Tesla က Cybertruck ကို ၂၀၁၉ ခုနှစ်က ကြေညာခဲ့ပေမယ့် အခုထက်ထိ ထုတ်လုပ်ရောင်းချခြင်း မရှိသေးပါဘူး။ CEO Elon Musk က ကုမ္ပဏီရဲ့ ကွာတား ၄ ငွေကြေးရှင်းတမ်းကြေညာတဲ့ ပွဲမှာ ၂၀၂၃ ခုနှစ်နှစ်လယ်မှာ ထုတ်လုပ်ရောင်းချမယ်လို့ ပြောပါတယ်။ အခုတော့ Tesla Cybertruck ကို ကယ်လီဖိုးနီးယားက လမ်းတွေမှာ တွေ့လာရပါပြီ။

Cybertruck ကို ကယ်လီဖိုးနီးယားက Palo Alto မှာ တွေ့ရတဲ့ ဓါတ်ပုံကို တွစ်တာမှာ တင်ထားပါတယ်။ အရင်က ဓါတ်ပုံတွေနဲ့ ယှဉ်ရင် ဒီဇိုင်းက အနည်းငယ်ပြောင်းလဲသွားပြီး မှန်တွေက တြိဂံပုံပိုကျလာပါတယ်။ အနောက်ဘက်က ပိုတိုသွားပါတယ်။

Tesla cybertruck

Musk က Tesla Cybertruck မှာ Quad-motor All-Wheel Drive System ထည့်သွင်းထားမှာ ဖြစ်ပြီး ၁၄,၀၀၀ ပေါင် အထိ သယ်ဆောင်နိုင်တယ်လို့ ပြောထားပါတယ်။ ၂.၉ စက္ကန့်အတွင်း ၀ ကနေ ၆၀ မိုင် အမြန်နှုန်း မောင်းနှင်နိုင်ပြီး တစ်ခါအားသွင်းထားရင် မိုင် ၅၀၀ အထိ မောင်းနှင်နိုင်ပါတယ်။

Tesla က Cybertruck ကို ကြိုတင်မှာယူထားသူ ၁.၅ သန်းကျော် ရှိတယ်လို့ ကြေညာထားပါတယ်။ ကုမ္ပဏီက ကြိုတင်မှာယူသူတွေကို ဒေါ်လာ ၁၀၀ စရန်ငွေ ကောက်ယူထားပါတယ်။ Elon Musk က ၂၀၁၉ ခုနှစ်မှာ Cybertruck ရဲ့ ကုန်ကျစားရိတ်ကို ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ကပ်ရောဂါနဲ့ ငွေကြေးဖောင်းပွမှုတွေကြောင့် ရောင်းချတဲ့ ဈေးနှုန်း ပြောင်းလဲနိုင်ပါတယ်။

Ref : gizmochina