ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း (WHO) က ကိုရိုနာဗိုင်းရက်စ်ရဲ့ သတင်းအမှားတွေကို တိုက်ဖျက်နေပြီး အခုလည်း WhatsApp Bot ကနေ ဗိုင်းရက်စ်ရဲ့ သတင်းအချက်အလက် အမှန်တွေကို မျှဝေပေးလိုက်ပါတယ်။ WhatsApp Bot ကို ကိုရိုနာဗိုင်းရက်စ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးမြန်းနိုင်ပြီး Bot က နောက်ဆုံးရ သတင်းအချက်အလက်တွေကို ဖြေကြားပေးမှာ ဖြစ်ပါတယ်။

သင့် WhatsApp ရဲ့ Contact List  မှာ +41 79 893 18 92 နံပါတ်ကို ထည့်သွင်းခြင်းဖြင့် Bot ကို Add ထားနိုင်ပါတယ်။ ပြီးရင်တော့ “join” လို့ စာရိုက်ပြီး မေးခွန်းတွေ စတင် မေးမြန်းနိုင်ပါပြီ။ Bot က ရိုးရှင်းတဲ့ မီနူးကို ပြသပေးမှာ ဖြစ်ပြီး သင် သိချင်တဲ့ ကိုရိုနာဗိုင်းရက်စ် သတင်းအချက်အလက်တွေ ပါတဲ့ နံပါတ်တွေကို ရိုက်နှိပ်ရမှာ ဖြစ်ပါတယ်။

WhatsApp Bot အပြင် WHO ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာလည်း ကိုရိုနာဗိုင်းရက်စ်ရဲ့ နောက်ဆုံးရ သတင်းအချက်အလက်တွေကို ဖော်ပြပေးထားပါတယ်။ ဗိုင်းရက်စ် သတင်းအမှားတွေဟာ အရမ်းကို အန္တရာယ်များပါတယ်။ အဲဒီအတွက် Facebook , Google , Microsoft နဲ့ တခြား နည်းပညာ ကုမ္ပဏီတွေဟာ သတင်းအမှားတွေကို ဖယ်ရှားနေကြပါတယ်။

Ref : gsmarena