[Zawgyi]

အသုံးျပဳသူမ်ားသည္ တယ္လီေနာျမန္မာ၏ ဆန္းသစ္ေသာ ‘စိတ္ႀကိဳက္ၾကည့္’ one-stop ေဒတာအစီအစဥ္အား သက္သာေသာ ႏႈန္းထားျဖင့္ ရယူလိုက္႐ုံမွ်ျဖင့္ TikTok အား ၁ မဂၢါဘိုက္လွ်င္ ၁ က်ပ္ ႏႈန္းျဖင့္ အသုံးျပဳသြားႏိုင္မည္။ ေဒတာအစီအစဥ္ကို ဝယ္ယူျခင္းျဖင့္ TikTok သုံးစြဲသူမ်ားအေနျဖင့္ ၎တို႔၏ဘဝတြင္ အေရးပါေသာ အခိုက္အတန႔္မ်ားအား ဖန္တီးၿပီး ပရိသတ္အမ်ားထံ က်ယ္ျပန႔္စြာမွ်ေဝႏိုင္မည္။

အသုံးျပဳသူမ်ားအၾကား ဒစ္ဂ်စ္တယ္ဗီဒီယိုၾကည့္ရႈမႈႏႈန္း ပိုမိုျမင့္တက္ လာသည္ကို သိရွိထားသည္ႏွင့္အညီ တယ္လီေနာျမန္မာအေနျဖင့္ မိုဘိုင္းဗီဒီယိုအတိုအထြာမ်ား ဖန္တီး႐ိုက္ကူးႏိုင္ သည့္ ကမာၻ႔ထိပ္တန္း အက္ပလီေကးရွင္းတစ္ခုျဖစ္ေသာ TikTok ႏွင့္ တရားဝင္ ပူးေပါင္းေဆာင္႐ြက္ေနၿပီ ျဖစ္ေၾကာင္း ေၾကညာလိုက္သည္။ ဤပူးေပါင္းေဆာင္႐ြက္မႈအရ တယ္လီေနာျမန္မာသည္ ျမန္မာႏိုင္ငံတြင္ TikTok ၏ ပထမဦးဆုံး တရားဝင္ မိတ္ဖက္ကုမၸဏီျဖစ္လာခဲ့သည့္အျပင္ ႏိုင္ငံတဝွမ္းလုံးရွိ တယ္လီေနာအသုံးျပဳသူမ်ား အေနျဖင့္ ဆန္းသစ္၍ ေဈးႏႈန္းသက္သာေသာ ‘စိတ္ႀကိဳက္ၾကည့္’ ေဒတာအစီအစဥ္ကို ရယူလိုက္႐ုံမွ်ျဖင့္ TikTok အက္ပလီေကးရွင္းအား ၁ မဂၢါဘိုက္လွ်င္ ၁ က်ပ္မွ် ႏႈန္းထားျဖင့္ အဆင္ေျပလြယ္ကူစြာ အသုံးျပဳသြားႏိုင္မည္ ျဖစ္သည္။

TikTok သည္ မိုဘိုင္းဗီဒီယို အတိုအထြာမ်ား ဖန္တီး႐ိုက္ကူးမႈနယ္ပယ္တြင္ ကမာၻ႔ထိပ္တန္း အက္ပလီေကးရွင္းတစ္ခု ျဖစ္ၿပီး အသုံးျပဳသူမ်ားသည္ TikTok အားအသုံးျပဳ၍ ၎တို႔၏ ဖန္တီးႏိုင္စြမ္းမ်ား၊ အသိပညာမ်ားႏွင့္ ေန႔စဥ္ဘဝတြင္ အေရးပါသည့္ျဖစ္ရပ္မ်ားအား ႐ိုက္ကူးပုံေဖာ္၍ အျခားသူမ်ားႏွင့္ မွ်ေဝႏိုင္သည္။ ၂၀၁၉ ခုႏွစ္ အေစာပိုင္းအထိ TikTok အား ေဈးကြက္ေပါင္း ၁၅၀ ေက်ာ္တြင္ ဘာသာစကားေပါင္း ၇၅ မ်ိဳးျဖင့္ ရယူအသုံးျပဳ ေနၾကၿပီျဖစ္သည္။ TikTok ကို iOS ႏွင့္ Android ၂ မ်ိဳးစလုံးတြင္ အသုံးျပဳႏိုင္ၿပီး ၂၀၁၈ ခုႏွစ္အတြင္း ေဒါင္းလုတ္ရယူမႈအမ်ားဆုံး အက္ပလီ ေကးရွင္းမ်ား အနက္တစ္ခုလည္း ျဖစ္သည္။

