[Zawgyi]

ျမန္မာႏိုင္ငံရွိ ေတာင္သူမ်ားႏွင့္ ကုန္သည္မ်ားအၾကား geolocation စနစ္ႏွင့္ ခ်ိတ္ဆက္ေပးသြားႏိုင္စြမ္းရွိသည့္ ဆန္းသစ္ေသာ မိုဘိုင္းအက္ပလီေကးရွင္းျဖင့္ AgriMatch’ အမည္ရ လူငယ္အဖြဲ႕က ၆ ႀကိမ္ေျမာက္ တယ္လီေနာ လူငယ္ဖိုရမ္တြင္ အႏိုင္ရရွိခဲ့သည္။ ႏိုင္ငံလူဦးေရ၏ ၇၀ ရာခိုင္ႏႈန္းေက်ာ္က အဓိကဝင္ေငြအတြက္ စိုက္ပ်ိဳးေရးက႑အား မွီခိုေနရသည့္ ျမန္မာႏိုင္ငံတြင္ အဆိုပါ ေရွ႕ေျပးစီမံခ်က္ကို AgriMatch က လုပ္ေဆာင္သြားရန္ ရည္မွန္းထားသည္။

တယ္လီေနာ လူငယ္ဖိုရမ္ ၿပိဳင္ပြဲဝင္ ‘AgriMatch’ အဖြဲ႕သည္ စိုက္ပ်ိဳးေရးက႑အတြင္း ထုတ္လုပ္ျဖန႔္ျဖဴးေရာင္းခ်ေရးလုပ္ငန္းစဥ္ (supply chain) သာတူညီမွ်ရွိေစရန္ႏွင့္ ေႂကြးၿမီျပႆနာမ်ား၊ ဆင္းရဲမြဲေတမႈမ်ားႏွင့္ ရင္ဆိုင္ေနရသည့္ ေတာင္သူမ်ားအတြက္ အကူအညီျဖစ္ေစမည့္ မိုဘိုင္းဝန္ေဆာင္မႈ အားရည္႐ြယ္ဒီဇိုင္းေရးဆြဲကာ ေျခာက္လၾကာ စမ္းသပ္ျပင္ဆင္ၿပီးသည့္ေနာက္ (၆) ႀကိမ္ ေျမာက္ တယ္လီေနာလူငယ္ဖိုရမ္တြင္ အႏိုင္ရရွိခဲ့သည္။ အဆိုပါအဖြဲ႕သည္ လုပ္ငန္းျဖင့္ အႏိုင္ရရွိခဲ့ျခင္း ျဖစ္သည္။ ကမာၻ႔စားနပ္ရိကၡာႏွင့္ စိုက္ပ်ိဳးေရးအဖြဲ႕ (FAO) က ထုတ္ျပန္ခဲ့သည့္ ၂၀၁၉ ခုႏွစ္ အစီရင္ခံစာအရ ႏိုင္ငံလူဦးေရ၏ ၇၀ ရာခိုင္ႏႈန္းေက်ာ္သည္ အဓိကဝင္ေငြအတြက္ စိုက္ပ်ိဳးေရးက႑အား မွီခိုေနရသည့္ ျမန္မာႏိုင္ငံတြင္ ေရွ႕ေျပးစီမံခ်က္တစ္ခုကို AgriMatch က လုပ္ေဆာင္သြားရန္ ရည္မွန္းထားေၾကာင္း သိရသည္။

အဆိုပါ အဖြဲ႕သည္ ျမန္မာႏိုင္ငံရွိ Network Activities Group (NAG)ႏွင့္ ဆက္လက္ပူးေပါင္း ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ျပည္သူမ်ားႏွင့္ ပတ္ဝန္းက်င္အတြက္ ေရရွည္တည္တံ့ေသာ စိုက္ပ်ိဳးေရးစနစ္ တစ္ခု ေပၚေပါက္လာေစရန္ အေထာက္အကူျဖစ္ေစမည့္ Good Agricultural Practices (GAP) စနစ္ ပိုမိုေကာင္းမြန္လာေစရန္အတြက္ ကူညီေဆာင္႐ြက္သြားမည္ျဖစ္သည္။ ကမာၻ႔ကုလသမဂၢ အဖြဲ႕ႀကီးက ခ်မွတ္ထားသည့္ စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးတိုးတက္ေရးပန္းတိုင္ (၁၀) ႏွင့္အညီ ဤ မိုဘိုင္းအက္ပလီေကးရွင္း သည္ အာရွတိုက္ရွိ ဆန္စပါးထုတ္လုပ္ျဖန႔္ျဖဴးေရာင္းခ်ေရး လုပ္ငန္းစဥ္အတြင္း ကြာဟခ်က္မ်ားအား ေလွ်ာ့ခ် ႏိုင္ရန္ ကူညီေပးမည္ ျဖစ္သည္။

