TENAA မှာ OPPO ရဲ့ ဟန်းဆက်သစ်တစ်ခုကို ထပ်ပြီးတွေ့ရပါတယ်။ ဒီဟန်းဆက်ဟာ ပြီးခဲ့တဲ့ရက်က Teased လုပ်ခဲ့တဲ့ F17 မဟုတ်တဲ့အတွက် ဟန်းဆက်သစ်လို့ ဆိုရတာပါ။ ဒီဟန်းဆက်ဟာ 7.49mm သာထူပြီး 164g သာ လေးပါတယ်။

Weibo ရဲ့ နာမည်ကျော် Lealster Digital Chat Station ရဲ့အဆိုအရ မော်ဒယ်နံပါတ် PEAM00/PEAT00 နဲ့ဟန်းဆက်ဟာ 65W အမြန်အားသွင်းစနစ်ထောက်ပံ့ထားတယ်လို့ သိရပါတယ်။ ဘက်ထရီကတော့ 2,100mAh လို့ List မှာတွေ့ရပါတယ်။ ဒါကလည်း စိတ်ဝင်စားစရာကောင်းတဲ့ နောက်တစ်ချက်ပါ။ ဖြစ်နိုင်ခြေကတော့ 2,100mAh ဘက်ထရီ Cell နှစ်ခု ရှိနိုင်တာပါ။

ကင်မရာကတော့ သုံးလုံးတပ်ဆင်ထားတဲ့ အခင်းအကျင်းပါ။ ဒါကြောင့် A စီးရီး ဟန်းဆက်ဖြစ်မယ်လို့ ယူဆနိုင်ပါတယ်။ OPPO A72 နဲ့ A92s နှစ်မျိုးလုံးမှာ အလားတူ စတုရန်းပုံစံ ကင်မရာအိမ်နဲ့ တပ်ဆင်ထားပုံကို တွေ့မြင်နိုင်ပါတယ်။ A92s ကတော့ နိုင်ငံတကာဈေးကွက်ကို Reno အနေနဲ့ ဝင်ရောက်လာဖွယ်ရှိပါတယ်။

အဓိကကင်မရာကတော့ 48MP ဖြစ်ပြီး 8MP (ultra-wide lens ဖြစ်နိုင်) နဲ့ 2MP module (depth sensor ဖြစ်နိုင်) တစ်ခုစီ တွဲဖက်တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မျက်နှာပြင်ရဲ့ အပေါ်ဘယ်ဘက်ထောင့်မှာတော့ Punch-hole နဲ့အတူ 32MP selfie ကင်မရာတစ်လုံး ရှိနေပါတယ်။

မျက်နှာပြင်ဟာ 6.43-inch AMOLED အမျိုးအစားဖြစ်ပြီး 1080 x 2400 px resolution ဖြစ်ပါတယ်။ Refresh rate ကတော့ ဘယ်လောက်မှန်းမသိရသေးပါဘူး။ Chipset ကတော့ အမည်မသိရတဲ့ (otca-core CPU at 2.0GHz) ကိုတပ်ဆင်ထားပါတယ်။ 8GB of RAM နဲ့ 256GB storage ဖြစ်ပြီး Android 10 အခြေခံထားတဲ့ ColorOS မောင်းနှင်ထားပါတယ်။

Ref: GSM Arena