“တယ္လီေနာက ျမန္မာႏိုင္ငံမွာ TikTok ရဲ႕ ပထမဦးဆုံး တရားဝင္မိတ္ဖက္ကုမၸဏီတစ္ခု ျဖစ္လာတဲ့အတြက္ အလြန္ စိတ္လႈပ္ရွားမိပါတယ္။ စိတ္ႀကိဳက္ၾကည့္အစီအစဥ္ဟာ ကြၽန္မတို႔ တယ္လီေနာနဲ႔ ထိပ္တန္းဗီဒီယို အက္ပလီေကးရွင္း ေတြျဖစ္ၾကတဲ့ Viu၊ MyanFlix၊ WowPlay၊ PyonePlay နဲ႔ YouTube တို႔အၾကား သေဘာတူညီမႈ ကေန ေပၚထြက္လာ တဲ့ ပထမဦးဆုံး ရလဒ္တစ္ခုျဖစ္ၿပီး ဒီလိုဆန္းသစ္တဲ့အစီအစဥ္မွာ TikTok ပါ ပါဝင္လာတဲ့ အတြက္လည္း အရမ္းကို ဝမ္းေျမာက္မိပါတယ္။ ‘စိတ္ႀကိဳက္ၾကည့္’ ဟာ အသုံးျပဳသူေတြ သူတို႔ရဲ႕ အႀကိဳက္ႏွစ္သက္ဆုံး ေဖ်ာ္ေျဖေရးဗီဒီယိုေတြ ကို အလြယ္တကူ ရယူၾကည့္ရႈသြားႏိုင္ေစဖို႔ ကူညီေပးႏိုင္မယ့္ ျမန္မာႏိုင္ငံမွာ တစ္ခုတည္းေသာ ေဒတာအစီအစဥ္ တစ္ခုျဖစ္ပါတယ္။ အားလုံးသိၾကတဲ့အတိုင္း တယ္လီေနာ ျမန္မာဟာ ျမန္မာႏိုင္ငံကို စတင္ဝင္ေရာက္တဲ့ အခ်ိန္ကစၿပီး အသုံးျပဳသူေတြရဲ႕ ေန႔စဥ္ဘဝေတြ ပိုမိုလြယ္ကူ ေခ်ာေမြ႕လာဖို႔အတြက္ အေကာင္းမြန္ဆုံး ဝန္ေဆာင္မႈေတြကို အသက္သာဆုံးႏႈန္းထားနဲ႔ ေပးအပ္ေနခဲ့ၿပီး အခု ဒီသေဘာတူညီမႈကေနလည္း ပိုမို ဆန္းသစ္တဲ့ ဝန္ေဆာင္မႈမ်ားစြာကို ဖန္တီးေပးအပ္သြားမယ္လို႔ ကတိျပဳ ေျပာၾကားလိုပါတယ္” ဟု တယ္လီေနာျမန္မာ၏ ဒစ္ဂ်စ္တယ္ ဝန္ေဆာင္မႈပိုင္း ဆိုင္ရာ အႀကီးအကဲ Chan May Ling က ေျပာၾကားသည္။