“ထူးခြၽန္ေျပာင္ေျမာက္တဲ့ AgriMatch ရဲ႕ စီမံကိန္းကိုၾကည့္ရတာ အလြန္အားရစရာေကာင္းပါတယ္။ သူတို႔ရဲ႕ စီမံကိန္းေၾကာင့္ ျမန္မာႏိုင္ငံမွာရွိတဲ့ ဆန္စပါးထုတ္လုပ္ျဖန႔္ျဖဴးေရာင္းခ်ေရး လုပ္ငန္းစဥ္ကို အက်ိဳးျပဳ႐ုံ သာမက အာရွတခြင္ကိုပါ သိသိသာသာ ေျပာင္းလဲသက္ေရာက္မႈရွိႏိုင္မယ္လို႔ ယုံၾကည္ပါတယ္။ ၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္သြားတဲ့ တျခားစီမံကိန္းေတြကလည္း အရမ္းေကာင္းေနေတာ့ ဂ်ဴရီလူႀကီးမင္းေတြလည္း အေကာင္းဆုံးအဖြဲ႕ကို ဆုေပးဖို႔ ေတာ္ေတာ္ဆုံးျဖတ္ရခက္ ခဲ့မွာပါ။ ဒါ့အျပင္ တယ္လီေနာလူငယ္ဖိုရမ္မွာ ဆုံးျဖတ္ခ်က္ခိုင္မာမႈနဲ႔ စိတ္အားထက္သန္မႈတို႔ကို ျပသႏိုင္ခဲ့တဲ့ ျမန္မာႏိုင္ငံ ကိုယ္စားလွယ္ ၂ ေယာက္ျဖစ္ တဲ့ ကိုသီဟနဲ႔ မနန္းတို႔အတြက္လည္း ဂုဏ္ယူမိပါတယ္။ ဒီႏွစ္ဖိုရမ္မွာ အႏိုင္မရရွိခဲ့ေပမယ့္ ဒီျမန္မာ ကိုယ္စားလွယ္ ၂ ေယာက္က ႏိုင္ငံရဲ႕ ဒစ္ဂ်စ္တယ္အနာဂတ္ကို ပုံေဖာ္ရာမွာ အေရးပါတဲ့ က႑ကေန ပါဝင္သြားႏိုင္တယ္လို တထစ္ခ် ယုံၾကည္ထားပါတယ္” ဟု တယ္လီေနာျမန္မာ အမႈေဆာင္အရာရွိခ်ဳပ္ Sharad Mehrotra က ေျပာၾကားသည္။

တယ္လီေနာလူငယ္ဖိုရမ္ ၂၀၁၈/၂၀၁၉ ၏ ေနာက္ဆုံးအဆင့္ၿပိဳင္ပြဲအား ဘန္ေကာက္ၿမိဳ႕တြင္ ေမလ ၂၈ ရက္၌ က်င္းပျပဳလုပ္ခဲ့ၿပီး ႏိုင္ငံေပါင္း ၈ ႏိုင္ငံ လူငယ္ေခါင္းေဆာင္ ၁၆ ေယာက္က ၎တို႔၏ အဖြဲ႕အလိုက္ လုပ္ေဆာင္ခဲ့ေသာ ဒစ္ဂ်စ္တယ္ဝန္ေဆာင္မႈ ၄ မ်ိဳးကို တယ္လီေနာလုပ္ငန္းစု၊ Plan International၊ ယူနီဆက္ႏွင့္ ႏိုဘယ္ၿငိမ္းခ်မ္းေရးစင္တာတို႔မွ ကြၽမ္းက်င္ပညာရွင္မ်ား၏ ေရွ႕ေမွာက္တြင္ တင္ဆက္ျပသခဲ့ သည္။ ‘AgriMatch’ အဖြဲ႕အတြက္ ေ႐ြးခ်ယ္ေပးထားသည့္ စိန္ေခၚမႈမွာ စားနပ္ရိကၡာ ထုတ္လုပ္ရာတြင္ ေရရွည္တည္တံ့မႈ ပိုမိုရရွိလာေစရန္ႏွင့္ ထိုမွတဆင့္ ကမာၻတဝန္း က်န္းမာေရးက႑အတြင္း မညီမွ်မႈမ်ား ေလ်ာ့နည္းလာေစရန္ ဒစ္ဂ်စ္တယ္ပိုင္းဆိုင္ရာ ေျဖရွင္းခ်က္တစ္ခုအား ဒီဇိုင္းေရးဆြဲေပးရန္ ျဖစ္သည္။ ယခုႏွစ္ တယ္လီေနာလူငယ္ဖိုရမ္အား အႏိုင္ရရွိခဲ့သည့္အတြင္ ‘AgriMatch’ သည္ အေမရိကန္ေဒၚလာ ၁၅,၀၀၀ (ေနာ္ေဝႏိုင္ငံသုံး ေငြေၾကး ခ႐ိုနာ ၁ သိန္း) ရရွိမည္ ျဖစ္ၿပီး ၎တို႔၏ ဝန္ေဆာင္မႈ အား ဆက္လက္အေကာင္အထည္ေဖာ္ႏိုင္ရန္ အတြက္ အသုံးျပဳရမည္ျဖစ္သည္။

