ်တကူ ရယူအသုံးပြုသွားနိုင်မည် ဖြစ်သည်။ အဆိုပါအစီအစဉ်အရ အခပေး ဝန်ဆောင်မှု များ သာမက အခမဲ့ ဝန်ဆောင်မှုများကိုလည်း တယ်လီနော အသုံးပြုသူများ အနေနှင့် ရယူအသုံးပြုသွားနိုင်မည် ဖြစ်သည်။

“မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုတွေကနေ ရရှိနိုင်တဲ့ အကောင်းမွန်ဆုံးအကျိုးကျေးဇူးတွေကို တယ်လီနော အသုံးပြုသူ တွေဆီ ပေးအပ်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ကံကြမ္မာရေးရာ သိကောင်းစရာဆိုတဲ့ စာမျက်နှာကို ဖန်တီးတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုလည်း ဗေဒင်ပညာရပ်ကို အတော်လေး စိတ်ဝင်တစား ရှိကြတဲ့အပြင် ဗေဒင်ပညာရှင်တွေနဲ့ လည်း မကြာခဏ ဆက်သွယ်တိုင်ပင်လေ့ရှိကြတယ်လို့ ကျွန်တော်တို့ သိရှိထားပါတယ်။ အခု ကျွန်တော်တို့ ပေးအပ် လိုက်တဲ့ ဗေဒင်ဝန်ဆောင်မှုတွေကနေတဆင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးက အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ ကံကြမ္မာရေးရာ ဟောစာတမ်းတွေကို အသုံးတည့်ပြီး ပျော်ရွှင်စရာကောင်းတဲ့ ပုံစံအသစ်နဲ့ အချိန်မရွေး ရယူသွားနိုင်မှာ ဖြစ်တဲ့အပြင် နိုင်ငံတဝန်းကို လွှမ်းခြုံထားတဲ့ တယ်လီနောကွန်ရက်ကနေတဆင့်လည်း နာမည်ကျော် ဗေဒင်ပညာရှင်တွေနဲ့ အလွယ်တကူ တိုက်ရိုက်ဆက်သွယ် ဆွေးနွေးသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ နှစ်သက်ရာ ပညာရှင်တွေနဲ့ တွေ့ဆုံဖို့ အတွက်လည်း အချိန်ကုန်ခံနေစရာ မလိုတော့ပါဘူး။ သူတို့လိုအပ်တဲ့တစ်ခုတည်းသော အရာကတော့ တယ်လီနော ဆင်းမ်ကတ်ထည့်သွင်းထားတဲ့ မိုဘိုင်းဖုန်းပဲ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ ဈေးကွက် ဖော်ဆောင်ရေး ဆိုင်ရာ အရာရှိချုပ် ဖြစ်သူ Amaresh Kumar က ပြောကြားခဲ့သည်။

သီးသန့်ဖုန်းခေါ်ဆို၍ တိုင်ပင်ဆွေးနွေးနိုင်
ဗေဒင်ဝန်ဆောင်မှုနှင့် ပတ်သက်၍ တယ်လီနောအသုံးပြုသူများသာ ရယူနိုင်မည့် အခပေးဝန်ဆောင်မှု ပထမ တစ်ခုမှာ ဖုန်းနံပါတ် 7777 သို့ သတ်မှတ်ထားသော အချိန်အတွင်း ဖုန်းခေါ်ဆို၍ နာမည်ကျော်ဗေဒင်ပညာရှင် ၃ ဦးဖြစ်သည့် ဆရာမင်းသိမ်းခိုင်၊ ဒေါက်တာ စောယုနွယ်နှင့် ဆရာကျော်စစ်သွေးတို့နှင့် သီးသန့်စကားပြောဆို ဆွေးနွေးသွားနိုင်မည့် ဝန်ဆောင်မှု ဖြစ်ပြီး တစ်မိနစ်လျှင် ၅၂၅ ကျပ် (ကုန်သွယ်လုပ်ငန်းခွန် အပါအဝင်) နှုန်းထားကျသင့်မည်ဖြစ်သည်။ တယ်လီနောအသုံးပြုသူများ အနေဖြင့် အောက်ပါ ဇယားတွင်ဖော်ပြထားသည့်အတိုင်း သတ်မှတ်ထားသော အချိန် အတွင်း သက်ဆိုင်ရာ ပညာရှင်ကို ဖုန်းခေါ်ဆို၍ သီးသန့်ဆွေးနွေးနိုင်မည် ဖြစ်သည်။

