Tesla ကားတွေရဲ့ Autopilot System က ပိုလန်းသွားပါပြီ။ ကား ကင်မရာတွေကနေ Speed Limit Signs တွေကို မြင်နိုင်တဲ့ Software Update ကို Tesla က ဖြန့်ချိပေးလိုက်ပါတယ်။ ကင်မရာက Speed Limit Sign ကို တွေ့တာနဲ့ ယာဉ်မောင်းသူကို Screen ကနေ သတိပေးမှာ ဖြစ်ပါတယ်။ Software Release Notes မှာ ယာဉ်ပိုင်ရှင်က Speed Limit Warning ကို သတ်မှတ်နိုင်တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် Update မှာ Traffic Light နဲ့ Stop Sign Control လုပ်ဆောင်ချက်တွေ ပါလာပြီး မီးပွိုင့်မှာ ကားရပ်ထားတဲ့အချိန် မီးစိမ်းသွားရင် အသံနဲ့ အသိပေးနိုင်ပါတယ်။ Tesla ဟာ Stop Signs နဲ့ Traffic Lights တွေကို တွေ့ရင် ကား  အရှိန်လျှော့ပြီး ရပ်တန့်စေတဲ့ လုပ်ဆောင်ချက်ကို ဧပြီလက ကားအသစ်တွေအတွက် ဖြန့်ချိပေးခဲ့ပါတယ်။

Tesla ရဲ့ ဘောစိ Musk ဟာ Traffic Light နဲ့ Stop Sign Control လုပ်ဆောင်ချက်ကို ၂၀၁၈ ခုနှစ်ကတည်းက အသိပေးခဲ့တာ ဖြစ်ပြီး သင့် Tesla ကားဟာ သင့် အိမ် ကားဂိုဒေါင်ထဲကို အလိုလို မောင်းနှင်နိုင်သလို အလုပ်မှာလည်း ကားကို အလိုလို ကားပါကင် ထိုးပေးနိုင်တော့မယ်လို့ အဲဒီတုန်းက ပြောခဲ့ပါတယ်။

Musk က ဒီနှစ်ထဲမှာ လူ့ အကူအညီ လုံးဝ မလိုတဲ့ Fully Autonomous Tesla ကားတွေ ဖြစ်လာမယ်လို့ ကြေညာထားပေမယ့် အခုထက်ထိတော့ မဖြစ်လာသေးပါဘူး။ Tesla ရဲ့ Full Self-driving Package ဟာ ဒေါ်လာ ၇ ထောင်က စပြီး Speed Limit နဲ့ Stop Sign Controls တွေလို Update တွေကို ရကြပါတယ်။

Ref : theverge