အမေရိကန် ဖယ်လာဒယ်လ်ဖီးယားက အမျိုးသမီး ၁ ယောက်ဟာ Tesla ကားပေါ်မှာ ကလေးမွေးတဲ့ ကမ္ဘာ့ ပထမဆုံး အမျိုးသမီးလို့ ညွှန်းဆိုရပါတော့မယ်။ Autopilot နဲ့ မောင်းခိုင်းထားပြီး ကားအရှေ့ခန်းမှာပဲ ကလေးမွေးဖွားခဲ့တာပါ။

Tesla

အဲဒီ ထူးခြားတဲ့ ဖြစ်ရပ်ဟာ စက်တင်ဘာလက ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အသက် ၃၃ နှစ်အရွယ် ရီရန်ရှယ်ရီနဲ့ အမျိုးသားတို့ဟာ Tesla ကားနဲ့ သားဖြစ်သူကို ကျောင်းပို့သွားကြတာ ဖြစ်ပါတယ်။ ကားပေါ်မှာပဲ ရေမွှာပေါက်သွားခဲ့ပြီး ကံဆိုးချင်တော့ ကားလမ်းပိတ်နေခဲ့ပါတယ်။ သူတို့ဟာ ဆေးရုံကို ချက်ချင်း မရောက်နိုင်ဘူးဆိုတာ သိသွားကြပြီး အမျိုးသား ကီးတင်းရှယ်ရီက မိနစ် ၂၀ လောက်မောင်းရမယ့် ဆေးရုံ တည်နေရာကို သတ်မှတ်ကာ ကားကို Autopilot နဲ့ မောင်းခိုင်းခဲ့ပါတယ်။

Tesla Model S

အဲဒီနောက်မှာ အမျိုးသားဟာ ကလေးမွေးဖွားဖို့ ဇနီးသည်ကို ကူညီနိုင်ခဲ့ပြီး ဆေးရုံရောက်ချိန်မှာ ကလေးကို အောင်မြင်စွာ မွေးဖွားခဲ့ပြီးပြီ ဖြစ်ပါတယ်။ ဆေးရုံက သူနာပြုတွေက ကလေး ချက်ကြိုးကို ကားအရှေ့ခန်းထဲမှာပဲ ဖြတ်ပေးခဲ့တာပါ။ သူနာပြုတွေက ကလေးငယ်ကို Tesla Baby လို့ ချစ်စနိုးနဲ့ နာမည်ပေးခဲ့ကြပါတယ်။ မိဘတွေက အရေးပေါ်အခြေအနေမှာ သူတို့ကို ကယ်တင်ပေးခဲ့တဲ့ Tesla ကို ဂုဏ်ပြုတဲ့ အနေနဲ့ ကလေး နာမည်ကို Tess လို့ ပေးဖို့ စဉ်းစားထားကြပါတယ်။

ကီးတင်းရှယ်ရီက အရမ်းကောင်းမွန်တဲ့ Autopilot ဒီဇိုင်းကို ဖန်တီးထားတဲ့ Tesla အင်ဂျင်နီယာတွေကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ လတွေအတွင်း Autopilot ကြောင့် ယာဉ်မတော်တဆမှုတွေ ဖြစ်ခဲ့တဲ့ Tesla အတွက် အခု သတင်းက ဂုဏ်တက်စရာ ဖြစ်စေခဲ့ပါတယ်။

Ref : gizmochina