Unicode

Tesla ကနေ မိတ်ဆက်ထားတဲ့ Cybertruck ဟာ လက်ရှိ Electric ကားတွေထဲမှာ လူစိတ်ဝင်စားမှုအများဆုံးဆိုရင်လည်း မမှားပါဘူး။ အခုလည်း Tesla ကနေ ဒီ Cybertruck ကို စိတ်ဝင်စားဖို့ကောင်းတဲ့ နည်းလမ်းတစ်ခုနဲ့ သွယ်ဝိုက်ကြော်ငြာခဲ့ပါတယ်။

ဒါကတော့ နာမည်ကြီး Rapper တစ်ဦးဖြစ်တဲ့ Travis Scott ရဲ့ Gang Gang အမည်ရတဲ့ Music Video ထဲမှာ Tesla Cybertruck ကိုထည့်သွင်းထားခဲ့တာပဲဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Tesla Cybertruck နဲ့အတူ မိတ်ဆက်ခဲ့တဲ့ Tesla Electric ATV နဲ့ Elon Musk ပိုင်ဆိုင်တဲ့ Boring Company ကနေ ရောင်းချတဲ့ Not-A-Flamethrower ကိုပါ ထည့်သွင်းထားတာပါ။

အဆိုပါ Music Video ကိုတော့ အောက်မှာ ကြည့်ရှုနိုင်မှာဖြစ်ပြီး တခြားသော ကားတွေကိုလည်း ထည့်သွင်းထားတယ်ဆိုပေမယ့် Tesla Cybertruck ကို အဓိကထားထားတာဖြစ်ပါတယ်။

Tesla အနေနဲ့ ဒီ Cybertruck ကို လာမယ့် ၂၀၂၂ မှ ရောင်းချမှာဖြစ်တဲ့အတွက် ဘာကြောင့် ဒီလိုမျိုး Travis Scott ရဲ့ Music Video ထဲမှာ ပါဝင်နေသလဲဆိုတာကို သိရှိရခြင်းမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် အခု Music Video ဟာ YouTube Trending မှာ ထိပ်ဆုံးနားရောက်ရှိခဲ့တဲ့အတွက် Cybertruck အတွက် ပိုပြီး လူသိများစေတဲ့ ကြော်ငြာတစ်ခုဖြစ်လာတယ်လို့တောင် ပြောနိုင်ပါတယ်။

Ref – Engadget

Zawgyi

Tesla ကေန မိတ္ဆက္ထားတဲ့ Cybertruck ဟာ လက္ရွိ Electric ကားေတြထဲမွာ လူစိတ္ဝင္စားမႈအမ်ားဆုံးဆိုရင္လည္း မမွားပါဘူး။ အခုလည္း Tesla ကေန ဒီ Cybertruck ကို စိတ္ဝင္စားဖို႔ေကာင္းတဲ့ နည္းလမ္းတစ္ခုနဲ႔ သြယ္ဝိုက္ေၾကာ္ျငာခဲ့ပါတယ္။

ဒါကေတာ့ နာမည္ႀကီး Rapper တစ္ဦးျဖစ္တဲ့ Travis Scott ရဲ႕ Gang Gang အမည္ရတဲ့ Music Video ထဲမွာ Tesla Cybertruck ကိုထည့္သြင္းထားခဲ့တာပဲျဖစ္ပါတယ္။ ဒါတင္မဟုတ္ေသးဘဲ Tesla Cybertruck နဲ႔အတူ မိတ္ဆက္ခဲ့တဲ့ Tesla Electric ATV နဲ႔ Elon Musk ပိုင္ဆိုင္တဲ့ Boring Company ကေန ေရာင္းခ်တဲ့ Not-A-Flamethrower ကိုပါ ထည့္သြင္းထားတာပါ။

အဆိုပါ Music Video ကိုေတာ့ ေအာက္မွာ ၾကည့္ရႈႏိုင္မွာျဖစ္ၿပီး တျခားေသာ ကားေတြကိုလည္း ထည့္သြင္းထားတယ္ဆိုေပမယ့္ Tesla Cybertruck ကို အဓိကထားထားတာျဖစ္ပါတယ္။

Tesla အေနနဲ႔ ဒီ Cybertruck ကို လာမယ့္ ၂၀၂၂ မွ ေရာင္းခ်မွာျဖစ္တဲ့အတြက္ ဘာေၾကာင့္ ဒီလိုမ်ိဳး Travis Scott ရဲ႕ Music Video ထဲမွာ ပါဝင္ေနသလဲဆိုတာကို သိရွိရျခင္းမရွိပါဘူး။ ဘာပဲျဖစ္ျဖစ္ အခု Music Video ဟာ YouTube Trending မွာ ထိပ္ဆုံးနားေရာက္ရွိခဲ့တဲ့အတြက္ Cybertruck အတြက္ ပိုၿပီး လူသိမ်ားေစတဲ့ ေၾကာ္ျငာတစ္ခုျဖစ္လာတယ္လို႔ေတာင္ ေျပာႏိုင္ပါတယ္။

Ref – Engadget