ယင္းသို႔ မိတ္ဖက္အျဖစ္ လက္တြဲလိုက္သည့္အတြက္ TikTok သည္ တယ္လီေနာက မၾကာမီက မိတ္ဆက္ထားေသာ စိတ္ႀကိဳက္ၾကည့္အစီအစဥ္တြင္ ပါဝင္လာမည္ျဖစ္သည့္အတြက္ တယ္လီေနာအသုံးျပဳသူမ်ားသည္ TikTok ကို ၁ မဂၢါဘိုက္လွ်င္ ၁ က်ပ္ ႏႈန္းထားျဖင့္ ရယူအသုံးျပဳသြားႏိုင္မည္ျဖစ္သည္။ စိတ္ႀကိဳက္ၾကည့္အစီအစဥ္သည္ ျမန္မာႏိုင္ငံ ၏ အေကာင္းမြန္ဆုံးႏွင့္ လူႀကိဳက္အမ်ားဆုံးေသာ ဗီဒီယိုအက္ပလီေကးရွင္းမ်ား ျဖစ္သည့္ Viu, Myanflix, WowPlay, PyonePlay, YouTube ႏွင့္ TikTok တို႔အား အသက္သာဆုံး ၁ မဂၢါဘိုက္လွ်င္ ၁ က်ပ္ ႏႈန္းထားျဖင့္ ရယူအသုံးျပဳ ႏိုင္ေစရန္ ဖန္တီးထားသည့္ အစီအစဥ္တစ္ခုျဖစ္သည္။ အဆိုပါအစီအစဥ္အား စာရင္းေပးသြင္း ရယူထားျခင္းျဖင့္ အသုံးျပဳသူမ်ားသည္ ေဖာ္ျပပါအက္ပလီေကးရွင္းမ်ားအားလုံး၏ ျပည္တြင္းႏွင့္ ႏိုင္ငံတကာမွ ပရီမီယံအဆင့္ ႐ုပ္ရွင္ ဇာတ္ကားမ်ား၊ တီဗီအစီအစဥ္မ်ား၊ MTV မ်ား အျပင္ ဂိမ္း၊ ေဖ်ာ္ေျဖေရး၊ နည္းပညာႏွင့္ သတင္းက႑ အသီးသီးရွိ လက္ရွိ ေရပန္းစားေနသည့္ အေၾကာင္းအရာမ်ားအားလုံးကို အသက္သာဆုံး ႏႈန္းထားမ်ားႏွင့္ အလြယ္တကူ ၾကည့္ရႈ ခံစားႏိုင္မည္ ျဖစ္သည္။

“TikTok ဆိုတာ ဗီဒီယိုဖန္တီးသူ မ်ိဳးဆက္သစ္ေတြအတြက္ သူတို႔ရဲ႕ဖန္တီးမႈေတြကို လြတ္လြတ္လပ္လပ္ မွ်ေဝတာ ေတြ၊ အသစ္ဖန္တီးတာေတြနဲ႔ ရွာေဖြေဖာ္ထုတ္တာေတြကို မိုဘိုင္းဖုန္းေပၚမွာတင္ လြယ္လြယ္ကူကူျပဳလုပ္ႏိုင္ဖို႔ ဒီဇိုင္း ေရးဆြဲထားတာျဖစ္ပါတယ္။ ႏိုင္ငံတဝွမ္းက TikTok အသုံးျပဳသူေတြအတြက္ TikTok က ျမန္မာႏိုင္ငံမွာ (တယ္လီေနာျမန္မာနဲ႔) အခုလို ပထမဆုံးလက္တြဲ ေဆာင္႐ြက္လိုက္ႏိုင္တဲ့အတြက္ အရမ္းဝမ္းေျမာက္မိပါတယ္။ ပိုၿပီး အေရးႀကီးတာက ဒီလက္တြဲေဆာင္႐ြက္မႈေၾကာင့္ လက္ရွိအသုံးျပဳေနသူေတြေရာ အခုမွ စတင္အသုံးျပဳမယ့္သူေတြ အတြက္ပါ သူတို႔ရဲ႕ ဖန္တီးမႈေတြနဲ႔ ဘဝရဲ႕ အေရးပါတဲ့ အခိုက္အတန႔္ေတြကို ေဝမွ်ႏိုင္ၿပီျဖစ္တယ္ဆိုတာပါပဲ။ TikTok အတြက္ေတာ့ ျပည္တြင္းကကိုယ္ပိုင္ဖန္တီးမႈေတြဆိုတာ အသက္ပါပဲ။ ဒါေၾကာင့္ အခုလို ထူးျခားၿပီး ေဈးႏႈန္းသက္သာ တဲ့ ေဒတာပက္ေက့ခ်္ေၾကာင့္ သုံးစြဲသူေတြက သူတို႔ရဲ႕ စိတ္ကူးစိတ္သန္းေတြကို ေရာင္ျပန္ဟပ္တဲ့ ဖန္တီးမႈေတြကို ျပဳလုပ္ေဝမွ်ရာမွာ ပိုၿပီး လြယ္ကူအဆင္ေျပေစမွာျဖစ္ပါတယ္” ဟု TikTok ၏ Strategic Partnerships South East Asia မွ Steven Tannason က ေျပာၾကားသည္။

