အမေရိကန်ရဲ့ နာမည်အကြီးဆုံး လျှပ်စစ်ကား ကုမ္ပဏီ Tesla ဟာ ၂၀၂၁ ခုနှစ်မှာ ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့တယ်လို့ မကြာခင်ကထွက်ခဲ့တဲ့ စစ်တမ်း ၁ ခုက ဖော်ပြထားပါတယ်။ လျှပ်စစ်ကား ထုတ်လုပ်သူများစွာရှိတဲ့အထဲကမှ Tesla ဟာ ၂၀၁၈ ခုနှစ်က စတင်ကာ နံပါတ် ၁ ရောင်းအားအကောင်းဆုံး သရဖူကို ရယူထားခဲ့တာပါ။ နာမည်ကြီး တရုတ် Vlogger ၁ ယောက်က Tesla Model 3 ရဲ့ အရေးပေါ် အလိုအလျှောက် ဘရိတ်အုပ်တဲ့ စနစ်မှာ အမှားတွေရှိတယ်လို့ စွပ်စွဲထားပေမယ့် Tesla ဟာ တစ်ကမ္ဘာလုံးမှာ ရောင်းအားကောင်းနေပါတယ်။

Tesla Logo

၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ Tesla ရဲ့ ကားမှာယူမှု အသစ်ဟာ ၁၇၀,၀၀၀ ရှိခဲ့ပြီး နံပါတ် ၁ ရောင်းအား အကောင်းဆုံး ဖြစ်ပါတယ်။ နံပါတ် ၂ နေရာကို တရုတ် ကုမ္ပဏီ BYD က ၉၃,၂၉၃ နဲ့ ရထားပြီး SGMW က ၆၁,၃၀၆ နဲ့ နံပါတ် ၃ နေရာမှာ ရှိနေပါတယ်။ BYD ဟာ တရုတ်မှာသာမက နိုင်ငံခြားမှာလည်း ရောင်းအား တိုးတက်နေပါတယ်။ လျှပ်စစ်ကား ရောင်းအား အကောင်းဆုံး စာရင်းထဲမှာပါတဲ့ နာမည်ကြီး Brand တွေထဲမှာ Ford , Geely , Porsche, Mercedes, Volkswagen , BMW နဲ့ SAIC တို့ ပါဝင်ကြပြီး တရုတ် လျှပ်စစ်ကား ထုတ်လုပ်သူများစွာလည်း နေရာယူထားကြပါတယ်။

TEsla BYD

Tesla ဟာ ၂၀၂၁ ခုနှစ်မှာ ဈေးကွက်ဝေစု ၁၄ ရာခိုင်နှုန်းရထားပြီး ၂၀၁၉ ခုနှစ်ရဲ့ ၁၇ ရာခိုင်နှုန်းထက် ကျဆင်းသွားပါတယ်။ ဒါပေမယ့် BYD ကတော့ ၂၀၂၁ ခုနှစ်မှာ ရောင်းအား ၃ ဆ တက်လာပြီး အမေရိကန် အပါအဝင် နိုင်ငံခြား တိုင်းပြည်များစွာမှာ ဈေးကွက်တိုးချဲ့ဖို့ ပြင်ဆင်နေပါတယ်။ BYD ဟာ အနာဂတ်မှာ Tesla ကို စိန်ခေါ်နိုင်တဲ့ Brand ဖြစ်လာနိုင်ပါတယ်။

Ref : gizmochina