Tesla က ထိုင်းမှာ လျှပ်စစ်ကား အသစ် ၂ စီးကို ကြေညာလိုက်ပါတယ်။ လူကြိုက်များတဲ့ ကားတွေဖြစ်တဲ့ Model 3 နဲ့ Model Y တို့ ဖြစ်ပြီး ထိုင်းမှာ ဝယ်ယူနိုင်ပါပြီ။

Tesla

တန်ဖိုးအနည်းဆုံး အနေနဲ့ Model 3 ဟာ ၅၀,၁၁၅ ဒေါ်လာကစပြီး Model Y ဟာ ၅၅,၈၁၀ ဒေါ်လာက စပါတယ်။ ကုမ္ပဏီက ၂၀၂၃ ခုနှစ် ပထမ ကွာတား ဖြစ်တဲ့ ဇန်နဝါရီလကနေ မတ်လအတွင်း အဲဒီကားဝယ်ယူသူတွေထံ ပို့ဆောင်ပေးမယ်လို့ ပြော့ပါတယ်။ Tesla ဟာ ထိုင်းမှာ Supercharge အားသွင်းစက်တွေကို တပ်ဆင်ဖို့ စီစဉ်နေပြီး နောက်နှစ် ပထမ ကွာတားအတွင်း တပ်ဆင်မယ်လို့ ထင်ရပါတယ်။

Tesla launches in Thailand, vying to compete with China EVs | Tech News

ကုမ္ပဏီရဲ့ တရားဝင် ကြေညာချက်အရ အချက်အချာကျတဲ့ မြို့လယ်ခေါင် ဧရိယာတွေမှာ အနည်းဆုံး အားသွင်းစက် Station ၁ ခု တည်ဆောက်မှာဖြစ်ပြီး ၂၀၂၃ ခုနှစ်အကုန်မှာ အားသွင်းစက် Station ၁၀ ခု အထိ တိုးချဲ့ တည်ဆောက်မှာ ဖြစ်ပါတယ်။

Model 3 ဟာ ၆၈၁ ကီလိုမီတာ အကွာအဝေး မောင်းနှင်နိုင်ပြီး အမြန်ဆုံးနှုန်းက ၁ နာရီကို ၂၆၁ ကီလိုမီတာ ဖြစ်ပါတယ်။ ၃.၃ စက္ကန့်အတွင်း ၀ ကနေ ၁၀၀ ကီလိုမီတာ အထိ အမြန်နှုန်း မြှင့်တင်နိုင်ပါတယ်။ Model Y ဟာ ၆၂၃ ကီလိုမီတာ အကွာအဝေး မောင်းနိုင်ပါတယ်။ အမြန်ဆုံးနှုန်းက ၁ နာရီကို ၂၅၀ ကီလိုမီတာ ဖြစ်ပြီး ၃.၇ စက္ကန့်အတွင်း ၀ ကနေ ၁၀၀ ကီလိုမီတာ အထိ အမြန်နှုန်း မြှင့်တင်နိုင်ပါတယ်။

Ref : gizmochina