‘စိတ္ႀကိဳက္ၾကည့္’ အစီအစဥ္အား *7799*1# သို႔ ဖုန္းေခၚဆို၍ ျဖစ္ေစ၊ MyTelenor app ႏွင့္ WowBox မွ တဆင့္ျဖစ္ေစ အပတ္စဥ္ က်သင့္ေငြ ၄၉၉ က်ပ္ႏႈန္းထားျဖင့္ အလြယ္တကူ စာရင္းေပးသြင္းရယူႏိုင္မည္ျဖစ္သည္။ ဤ အစီအစဥ္သည္ အလိုအေလ်ာက္ ထပ္မံသက္တမ္းတိုးမည္ မဟုတ္သည့္အတြက္ အသုံးျပဳသူမ်ားအေနျဖင့္ အစီအစဥ္ သက္တမ္း ကုန္ဆုံးသြားပါက အပတ္စဥ္ ထပ္မံစာရင္းေပးသြင္းရမည္ ျဖစ္သည္။

ျမန္မာႏိုင္ငံရွိ တယ္လီေနာ အသုံးျပဳသူမ်ားအတြက္ ပိုမိုေကာင္းမြန္ေသာ အသုံးျပဳမႈအေတြ႕အႀကဳံမ်ားႏွင့္ ဒစ္ဂ်စ္တယ္ အေတြ႕အႀကဳံမ်ားအား ေပးအပ္သြားႏိုင္ရန္ ရည္႐ြယ္ခ်က္ျဖင့္ တယ္လီေနာျမန္မာသည္ ျပည္တြင္းႏွင့္ ႏိုင္ငံတကာမွ မိတ္ဖက္အဖြဲ႕အစည္းမ်ားစြာႏွင့္ ပူးေပါင္း၍ ဆန္းသစ္ေသာ ဝန္ေဆာင္မႈမ်ား ေပးအပ္လ်က္ရွိသည္။ ထို႔အျပင္ မၾကာေသးမီအခ်ိန္ကလည္း တယ္လီေနာသည္ ၎၏ MyTelenor app မွတဆင့္ မ်ားစြာေသာ ေန႔စဥ္ဆုမဲမ်ားႏွင့္ အထူးဆု KIA Picanto ကားသစ္ ၄ စီးအား ခ်ီးျမႇင့္ေပးသြားမည့္ ‘ရွယ္ SPIN၊ ရွယ္ WIN’ အမည္ရ အထူးကံစမ္းမဲ အစီအစဥ္တစ္ခုကိုလည္း မိတ္ဆက္ခဲ့သည္။

[Unicode]

တယ်လီနောသည် ကမ္ဘာ့ထိပ်တန်း မိုဘိုင်းဗီဒီယို အက်ပလီကေးရှင်း TikTok ၏ မြန်မာနိုင်ငံ အတွက် ပထမဦးဆုံး တရားဝင် မိတ်ဖက်ကုမ္ပဏီ ဖြစ်လာ

အသုံးပြုသူများသည် တယ်လီနောမြန်မာ၏ ဆန်းသစ်သော ‘စိတ်ကြိုက်ကြည့်’ one-stop ဒေတာအစီအစဉ်အား သက်သာသော နှုန်းထားဖြင့် ရယူလိုက်ရုံမျှဖြင့် TikTok အား ၁ မဂ္ဂါဘိုက်လျှင် ၁ ကျပ် နှုန်းဖြင့် အသုံးပြုသွားနိုင်မည်။ေဒေတာအစီအစဉ်ကို ဝယ်ယူခြင်းဖြင့် TikTok သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ဘဝတွင် အရေးပါသော အခိုက်အတန့်များအား ဖန်တီးပြီး ပရိသတ်အများထံ ကျယ်ပြန့်စွာမျှဝေနိုင်မည်

