Hisense ဟာ ကမ္ဘာ့အထင်ကရ TV ကုမ္ပဏီတွေထဲက ၁ခု ဖြစ်ပြီး စမတ်ဖုန်းတွေကိုပါ ထုတ်လုပ်ရောင်းချလေ့ ရှိပါတယ်။ ဒါပေမယ့် Hisense ရဲ့ စမတ်ဖုန်းတွေကို တရုတ်မှာပဲ ရောင်းချပေးထားပါတယ်။ အခုတော့ Hisense ရဲ့ 5G စမတ်ဖုန်း ၁ လုံးရဲ့ ဓါတ်ပုံနဲ့ Specs အပြည့်အစုံ TENAA ကနေ ထွက်ပေါ်လာပါတယ်။

Hisense HNR551 TENAA Featured

TENAA က စာရင်းအရ မော်ဒယ်နံပါတ်က Hisense HNR551T ဖြစ်ပြီး ၆.၅ လက်မ HD+ 1600x720p TFT LCD မျက်နှာပြင် ထည့်သွင်းထားပါတယ်။ အရှေ့ဘက် အပိုင်းကို ရှင်းရှင်းလင်းလင်း မမြင်ရတဲ့အတွက် Punch Hole ပါမလား၊ Notch ပါမလား မသိရသေးပါဘူး။

Hisense HNR551T Rear TENAA

2GHz Octa-core Processor နဲ့ 5G Modem ထည့်သွင်းထားပြီး 4/64GB , 6/128GB နဲ့ 8/256GB ၃ မျိုး ရွေးချယ်နိုင်မှာပါ။ 128GB microSD Card စိုက်နိုင်တဲ့အတွက် ဒေတာတွေ ရှယ်သိမ်းလို့ရပါတယ်။ အနောက်ဘက်မှာ 48MP+2MP+2MP ကင်မရာ ၃ လုံး ထည့်သွင်းထားပြီး ဆဲလ်ဖီး ကင်မရာအတွက် 16MP ကို သုံးထားပါတယ်။

Hisense HNR551T Left TENAA

၂ နှစ်လောက် ဒိတ်အောက်နေတဲ့ Android Pie ပဲ ပါလာတာကတော့ သိပ်မမိုက်ပါဘူး။ ဘက်ထရီက 4,950mAh ဘက်ထရီ ထည့်သွင်းထားပြီး အရွယ်အစား အပြည့်အစုံက 166.1×77.9×9.95mm ဖြစ်ပါတယ်။ အလေးချိန်က ၂၁၀ ဂရမ် ရှိပြီး အစိမ်းနဲ့ အနက်ရောင် ထုတ်လုပ်ထားမှာပါ။ မသိရသေးတာက ကြေညာမယ့် အချိန်ပါ။

Ref : gizmochina