ေနာက္ဆုံးအဆင့္ၿပိဳင္ပြဲတြင္ ဂ်ဴရီလူႀကီးမ်ားထံ တင္ျပခဲ့သည့္ အျခားေသာ ဝန္ေဆာင္မႈ အိုင္ဒီယာ ၃ မ်ိဳးမွာ စိတ္က်န္းမာေရးႏွင့္ ပတ္သက္၍ အထင္အျမင္လြဲမွားမႈမ်ားအား ဒစ္ဂ်စ္တယ္နည္းပညာ အသုံးျပဳ ေလွ်ာ့ခ် ျခင္း၊ သန႔္ရွင္းေသာ ေသာက္သုံးေရ ရရွိႏိုင္မႈ ပိုမိုျမင့္မားလာေစရန္ ဒစ္ဂ်စ္တယ္နည္းလမ္း အသုံးျပဳေဆာင္ ႐ြက္ျခင္းႏွင့္ သက္ႀကီး႐ြယ္အိုမ်ား၏ ကြၽမ္းက်င္မႈမ်ားအား လူငယ္မ်ားထံ ပိုမိုလြယ္ကူစြာ မွ်ေဝေပးႏိုင္မည့္ ဒစ္ဂ်စ္တယ္ ပလက္ေဖာင္းအစရွိသည္တို႔ ျဖစ္ၾကသည္။ ယခုႏွစ္ တယ္လီေနာလူငယ္ဖိုရမ္အား ျမန္မာႏိုင္ငံ ကိုယ္စားျပဳအျဖစ္ တက္ေရာက္ရန္ ေလွ်ာက္ထားသူေပါင္း ၂၀၀ ေက်ာ္ အနက္မွ သီဟေဇာ္ႏွင့္ နန္းယဥ္ယဥ္ ဝင္းႏြယ္တို႔အား ေ႐ြးခ်ယ္ေစလႊတ္ခဲ့သည္။

ျမန္မာႏိုင္ငံကိုယ္စားျပဳ လူငယ္ကိုယ္စားလွယ္တစ္ဦးျဖစ္ေသာ နန္းယဥ္ယဥ္ဝင္းႏြယ္သည္ ဘဂၤလားေဒ့ရွ္၊ ဆြီဒင္ႏွင့္ ပါကစၥတန္ႏိုင္ငံမ်ားမွ ကိုယ္စားလွယ္မ်ားႏွင့္အတူ သန႔္ရွင္းေသာ ေသာက္သုံးေရ ရရွိေရးအတြက္ နည္းလမ္းမ်ားရွာေဖြရာတြင္ ပါဝင္ခဲ့သည္။ ၎တို႔၏ အဖြဲ႕သည္ ဝင္ေငြနည္းပါးေသာ သို႔မဟုတ္ ေက်းလက္ ေဒသမ်ားရွိ အိမ္ေထာင္စုမ်ားအတြက္ ႐ိုးရွင္းေသာ လုပ္ေဆာင္ခ်က္မ်ား ပါဝင္သည့္ လက္ကိုင္ဖုန္းမ်ားမွ တဆင့္ မသန႔္ရွင္းေသာ ေသာက္သုံးေရဆိုင္ရာ ျပႆနာမ်ားအား အေၾကာင္းၾကားႏိုင္မည့္ နည္းလမ္းအား တင္ျပခဲ့သည္။ ထို႔ေနာက္တြင္ ဝင္ေငြျမင့္မားေသာ စမတ္ဖုန္းအသုံးျပဳသူမ်ားသည္ သန႔္ရွင္းေသာ ေသာက္သုံးေရမရရွိသည့္ အိမ္ေထာင္စုမ်ားထံသို႔ အက္ပလီေကးရွင္းမွတဆင့္ ဆက္သြယ္၍ လႉဒါန္းမႈမ်ား ျပဳလုပ္သြားႏိုင္မည္ျဖစ္သည့္အျပင္ ပိုမိုေကာင္းမြန္ေသာ ကူညီေစာင့္ေရွာက္မႈမ်ား ေပးအပ္ႏိုင္မည့္ အဖြဲ႕ အစည္းမ်ား၊ သက္ဆိုင္ရာ အာဏာပိုင္မ်ားႏွင့္လည္း ခ်ိတ္ဆက္ေပးသြားႏိုင္မည္ ျဖစ္သည္။

