[Unicode]

အလိုအလျှောက်မောင်းတဲ့ ကားတွေဟာ အနာဂတ်ရဲ့ ကားတွေဖြစ်လာမှာပါ။ ဒီနည်းပညာက တော်တော်လန်းပေမယ့် အသိဥာဏ်မဲ့တဲ့ ယာဉ်မောင်းတွေကြောင့် ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ အလိုအလျှောက် မောင်းနှင်တဲ့ ကား နည်းပညာဟာ တော်တော်တိုးတက်လာနေပေမယ့် ယာဉ်မောင်းသူက ကားကို စဉ်ဆက်မပြတ် ဂရုစိုက်နေဖို့လိုတယ်ဆိုတာ ကားကုမ္ပဏီတွေက သတိပေးထားပါတယ်။

အခုတော့ ကားကို ဂရုမစိုက်ဘဲ Tesla ရဲ့ Autopilot အားကိုးပြီး တစ်နာရီ မိုင် ၈၀ နဲ့ မောင်းနေသူကို ဖမ်းဆီးလိုက်ပါတယ်။ ဒီဖြစ်ရပ်ဟာ Ontario မှာ ဒီတစ်ပတ်အတွင်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ Ontario ပြည်နယ် ရဲဌာနက အသက် ၅၈ နှစ်အရွယ် ယာဉ်မောင်းဟာ တစ်နာရီ မိုင် ၈၀ နဲ့ မောင်းနေချိန်မှာ လက်နှစ်ဖက်စလုံးကို သုံးပြီး သွားပွတ်ကြိုးနဲ့ သန့်ရှင်းရေး လုပ်နေတဲ့အတွက် Burlington ရဲအရာရှိတွေက ဖမ်းဆီးလိုက်ပါတယ်လို့ ပြောပါတယ်။ ယာဉ်မောင်းဟာ အဲဒီအချိန်မှာ Autopilot ကို သုံးနေတာဖြစ်ပါတယ်။

အာဏာပိုင်တွေက မဆင်မခြင် ယာဉ်မောင်းနှင်မှုနဲ့ အဲဒီလူကို တရားစွဲထားပါတယ်။ Tesla ရဲ့ Autopilot နည်းပညာကို အရမ်း ယုံစားတဲ့ တခြား ယာဉ်မောင်းတွေလည်း ရှိပါတယ်။ အမျိုးသား ၁ ယောက်ဟာ Autopilot သုံးပြီး တစ်နာရီ မိုင် ၆၀ နှုန်းနဲ့ မောင်းနေချိန်မှာ ယာဉ်မောင်းထိုင်ခုံမှာ အိပ်ပျော်နေတဲ့ ဗီဒီယို ၁ ခု ပြီးခဲ့တဲ့နှစ်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ သွားပွတ်ကြိုးသုံးတဲ့လူက အိပ်နေတဲ့ လူလောက်တော့ အဖြစ်မဆိုးသေးပါဘူး။ ဒါပေမယ့် Autopilot သုံးနေရင်တောင် ယာဉ်မောင်းဟာ သတိရှိနေရမှာဖြစ်ပြီး လက်နှစ်ဖက်စလုံးဟာ စတီယာရင်ပေါ်မှာ ရှိနေရမယ်လို့ Tesla က သတိပေးထားပါတယ်။

Ref : tnw

[Zawgyi]

ကားကို ဂ႐ုမစိုက္ဘဲ Tesla ရဲ႕ Autopilot အားကိုးၿပီး တစ္နာရီ မိုင္ ၈၀ နဲ႔ ေမာင္းေနသူကို ဖမ္းဆီး

အလိုအေလွ်ာက္ေမာင္းတဲ့ ကားေတြဟာ အနာဂတ္ရဲ႕ ကားေတြျဖစ္လာမွာပါ။ ဒီနည္းပညာက ေတာ္ေတာ္လန္းေပမယ့္ အသိဥာဏ္မဲ့တဲ့ ယာဥ္ေမာင္းေတြေၾကာင့္ ျပႆနာေတြ ျဖစ္လာတတ္ပါတယ္။ အလိုအေလွ်ာက္ ေမာင္းႏွင္တဲ့ ကား နည္းပညာဟာ ေတာ္ေတာ္တိုးတက္လာေနေပမယ့္ ယာဥ္ေမာင္းသူက ကားကို စဥ္ဆက္မျပတ္ ဂ႐ုစိုက္ေနဖို႔လိုတယ္ဆိုတာ ကားကုမၸဏီေတြက သတိေပးထားပါတယ္။

အခုေတာ့ ကားကို ဂ႐ုမစိုက္ဘဲ Tesla ရဲ႕ Autopilot အားကိုးၿပီး တစ္နာရီ မိုင္ ၈၀ နဲ႔ ေမာင္းေနသူကို ဖမ္းဆီးလိုက္ပါတယ္။ ဒီျဖစ္ရပ္ဟာ Ontario မွာ ဒီတစ္ပတ္အတြင္း ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။ Ontario ျပည္နယ္ ရဲဌာနက အသက္ ၅၈ ႏွစ္အ႐ြယ္ ယာဥ္ေမာင္းဟာ တစ္နာရီ မိုင္ ၈၀ နဲ႔ ေမာင္းေနခ်ိန္မွာ လက္ႏွစ္ဖက္စလုံးကို သုံးၿပီး သြားပြတ္ႀကိဳးနဲ႔ သန႔္ရွင္းေရး လုပ္ေနတဲ့အတြက္ Burlington ရဲအရာရွိေတြက ဖမ္းဆီးလိုက္ပါတယ္လို႔ ေျပာပါတယ္။ ယာဥ္ေမာင္းဟာ အဲဒီအခ်ိန္မွာ Autopilot ကို သုံးေနတာျဖစ္ပါတယ္။

အာဏာပိုင္ေတြက မဆင္မျခင္ ယာဥ္ေမာင္းႏွင္မႈနဲ႔ အဲဒီလူကို တရားစြဲထားပါတယ္။ Tesla ရဲ႕ Autopilot နည္းပညာကို အရမ္း ယုံစားတဲ့ တျခား ယာဥ္ေမာင္းေတြလည္း ရွိပါတယ္။ အမ်ိဳးသား ၁ ေယာက္ဟာ Autopilot သုံးၿပီး တစ္နာရီ မိုင္ ၆၀ ႏႈန္းနဲ႔ ေမာင္းေနခ်ိန္မွာ ယာဥ္ေမာင္းထိုင္ခုံမွာ အိပ္ေပ်ာ္ေနတဲ့ ဗီဒီယို ၁ ခု ၿပီးခဲ့တဲ့ႏွစ္က ထြက္ေပၚခဲ့ဖူးပါတယ္။ သြားပြတ္ႀကိဳးသုံးတဲ့လူက အိပ္ေနတဲ့ လူေလာက္ေတာ့ အျဖစ္မဆိုးေသးပါဘူး။ ဒါေပမယ့္ Autopilot သုံးေနရင္ေတာင္ ယာဥ္ေမာင္းဟာ သတိရွိေနရမွာျဖစ္ၿပီး လက္ႏွစ္ဖက္စလုံးဟာ စတီယာရင္ေပၚမွာ ရွိေနရမယ္လို႔ Tesla က သတိေပးထားပါတယ္။

Ref : tnw