သီးသန့် ဒစ်ဂျစ်တယ် ဟောစာတမ်း
တယ်လီနောမြန်မာမှ မိတ်ဆက်ခဲ့သည့် ဒုတိယဝန်ဆောင်မှု တစ်ခုမှာ ‘သီးသန့် ဟောစာတမ်း’ ဝန်ဆောင်မှု ဖြစ်ပြီး အသုံးပြုသူများသည် ၎င်းတို့၏ နာမည်၊ မွေးသက္ကရာဇ်၊ မွေးရက်၊ ကျား/မ စသည့် အချက်အလက်များကို ဖြည့်သွင်းပြီး အထက်ပါ ဗေဒင်ပညာရှင် ၃ ဦး အနက် မေးမြန်းလိုသည့် နှစ်သက်ရာ ဗေဒင်ပညာရှင်ကို ရွေးချယ်ကာ မိမိအတွက် သီးသန့်တွက်ချက်ထားသည့် ဟောစာတမ်းကို ရယူနိုင်ခြင်းဖြစ်သည်။ ဤဝန်ဆောင်မှုအား အသုံးပြုမည့်သူသည် အသက် ၁၈ နှစ်နှင့် အထက် ရှိရန် လိုအပ်ပြီး ၁၈ နှစ်အောက် အသုံးပြုသူများအနေဖြင့် အုပ်ထိန်းသူ၏ ခွင့်ပြုချက်လိုအပ်မည် ဖြစ်သည်။ လိုအပ်သည့် အချက်အလက်များအား ဖြည့်သွင်းပြီး (၇၂ နာရီ) ၃ ရက်အကြာတွင် အသုံးပြုသူများသည် ၎င်းတို့ အတွက် ‘သီးသန့်ဟောစာတမ်း’ အား ရရှိသွားမည် ဖြစ်သည်။ အသုံးပြုသူများသည် အဆိုပါ ‘သီးသန့်ဟောစာတမ်း’ ဝန်ဆောင်မှုအား ရယူလိုပါက ရက်သတ္တပတ် ၁ ပတ် (၇ ရက်) အတွက် စာရင်းပေးသွင်းခ ၁,၀၀၀ ကျပ် (ကုန်သွယ် လုပ်ငန်းခွန် အပါအဝင်) နှင့် ၁ လ (ရက်ပေါင်း ၃၀) အတွက် ၂,၀၀၀ ကျပ် (ကုန်သွယ်လုပ်ငန်းခွန် အပါအဝင်) နှုန်းထား ဖြင့် စာရင်းပေးသွင်းရယူနိုင်မည် ဖြစ်သည်။ အဆိုပါ ဝန်ဆောင်မှုအား တယ်လီနောမြန်မာ၏ ဝက်ဘ်ဆိုက်ရှိ ‘ကံကြမ္မာရေးရာ သိကောင်းစရာ’ စာမျက်နှာမှတဆင့် စာရင်းပေးသွင်း ရယူနိုင်မည် ဖြစ်သည်။

အသံဖြင့် အလိုအလျောက် ဖြေကြားခြင်း
အခြားသော ဗေဒင်နှင့်သက်ဆိုင်သည့် ဝန်ဆောင်မှုတစ်ခုမှာ သင့်တော်သောဖြေကြားမှုများအား အလိုအလျောက် ပေးအပ် သွားမည့် စနစ် (IVR) ဖြစ်ပြီး အသုံးပြုသူများသည် အဆိုပါ စနစ်အား အသုံးပြု၍ ကံကြမ္မာ ရေးရာ ဟောပြောမှုများအား ရယူ နားဆင်သွားနိုင်မည်ဖြစ်သည်။ လက်ရှိတွင် အသုံးပြုသူများသည် ဖုန်းနံပါတ် ၃၀၄ သို့ ဖုန်းခေါ်ဆို၍ အဆိုပါ ဝန်ဆောင်မှုအား စာရင်းပေးသွင်းရယူနိုင်မည် ဖြစ်ပြီး ဆရာမင်းသိမ်းခိုင်၊ ဆရာပိုင်ဟိန်းကျော်၊ ဆရာဇင်ယော်နီ၊ ဆရာမ ဒေါက်တာ စောယုနွယ်၊ ဆရာ ဦးတင်ဦး၊ ဆရာ စံဇာဏီဘိုနှင့် ထိုင်းဗေဒင်ပညာရှင် Kahta အစရှိသည့် နာမည်ကျော် ဗေဒင်ပညာရှင် ၆ ဦးအနက် ၁ ဦးထံမှ ကံကြမ္မာ ရေးရာ ဟောပြောချက်များအား ရယူနားဆင်နိုင်မည် ဖြစ်သည်။ ရက်သတ္တပတ် ၁ ပတ် အတွက် ၃၁၅ ကျပ် (ကုန်သွယ်လုပ်ငန်းခွန် အပါအဝင်) သာ ကျသင့်မည့် အဆိုပါ ဝန်ဆောင်မှုအား စာရင်းပေးသွင်း ရယူထားခြင်းဖြင့် အသုံးပြုသူများသည် အဆိုပါ ရက်သတ္တပတ်အတွင်း နေ့စဉ်နေ့တိုင်း ဗေဒင်ဟောပြောမှု အတွက် အလိုအလျောက် ဖုန်းခေါ်ဆိုမှု တစ်ကြိမ်ကို လက်ခံရရှိမည်ဖြစ်ပြီး အဆိုပါ ဟောပြောမှုအား အချိန်မရွေးပင် ဖုန်းနံပါတ် ၃၀၄ သို့ ဆက်သွယ်၍ ပြန်လည်နားဆင်နိုင်မည် ဖြစ်သည်။ ယင်းဝန်ဆောင်မှုမှာ ရက်သတ္တတစ်ပတ်ပြည့် သည့်အခါ အလိုအလျောက်သက်တမ်းတိုးမည်ဖြစ်သည်။