အသုံးပြုသူများအကြား ဒစ်ဂျစ်တယ်ဗီဒီယိုကြည့်ရှုမှုနှုန်း ပိုမိုမြင့်တက် လာသည်ကို သိရှိထားသည်နှင့်အညီ တယ်လီနောမြန်မာအနေဖြင့် မိုဘိုင်းဗီဒီယိုအတိုအထွာများ ဖန်တီးရိုက်ကူးနိုင် သည့် ကမ္ဘာ့ထိပ်တန်း အက်ပလီကေးရှင်းတစ်ခုဖြစ်သော TikTok နှင့် တရားဝင် ပူးပေါင်းဆောင်ရွက်နေပြီ ဖြစ်ကြောင်း ကြေညာလိုက်သည်။ ဤပူးပေါင်းဆောင်ရွက်မှုအရ တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတွင် TikTok ၏ ပထမဦးဆုံး တရားဝင် မိတ်ဖက်ကုမ္ပဏီဖြစ်လာခဲ့သည့်အပြင် နိုင်ငံတဝှမ်းလုံးရှိ တယ်လီနောအသုံးပြုသူများ အနေဖြင့် ဆန်းသစ်၍ ဈေးနှုန်းသက်သာသော ‘စိတ်ကြိုက်ကြည့်’ ဒေတာအစီအစဉ်ကို ရယူလိုက်ရုံမျှဖြင့် TikTok အက်ပလီကေးရှင်းအား ၁ မဂ္ဂါဘိုက်လျှင် ၁ ကျပ်မျှ နှုန်းထားဖြင့် အဆင်ပြေလွယ်ကူစွာ အသုံးပြုသွားနိုင်မည် ဖြစ်သည်။

TikTok သည် မိုဘိုင်းဗီဒီယို အတိုအထွာများ ဖန်တီးရိုက်ကူးမှုနယ်ပယ်တွင် ကမ္ဘာ့ထိပ်တန်း အက်ပလီကေးရှင်းတစ်ခု ဖြစ်ပြီး အသုံးပြုသူများသည် TikTok အားအသုံးပြု၍ ၎င်းတို့၏ ဖန်တီးနိုင်စွမ်းများ၊ အသိပညာများနှင့် နေ့စဉ်ဘဝတွင် အရေးပါသည့်ဖြစ်ရပ်များအား ရိုက်ကူးပုံဖော်၍ အခြားသူများနှင့် မျှဝေနိုင်သည်။ ၂၀၁၉ ခုနှစ် အစောပိုင်းအထိ TikTok အား ဈေးကွက်ပေါင်း ၁၅၀ ကျော်တွင် ဘာသာစကားပေါင်း ၇၅ မျိုးဖြင့် ရယူအသုံးပြု နေကြပြီဖြစ်သည်။ TikTok ကို iOS နှင့် Android ၂ မျိုးစလုံးတွင် အသုံးပြုနိုင်ပြီး ၂၀၁၈ ခုနှစ်အတွင်း ဒေါင်းလုတ်ရယူမှုအများဆုံး အက်ပလီ ကေးရှင်းများ အနက်တစ်ခုလည်း ဖြစ်သည်။