“အဖြဲ႕လိုက္အလုပ္အတူတြဲလုပ္ခဲ့တဲ့ ၅ လေက်ာ္ကာလအတြင္းမွာ စိတ္လႈပ္ရွားမႈေတြ၊ အျမင္ကြဲျပားမႈေတြ၊ စိတ္ရႈပ္ေထြးမႈေတြ၊ စိုးရိမ္မႈေတြနဲ႔ ေပ်ာ္႐ႊင္မႈေတြ မ်ိဳးစုံႀကဳံေတြ႕ခဲ့ရပါတယ္။ ကြၽန္မတို႔အားလုံး သူေတသနေတြ နဲ႔အင္တာဗ်ဴးေတြမ်ားစြာ ျပဳလုပ္ခဲ့ၿပီး အဖြဲ႕အစည္းအမ်ိဳးမ်ိဳးနဲ႔ မိတ္ဖက္ေတြကိုလည္း ကြၽန္ေတာ္တို႔ရဲ႕ စီမံခ်က္အေၾကာင္းကို ေျပာျပခဲ့ပါတယ္။ ဒီကာလက တစ္ကယ့္ကိုခက္ခဲခဲ့ေပမယ့္ ကြၽန္မတို႔ အခု လက္ရွိ လုပ္ေဆာင္ႏိုင္ခဲ့တာေတြနဲ႔ ပတ္သက္ၿပီး ဂုဏ္ယူမိပါတယ္။ ေနာက္ၿပီး ကြၽန္မတို႔ရဲ႕ ေနာက္ဆုံးအဆင့္ စီမံကိန္းအိုင္ဒီယာကို အားလုံးရဲ႕ေရွ႕ေမွာက္မွာ ေဆြးေႏြးတင္ျပခြင့္ရခဲ့တဲ့အတြက္လည္း အရမ္းကို ဂုဏ္ယူ ဝမ္းေျမာက္မိပါတယ္။ AgriMatch က တင္ျပသြားတဲ့ အိုင္ဒီယာကလည္း အရမ္းကို အံ့အားသင့္ဖို႔ေကာင္းၿပီး သူတို႔ရဲ႕ အရမ္းေကာင္းမြန္တဲ့ ေဆာင္႐ြက္ခ်က္အတြက္ တစ္ကယ့္ကို ဂုဏ္ျပဳလိုပါတယ္” ဟု ျမန္မာႏိုင္ငံ ကိုယ္စားလွယ္ အသက္ ၂၅ ႏွစ္ အ႐ြယ္ နန္းယဥ္ယဥ္ဝင္းႏြယ္က ေျပာၾကားသည္။

ျမန္မာႏိုင္ငံ ကိုယ္စားျပဳ လူငယ္ကိုယ္စားလွယ္ ေနာက္တစ္ဦးျဖစ္သည့္ သီဟေဇာ္သည္လည္း ဒိန္းမတ္၊ ေနာ္ေဝႏွင့္ ထိုင္းႏိုင္ငံတို႔မွ လူငယ္ကိုယ္စားလွယ္မ်ားႏွင့္ လက္တြဲ၍ ကမာၻတစ္ဝန္းရွိ တိုးပြားလာေသာ သက္ႀကီးလူဦးေရအား ကူညီေထာက္ပံ့ေပးႏိုင္မည့္ ဒစ္ဂ်စ္တယ္နည္းလမ္းမ်ားအား ရွာေဖြသြားမည္ ျဖစ္သည္။ အဆိုပါ သက္ႀကီးျပည္သူတို႔၏ ဘဝတစ္ေလွ်ာက္လုံးမွ ကြၽမ္းက်င္မႈမ်ား၊ အေတြ႕အႀကဳံမ်ားအား အသုံးျပဳ၍ ေငြေၾကးရွာေဖြႏိုင္မည့္ ဒစ္ဂ်စ္တယ္ ပလက္ေဖာင္းတစ္ခုအား သီဟေဇာ္တို႔အဖြဲ႕က တင္ျပခဲ့သည္။ အဆိုပါ ပလက္ေဖာင္းမွတဆင့္ သက္ႀကီး႐ြယ္အိုလူဦးေရအား ၎တို႔ေနထိုင္ရာ လူ႔အဖြဲ႕အစည္းမ်ားႏွင့္ တစ္သားတည္းျဖစ္ေစရန္ ကူညီလုပ္ေဆာင္ေပးသြားမည္ျဖစ္ၿပီး ၎တို႔၏ ကြၽမ္းက်င္မႈမ်ားႏွင့္ အသိပညာ တို႔အား ဘ႑ာေရးဆိုင္ရာ အက်ိဳးအျမတ္ရွာေဖြရာတြင္ အသုံးျပဳသြားႏိုင္မည္ ျဖစ္သည္။

