Elon Musk က Tesla Cybertruck ကို ကြေညာထားတာ ၃ နှစ်ရှိပြီ ဖြစ်ပြီး အခုထက်ထိ ထုတ်လုပ်ရောင်းချခြင်း မရှိသေးပါဘူး။ ဒါပေမယ့် လူစိတ်ဝင်စားမှု များပြားနေပြီး Tesla က အခုတော့ Cybertruck ကို ကြိုတင်မှာယူသူ ၁.၅ သန်း ရှိပြီလို့ ကြေညာလိုက်ပါတယ်။

Interior of Tesla Cybertruck

Elon Musk က ၂၀၁၉ ခုနှစ်မှာ Tesla Cybertruck ကို ပထမဆုံး သရုပ်ပြသခဲ့ပါတယ်။ မိတ်ဆက်ပွဲမှာ Musk က ကားရဲ့ စွမ်းဆောင်ရည်နဲ့ မာကျောမှုကို စမ်းသပ်ပြခဲ့ပြီး ကားနယ်ပယ်မှာ စံနှုန်း အသစ်ကို စိုက်ထူနိုင်တယ်လို့ ကြေညာခဲ့ပါတယ်။ သူက ကားကို တူနဲ့ ထုပြခဲ့ပြီး ကားဟာ မပျက်ဆီးတာကို မြင်ရပါတယ်။ အဲဒီနောက် ကျောက်တုံးနဲ့ မှန်ကို ပစ်လိုက်တဲ့အခါမှာတော့ မှန်ဟာ ကွဲကြေသွားပါတယ်။

2023 Tesla Cybertruck: What We Know So Far

ဒါပေမယ့်လည်း လူတွေဟာ ကား သရုပ်ပြမှုကို သဘောကျခဲ့ကြပြီး ပထမဆုံး အပတ်မှာတင် ကြိုတင်မှာယူမှု ၂၅၀ ရှိခဲ့ပါတယ်။ အခုထက်ထိလည်း လူစိတ်ဝင်စားမှု များနေတဲ့အတွက် ကြိုတင်မှာယူမှု ၁.၅ သန်းပြည့်သွားတာပါ။

ကုမ္ပဏီဟာ လက်ရှိမှာ ကြိုတင်မှာယူမှု ၁ ခုအတွက် ဒေါ်လာ ၁၀၀ စရန်ငွေ ယူပါတယ်။ Tesla က ကားရဲ့ ဈေးနှုန်းကို မပြောသေးပါဘူး။ အမှာစာ ၁.၅ သန်း ရှိပြီ ဖြစ်တဲ့အတွက် ဒေါ်လာ သန်း ၁၅၀ ရရှိနေပြီ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ အဲဒီကားကို ထုတ်လုပ်ဖို့အတွက် ပြဿနာတွေနဲ့ အရင်က ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် အခုတော့ ပြဿနာတွေကို ဖြေရှင်းပြီးပြီ ဖြစ်ပြီး ကုမ္ပဏီက ၂၀၂၃ ခုနှစ်လယ်မှာ စတင် ထုတ်လုပ်မယ်လို့ ပြောပါတယ်။

Ref : gizmochina