“တယ်လီနောက မြန်မာနိုင်ငံမှာ TikTok ရဲ့ ပထမဦးဆုံး တရားဝင်မိတ်ဖက်ကုမ္ပဏီတစ်ခု ဖြစ်လာတဲ့အတွက် အလွန် စိတ်လှုပ်ရှားမိပါတယ်။ စိတ်ကြိုက်ကြည့်အစီအစဉ်ဟာ ကျွန်မတို့ တယ်လီနောနဲ့ ထိပ်တန်းဗီဒီယို အက်ပလီကေးရှင်း တွေဖြစ်ကြတဲ့ Viu၊ MyanFlix၊ WowPlay၊ PyonePlay နဲ့ YouTube တို့အကြား သဘောတူညီမှု ကနေ ပေါ်ထွက်လာ တဲ့ ပထမဦးဆုံး ရလဒ်တစ်ခုဖြစ်ပြီး ဒီလိုဆန်းသစ်တဲ့အစီအစဉ်မှာ TikTok ပါ ပါဝင်လာတဲ့ အတွက်လည်း အရမ်းကို ဝမ်းမြောက်မိပါတယ်။ ‘စိတ်ကြိုက်ကြည့်’ ဟာ အသုံးပြုသူတွေ သူတို့ရဲ့ အကြိုက်နှစ်သက်ဆုံး ဖျော်ဖြေရေးဗီဒီယိုတွေ ကို အလွယ်တကူ ရယူကြည့်ရှုသွားနိုင်စေဖို့ ကူညီပေးနိုင်မယ့် မြန်မာနိုင်ငံမှာ တစ်ခုတည်းသော ဒေတာအစီအစဉ် တစ်ခုဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း တယ်လီနော မြန်မာဟာ မြန်မာနိုင်ငံကို စတင်ဝင်ရောက်တဲ့ အချိန်ကစပြီး အသုံးပြုသူတွေရဲ့ နေ့စဉ်ဘဝတွေ ပိုမိုလွယ်ကူ ချောမွေ့လာဖို့အတွက် အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေကို အသက်သာဆုံးနှုန်းထားနဲ့ ပေးအပ်နေခဲ့ပြီး အခု ဒီသဘောတူညီမှုကနေလည်း ပိုမို ဆန်းသစ်တဲ့ ဝန်ဆောင်မှုများစွာကို ဖန်တီးပေးအပ်သွားမယ်လို့ ကတိပြု ပြောကြားလိုပါတယ်” ဟု တယ်လီနောမြန်မာ၏ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုပိုင်း ဆိုင်ရာ အကြီးအကဲ Chan May Ling က ပြောကြားသည်။

ယင်းသို့ မိတ်ဖက်အဖြစ် လက်တွဲလိုက်သည့်အတွက် TikTok သည် တယ်လီနောက မကြာမီက မိတ်ဆက်ထားသော စိတ်ကြိုက်ကြည့်အစီအစဉ်တွင် ပါဝင်လာမည်ဖြစ်သည့်အတွက် တယ်လီနောအသုံးပြုသူများသည် TikTok ကို ၁ မဂ္ဂါဘိုက်လျှင် ၁ ကျပ် နှုန်းထားဖြင့် ရယူအသုံးပြုသွားနိုင်မည်ဖြစ်သည်။ စိတ်ကြိုက်ကြည့်အစီအစဉ်သည် မြန်မာနိုင်ငံ ၏ အကောင်းမွန်ဆုံးနှင့် လူကြိုက်အများဆုံးသော ဗီဒီယိုအက်ပလီကေးရှင်းများ ဖြစ်သည့် Viu, Myanflix, WowPlay, PyonePlay, YouTube နှင့် TikTok တို့အား အသက်သာဆုံး ၁ မဂ္ဂါဘိုက်လျှင် ၁ ကျပ် နှုန်းထားဖြင့် ရယူအသုံးပြု နိုင်စေရန် ဖန်တီးထားသည့် အစီအစဉ်တစ်ခုဖြစ်သည်။ အဆိုပါအစီအစဉ်အား စာရင်းပေးသွင်း ရယူထားခြင်းဖြင့် အသုံးပြုသူများသည် ဖော်ပြပါအက်ပလီကေးရှင်းများအားလုံး၏ ပြည်တွင်းနှင့် နိုင်ငံတကာမှ ပရီမီယံအဆင့် ရုပ်ရှင် ဇာတ်ကားများ၊ တီဗီအစီအစဉ်များ၊ MTV များ အပြင် ဂိမ်း၊ ဖျော်ဖြေရေး၊ နည်းပညာနှင့် သတင်းကဏ္ဍ အသီးသီးရှိ လက်ရှိ ရေပန်းစားနေသည့် အကြောင်းအရာများအားလုံးကို အသက်သာဆုံး နှုန်းထားများနှင့် အလွယ်တကူ ကြည့်ရှု ခံစားနိုင်မည် ဖြစ်သည်။

