Unicode

လျှပ်စစ်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Tesla ကနေ ပြီးခဲ့တဲ့လပိုင်းတုန်းက မိတ်ဆက်ခဲ့တဲ့ Tesla Cybertruck ဟာ တခြားသော လျှပ်စစ်ကားတွေအပြင် လောင်စာဆီသုံးကားတွေနဲ့ပါ လုံးဝမတူဘဲ ကွဲထွက်နေတဲ့ Design နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ အခုလည်း Luxury Gadget တွေကို ထုတ်လုပ်တဲ့ Caviar ကုမ္ပဏီကနေ iPhone 11 Pro ကို Tesla Cybertruck Design ပြုလုပ်ထားတဲ့ Cyberphone အသစ်ကို ပြသလိုက်ပါတယ်။

Caviar Cyberphone ဟာ Apple ရဲ့ နောက်ဆုံးထွက် iPhone 11 နဲ့ 11 Pro Max ဖုန်းတွေကို အခြေခံထားပြီး အပြင်ဘက်ပိုင်းကို Tesla Cybertruck လိုမျိုး ချွှန်ထွက်နေတဲ့ ထောင့်ချိုး Design ပြောင်းလဲထားတာဖြစ်ပါတယ်။ ဒါကလည်း လုံးဝ Titanium နဲ့ ပြုလုပ်ထားတာဖြစ်တဲ့အတွက် အလှသက်သက်တင်မဟုတ်ဘဲ ပိုပြီးလည်း အကြမ်းခံနိုင်မှာပါ။

ဒီ Cyberphone ရဲ့ Display ကိုလည်း အသုံးမပြုတဲ့အချိန်မှာ Titanium Plate နဲ့ ကာကွယ်ပေးထားမှာဖြစ်ပြီးတော့ အသုံးပြုမယ်ဆိုရင်လည်း နောက်ဖက်ကို ပို့ထားတာ သို့မဟုတ် Kickstand တစ်ခုအနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီလိုပြုလုပ်ထားတဲ့အတွက် ဖုန်းရဲ့ Display ကိုလည်း ထိခိုက်မိမှာစိုးရိမ်ဖို့ မလိုအပ်တော့ပါဘူး။

Caviar ဟာ ဒီ Cyberphone တွေကို အလုံးရေ ၉၉ လုံးပဲ ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပြီး 64GB iPhone 11 Pro ကို အခြေခံထားတဲ့ Model ကို စျေးနှုန်း ဒေါ်လာ ၅,၂၆၅ (မြန်မာငွေ ၇၇ သိန်းဝန်းကျင်) နဲ့ရောင်းချသွားမှာပါ။ တကယ်လို့ iPhone 11 Pro Max Version ဒါမှမဟုတ် Storage ပိုများတာ လိုချင်တယ်ဆိုရင် ဒီထက်ပိုပြီး စျေးများသွားမှာဖြစ်ပါတယ်။

Ref – GSM Arena

Zawgyi

လွ်ပ္စစ္ကားကုမၸဏီတစ္ခုျဖစ္တဲ့ Tesla ကေန ၿပီးခဲ့တဲ့လပိုင္းတုန္းက မိတ္ဆက္ခဲ့တဲ့ Tesla Cybertruck ဟာ တျခားေသာ လွ်ပ္စစ္ကားေတြအျပင္ ေလာင္စာဆီသုံးကားေတြနဲ႔ပါ လုံးဝမတူဘဲ ကြဲထြက္ေနတဲ့ Design နဲ႔ ျပဳလုပ္ထားတာျဖစ္ပါတယ္။ အခုလည္း Luxury Gadget ေတြကို ထုတ္လုပ္တဲ့ Caviar ကုမၸဏီကေန iPhone 11 Pro ကို Tesla Cybertruck Design ျပဳလုပ္ထားတဲ့ Cyberphone အသစ္ကို ျပသလိုက္ပါတယ္။

Caviar Cyberphone ဟာ Apple ရဲ႕ ေနာက္ဆုံးထြက္ iPhone 11 နဲ႔ 11 Pro Max ဖုန္းေတြကို အေျခခံထားၿပီး အျပင္ဘက္ပိုင္းကို Tesla Cybertruck လိုမ်ိဳး ခႊၽန္ထြက္ေနတဲ့ ေထာင့္ခ်ိဳး Design ေျပာင္းလဲထားတာျဖစ္ပါတယ္။ ဒါကလည္း လုံးဝ Titanium နဲ႔ ျပဳလုပ္ထားတာျဖစ္တဲ့အတြက္ အလွသက္သက္တင္မဟုတ္ဘဲ ပိုၿပီးလည္း အၾကမ္းခံႏိုင္မွာပါ။

ဒီ Cyberphone ရဲ႕ Display ကိုလည္း အသုံးမျပဳတဲ့အခ်ိန္မွာ Titanium Plate နဲ႔ ကာကြယ္ေပးထားမွာျဖစ္ၿပီးေတာ့ အသုံးျပဳမယ္ဆိုရင္လည္း ေနာက္ဖက္ကို ပို႔ထားတာ သို႔မဟုတ္ Kickstand တစ္ခုအေနနဲ႔ အသုံးျပဳႏိုင္မွာျဖစ္ပါတယ္။ ဒီလိုျပဳလုပ္ထားတဲ့အတြက္ ဖုန္းရဲ႕ Display ကိုလည္း ထိခိုက္မိမွာစိုးရိမ္ဖို႔ မလိုအပ္ေတာ့ပါဘူး။

Caviar ဟာ ဒီ Cyberphone ေတြကို အလုံးေရ ၉၉ လုံးပဲ ျပဳလုပ္သြားမယ္လို႔ ေျပာၾကားခဲ့ၿပီး 64GB iPhone 11 Pro ကို အေျခခံထားတဲ့ Model ကို ေစ်းႏႈန္း ေဒၚလာ ၅,၂၆၅ (ျမန္မာေငြ ၇၇ သိန္းဝန္းက်င္) နဲ႔ေရာင္းခ်သြားမွာပါ။ တကယ္လို႔ iPhone 11 Pro Max Version ဒါမွမဟုတ္ Storage ပိုမ်ားတာ လိုခ်င္တယ္ဆိုရင္ ဒီထက္ပိုၿပီး ေစ်းမ်ားသြားမွာျဖစ္ပါတယ္။

Ref – GSM Arena