အထက်ပါ ဝန်ဆောင်မှုများအပြင် အသုံးပြုသူများအတွက် အောက်ပါ အခမဲ့ ဝန်ဆောင်မှု ၃ မျိုးကိုလည်း ‘ကံကြမ္မာ အကြောင်း သိကောင်းစရာ’ စာမျက်နှာပေါ်တွင် ရယူနိုင်မည် ဖြစ်သည်။

ကံကြမ္မာရေးရာ – အသုံးပြုသူ တစ်ဦးချင်းစီ အနေနှင့် ၎င်းတို့၏မွေးနေ့အလိုက် နေ့စဉ်ဟောစာတမ်းများကို ရယူ ဖတ်ရှုနိုင်မည်။

ကံကြမ္မာလှည်းဘီး – အသုံးပြုသူတစ်ဦးချင်းစီသည် ကံကြမ္မာလှည်းဘီးကို လှည့်ကာ မိမိအတွက် ကံကောင်းစေ သည့် နံပါတ်များအား ရယူပြီး အဆိုပါ နံပါတ်များက ဖော်ပြနေသည့် ၎င်းတို့အတွက် ဗေဒင်ဟောစာတမ်းအား ရယူဖတ်ရှုနိုင်မည်။

တားရော့ကတ်များ – အသုံးပြုသူများ အနေနှင့် ကြိုက်နှစ်သက်ရာ တားရော့ကတ်တစ်ကတ်ကို ရွေးချယ်ပြီး အသေးစိတ် ဟောစာတမ်းကို ရယူ ဖတ်ရှုနိုင်မည်။

တယ်လီနောမြန်မာ၏ ဝန်ဆောင်မှုအသစ်ဖြစ်သော ‘ကံကြမ္မာအကြောင်း သိကောင်းစရာ’ စာမျက်နှာကို အောက်ပါ link မှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။

https://www.telenor.com.mm/en/personal/astrology-zone

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်းရှိ ၎င်း၏အသုံးပြုသူများအတွက် ဆန်းသစ်သော သီးသန့် အပိုထပ်ဆောင်း ဝန်ဆောင်မှုများအား ဈေးနှုန်းအသက်သာဆုံးသော မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုများမှတဆင့် အလွယ်တကူ ရယူ သွားနိုင်ရန် ပေးအပ်လျက်ရှိသည်။ မြန်မာနိုင်ငံမှ ၎င်း၏ အသုံးပြုသူများအတွက် ပိုမိုကောင်းမွန်သော အသုံးပြုမှု အတွေ့ အကြုံများနှင့် ဒစ်ဂျစ်တယ်အတွေ့အကြုံများအား ပေးအပ်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် တယ်လီနောမြန်မာသည် လတ်တလောတွင် နိုင်ငံတကာဘဏ်ကတ်များမှတဆင့် ဖုန်းငွေဖြည့်သွင်းနိုင်မည့် လုပ်ဆောင်ချက် အပါအဝင် အမျိုးမျိုး သော ဒစ်ဂျစ်တယ်လုပ်ဆောင်ချက်များ ပါဝင်သည့် အဆင့်မြှင့်တင်ထားသော MyTelenor App ဗားရှင်း 3.0 ကိုလည်း မကြာသေးမီက မိတ်ဆက်ခဲ့သည်။