“TikTok ဆိုတာ ဗီဒီယိုဖန်တီးသူ မျိုးဆက်သစ်တွေအတွက် သူတို့ရဲ့ဖန်တီးမှုတွေကို လွတ်လွတ်လပ်လပ် မျှဝေတာ တွေ၊ အသစ်ဖန်တီးတာတွေနဲ့ ရှာဖွေဖော်ထုတ်တာတွေကို မိုဘိုင်းဖုန်းပေါ်မှာတင် လွယ်လွယ်ကူကူပြုလုပ်နိုင်ဖို့ ဒီဇိုင်း ရေးဆွဲထားတာဖြစ်ပါတယ်။ နိုင်ငံတဝှမ်းက TikTok အသုံးပြုသူတွေအတွက် TikTok က မြန်မာနိုင်ငံမှာ (တယ်လီနောမြန်မာနဲ့) အခုလို ပထမဆုံးလက်တွဲ ဆောင်ရွက်လိုက်နိုင်တဲ့အတွက် အရမ်းဝမ်းမြောက်မိပါတယ်။ ပိုပြီး အရေးကြီးတာက ဒီလက်တွဲဆောင်ရွက်မှုကြောင့် လက်ရှိအသုံးပြုနေသူတွေရော အခုမှ စတင်အသုံးပြုမယ့်သူတွေ အတွက်ပါ သူတို့ရဲ့ ဖန်တီးမှုတွေနဲ့ ဘဝရဲ့ အရေးပါတဲ့ အခိုက်အတန့်တွေကို ဝေမျှနိုင်ပြီဖြစ်တယ်ဆိုတာပါပဲ။ TikTok အတွက်တော့ ပြည်တွင်းကကိုယ်ပိုင်ဖန်တီးမှုတွေဆိုတာ အသက်ပါပဲ။ ဒါကြောင့် အခုလို ထူးခြားပြီး ဈေးနှုန်းသက်သာ တဲ့ ဒေတာပက်ကေ့ချ်ကြောင့် သုံးစွဲသူတွေက သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို ရောင်ပြန်ဟပ်တဲ့ ဖန်တီးမှုတွေကို ပြုလုပ်ဝေမျှရာမှာ ပိုပြီး လွယ်ကူအဆင်ပြေစေမှာဖြစ်ပါတယ်” ဟု TikTok ၏ Strategic Partnerships South East Asia မှ Steven Tannason က ပြောကြားသည်။

‘စိတ်ကြိုက်ကြည့်’ အစီအစဉ်အား *7799*1# သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေ၊ MyTelenor app နှင့် WowBox မှ တဆင့်ဖြစ်စေ အပတ်စဉ် ကျသင့်ငွေ ၄၉၉ ကျပ်နှုန်းထားဖြင့် အလွယ်တကူ စာရင်းပေးသွင်းရယူနိုင်မည်ဖြစ်သည်။ ဤ အစီအစဉ်သည် အလိုအလျောက် ထပ်မံသက်တမ်းတိုးမည် မဟုတ်သည့်အတွက် အသုံးပြုသူများအနေဖြင့် အစီအစဉ် သက်တမ်း ကုန်ဆုံးသွားပါက အပတ်စဉ် ထပ်မံစာရင်းပေးသွင်းရမည် ဖြစ်သည်။

မြန်မာနိုင်ငံရှိ တယ်လီနော အသုံးပြုသူများအတွက် ပိုမိုကောင်းမွန်သော အသုံးပြုမှုအတွေ့အကြုံများနှင့် ဒစ်ဂျစ်တယ် အတွေ့အကြုံများအား ပေးအပ်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် တယ်လီနောမြန်မာသည် ပြည်တွင်းနှင့် နိုင်ငံတကာမှ မိတ်ဖက်အဖွဲ့အစည်းများစွာနှင့် ပူးပေါင်း၍ ဆန်းသစ်သော ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ ထို့အပြင် မကြာသေးမီအချိန်ကလည်း တယ်လီနောသည် ၎င်း၏ MyTelenor app မှတဆင့် များစွာသော နေ့စဉ်ဆုမဲများနှင့် အထူးဆု KIA Picanto ကားသစ် ၄ စီးအား ချီးမြှင့်ပေးသွားမည့် ‘ရှယ် SPIN၊ ရှယ် WIN’ အမည်ရ အထူးကံစမ်းမဲ အစီအစဉ်တစ်ခုကိုလည်း မိတ်ဆက်ခဲ့သည်။