Zawgyi

PUBG ဂိမ္းဟာ အခုႏွစ္ပိုင္းေတြမွာ ဂိမ္းပလက္ေဖာင္းေတြအားလုံးေပၚ လူႀကိဳက္မ်ားလ်က္ရွိၿပီး သူ႕ကစားဟန္အတုိင္း Battle Royale အမ်ဳိးအစားဂိမ္းေတြလည္း အမ်ားအျပားထြက္လာပါတယ္။ ဒါေပမယ့္ ဒီတစ္ခါေတာ့ Battle Royale ထဲဝင္ေရာက္လာမယ့္သူက ကၽြန္ေတာ္တုိ႔ငယ္ငယ္က ဂိမ္မာဘဝ စတင္ရာလို႔ေတာင္ ဆုိႏုိင္မယ့္ Tetris (တုံးဆက္) ဂိမ္းပါ။

Tetris Royale လို႔အမည္ေပးထားတဲ့ဂိမ္းကို N3TWORK နဲ႔ Tetris Company တုိ႔ပူးေပါင္းၿပီး မုိဘုိင္းေပၚ အေရာက္ပို႔လာမွာျဖစ္ၿပီး ပြဲစဥ္တစ္ခုကို လူအေယာက္တစ္ရာထိ ပါဝင္ယွဥ္ၿပိဳင္ႏုိင္မယ့္ဂိမ္းျဖစ္ပါတယ္။ ၂၀၁၉ ေဖေဖာ္ဝါရီက Nintendo ရဲ႕ Switch ဂိမ္းစက္ပလက္ေဖာင္းမွာ ထြက္ရွိခဲ့ၿပီး ခ်က္ခ်င္းလူႀကိဳက္မ်ားသြားခဲ့တဲ့ Tetris 99 ဂိမ္းကိုပဲ မုိဘုိင္းအျဖစ္ ျပန္လည္အသက္သြင္းလာတာလို႔လည္း ဆုိႏုိင္ပါတယ္။

ဒီဂိမ္းဟာ N3TWORK နဲ႔ Tetris Company တုိ႔ရဲ႕ ႏွစ္ေပါင္းမ်ားစြာၾကာျမင့္တဲ့ အထူးပူးေပါင္းမႈကေန ထြက္ေပၚလာတဲ့ ပထမဆုံး Tetris ဂိမ္းလည္းျဖစ္တာေၾကာင့္ လာမယ့္အနာဂါတ္မွာ မုိဘုိင္းပလက္ေဖာင္းေပၚ Tetris ဂိမ္းေတြ ပိုၿပီးျမင္လာရႏုိင္ပါတယ္။

ကစားသမား ၁၀၀ ပါဝင္ယွဥ္ၿပိဳင္ရမယ့္ Competitive Mode အျပင္ တစ္ေယာက္တည္း ကစားႏုိင္မယ့္ Solo Marathon Mode နဲ႔ ကစားသမားေတြ ေန႔စဥ္ေဆာ့ကစားၿပီး အထူးဆုေတြရႏုိင္မယ့္ Daily Challenge စနစ္ေတြကိုလည္း Tetris Royale ဂိမ္းထဲမွာ ျမင္ရမွာပါ။

Tetris Royale ကိုလက္ရွိမွာ စမ္းသပ္ေနဆဲျဖစ္ၿပီး iOS နဲ႔ Android ပလက္ေဖာင္းႏွစ္ခုလုံးအတြက္ ဘီတာဗားရွင္းအား ၂၀၁၉ ခုႏွစ္အတြင္း ရရွိေစမယ္လို႔ အာမခံထားပါတယ္။

Ref – The Verge

Unicode

PUBG ဂိမ်းဟာ အခုနှစ်ပိုင်းတွေမှာ ဂိမ်းပလက်ဖောင်းတွေအားလုံးပေါ် လူကြိုက်များလျက်ရှိပြီး သူ့ကစားဟန်အတိုင်း Battle Royale အမျိုးအစားဂိမ်းတွေလည်း အများအပြားထွက်လာပါတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ Battle Royale ထဲဝင်ရောက်လာမယ့်သူက ကျွန်တော်တို့ငယ်ငယ်က ဂိမ်မာဘဝ စတင်ရာလို့တောင် ဆိုနိုင်မယ့် Tetris (တုံးဆက်) ဂိမ်းပါ။

Tetris Royale လို့အမည်ပေးထားတဲ့ဂိမ်းကို N3TWORK နဲ့ Tetris Company တို့ပူးပေါင်းပြီး မိုဘိုင်းပေါ် အရောက်ပို့လာမှာဖြစ်ပြီး ပွဲစဉ်တစ်ခုကို လူအယောက်တစ်ရာထိ ပါဝင်ယှဉ်ပြိုင်နိုင်မယ့်ဂိမ်းဖြစ်ပါတယ်။ ၂၀၁၉ ဖေဖော်ဝါရီက Nintendo ရဲ့ Switch ဂိမ်းစက်ပလက်ဖောင်းမှာ ထွက်ရှိခဲ့ပြီး ချက်ချင်းလူကြိုက်များသွားခဲ့တဲ့ Tetris 99 ဂိမ်းကိုပဲ မိုဘိုင်းအဖြစ် ပြန်လည်အသက်သွင်းလာတာလို့လည်း ဆိုနိုင်ပါတယ်။

ဒီဂိမ်းဟာ N3TWORK နဲ့ Tetris Company တို့ရဲ့ နှစ်ပေါင်းများစွာကြာမြင့်တဲ့ အထူးပူးပေါင်းမှုကနေ ထွက်ပေါ်လာတဲ့ ပထမဆုံး Tetris ဂိမ်းလည်းဖြစ်တာကြောင့် လာမယ့်အနာဂါတ်မှာ မိုဘိုင်းပလက်ဖောင်းပေါ် Tetris ဂိမ်းတွေ ပိုပြီးမြင်လာရနိုင်ပါတယ်။

ကစားသမား ၁၀၀ ပါဝင်ယှဉ်ပြိုင်ရမယ့် Competitive Mode အပြင် တစ်ယောက်တည်း ကစားနိုင်မယ့် Solo Marathon Mode နဲ့ ကစားသမားတွေ နေ့စဉ်ဆော့ကစားပြီး အထူးဆုတွေရနိုင်မယ့် Daily Challenge စနစ်တွေကိုလည်း Tetris Royale ဂိမ်းထဲမှာ မြင်ရမှာပါ။

Tetris Royale ကိုလက်ရှိမှာ စမ်းသပ်နေဆဲဖြစ်ပြီး iOS နဲ့ Android ပလက်ဖောင်းနှစ်ခုလုံးအတွက် ဘီတာဗားရှင်းအား ၂၀၁၉ ခုနှစ်အတွင်း ရရှိစေမယ်လို့ အာမခံထားပါတယ်။

Ref – The Verge