“ေအာ္စလိုမွာ စတင္ျပင္ဆင္ကတည္းက အခုအခ်ိန္ထိ ကြၽန္ေတာ္တို႔ အမ်ားႀကီး တိုးတက္လာတယ္လို႔ ယုံၾကည္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕စီမံခ်က္က အေကာင္းမြန္ဆုံးအေျခအေနကို မေရာက္ရွိေသးေပမယ့္ ကြၽန္ေတာ္တို႔ ဂုဏ္ယူႏိုင္မယ့္ ေဆာင္႐ြက္ခ်က္တစ္ခုကို ဖန္တီးႏိုင္ခဲ့တယ္ဆိုတာ အေသအခ်ာပါပဲ။ ၿပီးခဲ့တဲ့ ၅ လ ေက်ာ္အတြင္းမွာ ကြၽန္ေတာ္တို႔ သုေတသနေတြ၊ အြန္လိုင္းကေန စစ္တမ္းေကာက္ယူမႈေတြ ျပဳလုပ္ခဲ့ တဲ့အျပင္ စီမံကိန္းကိုလည္း ထိုင္းႏိုင္ငံမွာ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ အားလုံးအတြက္ မေမ့ႏိုင္စရာအေတြ႕အႀကဳံတစ္ခုပါပဲ။ AgriMatch အဖြဲ႕က တင္ျပသြားတဲ့ အိုင္ဒီယာက လည္း တစ္ကယ့္ကို ေကာင္းမြန္ၿပီး ကမာၻတစ္ဝန္းမွာ ေကာင္းမြန္တဲ့ ေျပာင္းလဲမႈေတြ ျဖစ္ေပၚလာေစမယ္ ဆိုတာ ကြၽန္ေတာ္ ယုံၾကည္ပါတယ္” ဟု အသက္ ၂၅ ႏွစ္အ႐ြယ္ရွိ သီဟေဇာ္က ေျပာၾကားသည္။

၂၀၁၇-၁၈ ခုႏွစ္ တယ္လီေနာလူငယ္ဖိုရမ္တြင္လည္း ျမန္မာႏိုင္ငံမွ နန္းကံ့ေကာ္ယြက္ဆိုင္ပါဝင္သည့္ AGNCY အမည္ရ အဖြဲ႕က လုပ္သားမ်ား အလုပ္သမားအခြင့္အေရး ခ်ိဳးေဖာက္ခံရမႈမ်ားႏွင့္ ပတ္သက္၍ တင္ျပႏိုင္မည့္ လူထုအေျချပဳ ပေရာဂ်က္ျဖင့္ အႏိုင္ရရွိခဲ့ၿပီး ကမာၻတစ္ဝန္းရွိ ဖိႏွိပ္ခံလုပ္သားမ်ား ခံစားေနရ သည့္ မညီမွ်မႈမ်ားအား ေလွ်ာ့ခ်ရာတြင္ အေထာက္အပံ့ ျဖစ္ေစမည့္ အဆိုပါ စီမံကိန္းအား ဆက္လက္ အေကာင္အထည္ေဖာ္ရန္ အတြက္ ဆုေၾကးေငြ အေမရိကန္ေဒၚလာ ၁၅,၀၀၀ အား ရရွိခဲ့သည္။

[Unicode]

မြန်မာ့ဆန်စပါးကဏ္ဍကို အကျိုးပြုနိုင်မည့် မိုဘိုင်းဝန်ဆောင်မှုအသစ်ကို ဖန်တီးခဲ့သည့် လူငယ်အဖွဲ့ တယ်လီနောလူငယ်ဖိုရမ်တွင် အနိုင်ရရှိ

မြန်မာနိုင်ငံရှိ တောင်သူများနှင့် ကုန်သည်များအကြား geolocation စနစ်နှင့် ချိတ်ဆက်ပေးသွားနိုင်စွမ်းရှိသည့် ဆန်းသစ်သော မိုဘိုင်းအက်ပလီကေးရှင်းဖြင့် AgriMatch’ အမည်ရ လူငယ်အဖွဲ့က ၆ ကြိမ်မြောက် တယ်လီနော လူငယ်ဖိုရမ်တွင် အနိုင်ရရှိခဲ့သည်။ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်က အဓိကဝင်ငွေအတွက် စိုက်ပျိုးရေးကဏ္ဍအား မှီခိုနေရသည့် မြန်မာနိုင်ငံတွင် အဆိုပါ ရှေ့ပြေးစီမံချက်ကို AgriMatch က လုပ်ဆောင်သွားရန် ရည်မှန်းထားသည်။

တယ်လီနော လူငယ်ဖိုရမ် ပြိုင်ပွဲဝင် ‘AgriMatch’ အဖွဲ့သည် စိုက်ပျိုးရေးကဏ္ဍအတွင်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းစဉ် (supply chain) သာတူညီမျှရှိစေရန်နှင့် ကြွေးမြီပြဿနာများ၊ ဆင်းရဲမွဲတေမှုများနှင့် ရင်ဆိုင်နေရသည့် တောင်သူများအတွက် အကူအညီဖြစ်စေမည့် မိုဘိုင်းဝန်ဆောင်မှု အားရည်ရွယ်ဒီဇိုင်းရေးဆွဲကာ ခြောက်လကြာ စမ်းသပ်ပြင်ဆင်ပြီးသည့်နောက် (၆) ကြိမ် မြောက် တယ်လီနောလူငယ်ဖိုရမ်တွင် အနိုင်ရရှိခဲ့သည်။ အဆိုပါအဖွဲ့သည် လုပ်ငန်းဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ထုတ်ပြန်ခဲ့သည့် ၂၀၁၉ ခုနှစ် အစီရင်ခံစာအရ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် အဓိကဝင်ငွေအတွက် စိုက်ပျိုးရေးကဏ္ဍအား မှီခိုနေရသည့် မြန်မာနိုင်ငံတွင် ရှေ့ပြေးစီမံချက်တစ်ခုကို AgriMatch က လုပ်ဆောင်သွားရန် ရည်မှန်းထားကြောင်း သိရသည်။

