Elon Musk က Tesla ရဲ့ အင်ဂျင်နီယာ အဖွဲ့ဟာ Model 3/Y ပလက်ဖောင်းရဲ့ ဈေးနှုန်းထက် တစ်ဝက်လောက်ပဲ ရှိမယ့် နောက်မျိုးဆက် လျှပ်စစ်ကား ပလက်ဖောင်း ၁ ခုကို အာရုံစိုက်နေတယ်လို့ ပြောပါတယ်။ Tesla ဟာ ဈေးချိုတဲ့ လျှပ်စစ်ကားတွေ ထုတ်လုပ်ဖို့ ပြောနေတာ နှစ်အနည်းငယ် ရှိပါပြီ။ ဒါပေမယ့် ငွေကြေးဖောင်းပွမှုနဲ့ လျှပ်စစ်ကား ဝယ်လိုအားများနေတဲ့အတွက် ဈေးနှုန်းတွေကို မြှင့်တင်ထားရပါတယ်။

Tesla is working on the next generation EV platform

Tesla ဟာ ဒေါ်လာ ၂၅,၀၀၀ တန် လျှပ်စစ်ကားတွေကို ထုတ်လုပ်ဖို့ အရင်က ပြောခဲ့ဖူးပါတယ်။ CEO Elon Musk က ၂၀၂၃ ခုနှစ်မှာ ဈေးချိုတဲ့ လျှပ်စစ်ကားတွေကို ထုတ်လုပ်ရောင်းချဖို့ ရည်ရွယ်ထားတယ်လို့ ပြောခဲ့ဖူးပါတယ်။

Tesla is working on the next generation EV platform

ဒါပေမယ့် အဲဒီနောက်မှာ Musk က Optimus စက်ရုပ်နဲ့ Model Y ထုတ်လုပ်မှုကို မြှင့်တင်ဖို့ အာရုံစိုက်နေရတဲ့အတွက် ၂၀၂၂ ခုနှစ်မှာ ဈေးချိုတဲ့ လျှပ်စစ်ကားတွေကို မထုတ်လုပ်တော့ဘူးလို့ ပြောခဲ့ပါတယ်။ Musk က မောင်းသူမဲ့ နည်းပညာဟာ ကုန်ကျစားရိတ်များတဲ့အတွက် Tesla ဟာ ဈေးချိုတဲ့ လျှပ်စစ်ကားတွေကို ထုတ်လုပ်ဖို့ အစီအစဉ် မရှိတော့ဘူးလို့ ပြောခဲ့ပါတယ်။

အခုတော့ Tesla ရဲ့ ၂၀၂၂ ခုနှစ် ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လ ကနေ စက်တင်ဘာလအတွက် ငွေစာရင်းရှင်းတမ်း ကြေညာတဲ့ ပွဲမှာ Musk က ဈေးချိုတဲ့ လျှပ်စစ်ကားတွေကို ထုတ်လုပ်ဖို့ အစီအစဉ်ရှိသေးတယ်လို့ ပြောလိုက်ပါတယ်။

Tesla ရဲ့ ဈေးချိုတဲ့ လျှပ်စစ်ကားတွေဟာ ဒေါ်လာ ၂၅,၀၀၀ နဲ့ ၃၅,၀၀၀ အတွင်း ရှိနိုင်ပါတယ်။ Musk က ဈေးချိုတဲ့ လျှပ်စစ်ကားတွေ ထုတ်လုပ်မယ့် အရေအတွက်ဟာ Tesla ရဲ့ တခြား ကား စုစုပေါင်းထက် ပိုများမယ်လို့ ပြောပါတယ်။

Ref : electrek