Unicode

လောလောဆယ်မှာ The Mandalorian Series တွေအပြင် တခြားသော ရုပ်ရှင်အများအပြားနဲ့ လူစိတ်ဝင်စားမှုများပြားလာတဲ့ Disney+ Steaming Service ဟာ အခုအချိန်မှာဆိုရင် Tesla ကားတွေမှာပါ ကြည့်ရှုနိုင်တော့မယ့်ပုံစံပါပဲ။

အခုသတင်းကို Tesla ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Elon Musk ကနေ သူ့ရဲ့ Twitter Account ကနေပြောကြားခဲ့တာဖြစ်ပြီး “Coming Soon” လို့ပြောကြားခဲ့တဲ့အတွက် မကြာခင်မှာ Tesla ကားတွေမှာ Software Update နဲ့ Disney+ Service ကို ရရှိလာနိုင်ဖွယ်ရှိနေပါတယ်။

Tesla ရဲ့ လက်ရှိရောင်းချနေတဲ့ Electric ကားတွေဖြစ်တဲ့ Tesla Model S ၊ Model X နဲ့ Model 3 ကားတွေအကုန်လုံးမှာ ကြီးမားတဲ့ Display ပါဝင်သလို ပြီးခဲ့တဲ့ Software Version 10.0 ကနေစတင်ပြီးတော့ ကားကို ပါကင်မှာရပ်ထားတဲ့အချိန်မှာ Netflix ၊ YouTube ၊ Hulu နဲ့ တခြားသော Media တွေကို ကြည့်ရှုနိုင်တဲ့ Service တွေကို ထည့်သွင်းပေးခဲ့တာပဲဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ နောက်ပိုင်းမှာ ကားရပ်ထားတဲ့အချိန်မှာ Cuphead နဲ့ Racing Game အပါအဝင် Arcade Game တွေကို ဆော့ကစားနိုင်တဲ့ Tesla Arcade Feature ကိုပါ ထုတ်ပေးခဲ့ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Feature အသစ်တွေကို စမတ်ဖုန်းတွေလိုမျိုး Software Update က တစ်ဆင့်ရရှိအောင် ဆောင်ရွက်ပေးနိုင်တာကတော့ Tesla ကားတွေရဲ့ အားသာချက်လို့ ပြောရမှာပါ။

Ref – Engadget

Zawgyi






Ref – Engadget