အဆိုပါ အဖွဲ့သည် မြန်မာနိုင်ငံရှိ Network Activities Group (NAG)နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူများနှင့် ပတ်ဝန်းကျင်အတွက် ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ် တစ်ခု ပေါ်ပေါက်လာစေရန် အထောက်အကူဖြစ်စေမည့် Good Agricultural Practices (GAP) စနစ် ပိုမိုကောင်းမွန်လာစေရန်အတွက် ကူညီဆောင်ရွက်သွားမည်ဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ချမှတ်ထားသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (၁၀) နှင့်အညီ ဤ မိုဘိုင်းအက်ပလီကေးရှင်း သည် အာရှတိုက်ရှိ ဆန်စပါးထုတ်လုပ်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းစဉ်အတွင်း ကွာဟချက်များအား လျှော့ချ နိုင်ရန် ကူညီပေးမည် ဖြစ်သည်။

“ထူးချွန်ပြောင်မြောက်တဲ့ AgriMatch ရဲ့ စီမံကိန်းကိုကြည့်ရတာ အလွန်အားရစရာကောင်းပါတယ်။ သူတို့ရဲ့ စီမံကိန်းကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ ဆန်စပါးထုတ်လုပ်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းစဉ်ကို အကျိုးပြုရုံ သာမက အာရှတခွင်ကိုပါ သိသိသာသာ ပြောင်းလဲသက်ရောက်မှုရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားတဲ့ တခြားစီမံကိန်းတွေကလည်း အရမ်းကောင်းနေတော့ ဂျူရီလူကြီးမင်းတွေလည်း အကောင်းဆုံးအဖွဲ့ကို ဆုပေးဖို့ တော်တော်ဆုံးဖြတ်ရခက် ခဲ့မှာပါ။ ဒါ့အပြင် တယ်လီနောလူငယ်ဖိုရမ်မှာ ဆုံးဖြတ်ချက်ခိုင်မာမှုနဲ့ စိတ်အားထက်သန်မှုတို့ကို ပြသနိုင်ခဲ့တဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ် ၂ ယောက်ဖြစ် တဲ့ ကိုသီဟနဲ့ မနန်းတို့အတွက်လည်း ဂုဏ်ယူမိပါတယ်။ ဒီနှစ်ဖိုရမ်မှာ အနိုင်မရရှိခဲ့ပေမယ့် ဒီမြန်မာ ကိုယ်စားလှယ် ၂ ယောက်က နိုင်ငံရဲ့ ဒစ်ဂျစ်တယ်အနာဂတ်ကို ပုံဖော်ရာမှာ အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်သွားနိုင်တယ်လို တထစ်ချ ယုံကြည်ထားပါတယ်” ဟု တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် Sharad Mehrotra က ပြောကြားသည်။

တယ်လီနောလူငယ်ဖိုရမ် ၂၀၁၈/၂၀၁၉ ၏ နောက်ဆုံးအဆင့်ပြိုင်ပွဲအား ဘန်ကောက်မြို့တွင် မေလ ၂၈ ရက်၌ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံပေါင်း ၈ နိုင်ငံ လူငယ်ခေါင်းဆောင် ၁၆ ယောက်က ၎င်းတို့၏ အဖွဲ့အလိုက် လုပ်ဆောင်ခဲ့သော ဒစ်ဂျစ်တယ်ဝန်ဆောင်မှု ၄ မျိုးကို တယ်လီနောလုပ်ငန်းစု၊ Plan International၊ ယူနီဆက်နှင့် နိုဘယ်ငြိမ်းချမ်းရေးစင်တာတို့မှ ကျွမ်းကျင်ပညာရှင်များ၏ ရှေ့မှောက်တွင် တင်ဆက်ပြသခဲ့ သည်။ ‘AgriMatch’ အဖွဲ့အတွက် ရွေးချယ်ပေးထားသည့် စိန်ခေါ်မှုမှာ စားနပ်ရိက္ခာ ထုတ်လုပ်ရာတွင် ရေရှည်တည်တံ့မှု ပိုမိုရရှိလာစေရန်နှင့် ထိုမှတဆင့် ကမ္ဘာတဝန်း ကျန်းမာရေးကဏ္ဍအတွင်း မညီမျှမှုများ လျော့နည်းလာစေရန် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဖြေရှင်းချက်တစ်ခုအား ဒီဇိုင်းရေးဆွဲပေးရန် ဖြစ်သည်။ ယခုနှစ် တယ်လီနောလူငယ်ဖိုရမ်အား အနိုင်ရရှိခဲ့သည့်အတွင် ‘AgriMatch’ သည် အမေရိကန်ဒေါ်လာ ၁၅,၀၀၀ (နော်ဝေနိုင်ငံသုံး ငွေကြေး ခရိုနာ ၁ သိန်း) ရရှိမည် ဖြစ်ပြီး ၎င်းတို့၏ ဝန်ဆောင်မှု အား ဆက်လက်အကောင်အထည်ဖော်နိုင်ရန် အတွက် အသုံးပြုရမည်ဖြစ်သည်။

နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် ဂျူရီလူကြီးများထံ တင်ပြခဲ့သည့် အခြားသော ဝန်ဆောင်မှု အိုင်ဒီယာ ၃ မျိုးမှာ စိတ်ကျန်းမာရေးနှင့် ပတ်သက်၍ အထင်အမြင်လွဲမှားမှုများအား ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြု လျှော့ချ ခြင်း၊ သန့်ရှင်းသော သောက်သုံးရေ ရရှိနိုင်မှု ပိုမိုမြင့်မားလာစေရန် ဒစ်ဂျစ်တယ်နည်းလမ်း အသုံးပြုဆောင် ရွက်ခြင်းနှင့် သက်ကြီးရွယ်အိုများ၏ ကျွမ်းကျင်မှုများအား လူငယ်များထံ ပိုမိုလွယ်ကူစွာ မျှဝေပေးနိုင်မည့် ဒစ်ဂျစ်တယ် ပလက်ဖောင်းအစရှိသည်တို့ ဖြစ်ကြသည်။ ယခုနှစ် တယ်လီနောလူငယ်ဖိုရမ်အား မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် တက်ရောက်ရန် လျှောက်ထားသူပေါင်း ၂၀၀ ကျော် အနက်မှ သီဟဇော်နှင့် နန်းယဉ်ယဉ် ဝင်းနွယ်တို့အား ရွေးချယ်စေလွှတ်ခဲ့သည်။

မြန်မာနိုင်ငံကိုယ်စားပြု လူငယ်ကိုယ်စားလှယ်တစ်ဦးဖြစ်သော နန်းယဉ်ယဉ်ဝင်းနွယ်သည် ဘင်္ဂလားဒေ့ရှ်၊ ဆွီဒင်နှင့် ပါကစ္စတန်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် နည်းလမ်းများရှာဖွေရာတွင် ပါဝင်ခဲ့သည်။ ၎င်းတို့၏ အဖွဲ့သည် ဝင်ငွေနည်းပါးသော သို့မဟုတ် ကျေးလက် ဒေသများရှိ အိမ်ထောင်စုများအတွက် ရိုးရှင်းသော လုပ်ဆောင်ချက်များ ပါဝင်သည့် လက်ကိုင်ဖုန်းများမှ တဆင့် မသန့်ရှင်းသော သောက်သုံးရေဆိုင်ရာ ပြဿနာများအား အကြောင်းကြားနိုင်မည့် နည်းလမ်းအား တင်ပြခဲ့သည်။ ထို့နောက်တွင် ဝင်ငွေမြင့်မားသော စမတ်ဖုန်းအသုံးပြုသူများသည် သန့်ရှင်းသော သောက်သုံးရေမရရှိသည့် အိမ်ထောင်စုများထံသို့ အက်ပလီကေးရှင်းမှတဆင့် ဆက်သွယ်၍ လှူဒါန်းမှုများ ပြုလုပ်သွားနိုင်မည်ဖြစ်သည့်အပြင် ပိုမိုကောင်းမွန်သော ကူညီစောင့်ရှောက်မှုများ ပေးအပ်နိုင်မည့် အဖွဲ့ အစည်းများ၊ သက်ဆိုင်ရာ အာဏာပိုင်များနှင့်လည်း ချိတ်ဆက်ပေးသွားနိုင်မည် ဖြစ်သည်။

“အဖွဲ့လိုက်အလုပ်အတူတွဲလုပ်ခဲ့တဲ့ ၅ လကျော်ကာလအတွင်းမှာ စိတ်လှုပ်ရှားမှုတွေ၊ အမြင်ကွဲပြားမှုတွေ၊ စိတ်ရှုပ်ထွေးမှုတွေ၊ စိုးရိမ်မှုတွေနဲ့ ပျော်ရွှင်မှုတွေ မျိုးစုံကြုံတွေ့ခဲ့ရပါတယ်။ ကျွန်မတို့အားလုံး သူတေသနတွေ နဲ့အင်တာဗျူးတွေများစွာ ပြုလုပ်ခဲ့ပြီး အဖွဲ့အစည်းအမျိုးမျိုးနဲ့ မိတ်ဖက်တွေကိုလည်း ကျွန်တော်တို့ရဲ့ စီမံချက်အကြောင်းကို ပြောပြခဲ့ပါတယ်။ ဒီကာလက တစ်ကယ့်ကိုခက်ခဲခဲ့ပေမယ့် ကျွန်မတို့ အခု လက်ရှိ လုပ်ဆောင်နိုင်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဂုဏ်ယူမိပါတယ်။ နောက်ပြီး ကျွန်မတို့ရဲ့ နောက်ဆုံးအဆင့် စီမံကိန်းအိုင်ဒီယာကို အားလုံးရဲ့ရှေ့မှောက်မှာ ဆွေးနွေးတင်ပြခွင့်ရခဲ့တဲ့အတွက်လည်း အရမ်းကို ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ AgriMatch က တင်ပြသွားတဲ့ အိုင်ဒီယာကလည်း အရမ်းကို အံ့အားသင့်ဖို့ကောင်းပြီး သူတို့ရဲ့ အရမ်းကောင်းမွန်တဲ့ ဆောင်ရွက်ချက်အတွက် တစ်ကယ့်ကို ဂုဏ်ပြုလိုပါတယ်” ဟု မြန်မာနိုင်ငံ ကိုယ်စားလှယ် အသက် ၂၅ နှစ် အရွယ် နန်းယဉ်ယဉ်ဝင်းနွယ်က ပြောကြားသည်။

မြန်မာနိုင်ငံ ကိုယ်စားပြု လူငယ်ကိုယ်စားလှယ် နောက်တစ်ဦးဖြစ်သည့် သီဟဇော်သည်လည်း ဒိန်းမတ်၊ နော်ဝေနှင့် ထိုင်းနိုင်ငံတို့မှ လူငယ်ကိုယ်စားလှယ်များနှင့် လက်တွဲ၍ ကမ္ဘာတစ်ဝန်းရှိ တိုးပွားလာသော သက်ကြီးလူဦးရေအား ကူညီထောက်ပံ့ပေးနိုင်မည့် ဒစ်ဂျစ်တယ်နည်းလမ်းများအား ရှာဖွေသွားမည် ဖြစ်သည်။ အဆိုပါ သက်ကြီးပြည်သူတို့၏ ဘဝတစ်လျှောက်လုံးမှ ကျွမ်းကျင်မှုများ၊ အတွေ့အကြုံများအား အသုံးပြု၍ ငွေကြေးရှာဖွေနိုင်မည့် ဒစ်ဂျစ်တယ် ပလက်ဖောင်းတစ်ခုအား သီဟဇော်တို့အဖွဲ့က တင်ပြခဲ့သည်။ အဆိုပါ ပလက်ဖောင်းမှတဆင့် သက်ကြီးရွယ်အိုလူဦးရေအား ၎င်းတို့နေထိုင်ရာ လူ့အဖွဲ့အစည်းများနှင့် တစ်သားတည်းဖြစ်စေရန် ကူညီလုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး ၎င်းတို့၏ ကျွမ်းကျင်မှုများနှင့် အသိပညာ တို့အား ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်ရှာဖွေရာတွင် အသုံးပြုသွားနိုင်မည် ဖြစ်သည်။

“အော်စလိုမှာ စတင်ပြင်ဆင်ကတည်းက အခုအချိန်ထိ ကျွန်တော်တို့ အများကြီး တိုးတက်လာတယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ရဲ့စီမံချက်က အကောင်းမွန်ဆုံးအခြေအနေကို မရောက်ရှိသေးပေမယ့် ကျွန်တော်တို့ ဂုဏ်ယူနိုင်မယ့် ဆောင်ရွက်ချက်တစ်ခုကို ဖန်တီးနိုင်ခဲ့တယ်ဆိုတာ အသေအချာပါပဲ။ ပြီးခဲ့တဲ့ ၅ လ ကျော်အတွင်းမှာ ကျွန်တော်တို့ သုတေသနတွေ၊ အွန်လိုင်းကနေ စစ်တမ်းကောက်ယူမှုတွေ ပြုလုပ်ခဲ့ တဲ့အပြင် စီမံကိန်းကိုလည်း ထိုင်းနိုင်ငံမှာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အားလုံးအတွက် မမေ့နိုင်စရာအတွေ့အကြုံတစ်ခုပါပဲ။ AgriMatch အဖွဲ့က တင်ပြသွားတဲ့ အိုင်ဒီယာက လည်း တစ်ကယ့်ကို ကောင်းမွန်ပြီး ကမ္ဘာတစ်ဝန်းမှာ ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာစေမယ် ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်” ဟု အသက် ၂၅ နှစ်အရွယ်ရှိ သီဟဇော်က ပြောကြားသည်။

၂၀၁၇-၁၈ ခုနှစ် တယ်လီနောလူငယ်ဖိုရမ်တွင်လည်း မြန်မာနိုင်ငံမှ နန်းကံ့ကော်ယွက်ဆိုင်ပါဝင်သည့် AGNCY အမည်ရ အဖွဲ့က လုပ်သားများ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ တင်ပြနိုင်မည့် လူထုအခြေပြု ပရောဂျက်ဖြင့် အနိုင်ရရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ ဖိနှိပ်ခံလုပ်သားများ ခံစားနေရ သည့် မညီမျှမှုများအား လျှော့ချရာတွင် အထောက်အပံ့ ဖြစ်စေမည့် အဆိုပါ စီမံကိန်းအား ဆက်လက် အကောင်အထည်ဖော်ရန် အတွက် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၅,၀၀၀ အား ရရှိခဲ့သည်။