[Zawgyi]

ပီဇာ ဖုတ္တဲ့ စားဖိုမွဴးေတြေတာ့ အလုပ္ျပဳတ္ေတာ့မယ္ ထင္ပါတယ္။ ဆီေယတယ္ အေျခစိုက္ ကုမၸဏီ ၁ ခုက ၁ နာရီအတြင္းမွာ ပီဇာ အခ်ပ္ ၃၀၀ လုပ္ေပးႏုိင္တဲ့ စက္ရုပ္ကို ျပသလိုက္ပါတယ္။ စက္ရုပ္က Computer Vision နဲ႔ Deep Learning နည္းပညာေတြကို သံုးၿပီး ပီဇာ ဖုတ္ေပးတာ ျဖစ္ပါတယ္။ စားသံုးသူေတြ ႏွစ္သက္တဲ့ Toppings ေတြကိုလည္း ေရြးခ်ယ္ ထည့္သြင္းေပးႏုိင္ပါတယ္။

ပီဇာ လုပ္တဲ့ စက္ရုပ္ကို Picnic က ဖန္တီးထားတာ ျဖစ္ၿပီး ကုမၸဏီက “ အစားအစာ ထုတ္လုပ္တဲ့ စံႏႈန္း အသစ္ကို ကြ်န္ေတာ္တို႔ ဖန္တီးေပးခ်င္ပါတယ္။ Customize မ်ားစြာ ျပဳလုပ္ႏုိင္တဲ့ ပီဇာေတြကို ထုတ္လုပ္ႏုိင္တာ ကြ်န္ေတာ္တို႔ စက္ရုပ္က ပထမဆံုး ျဖစ္ပါတယ္။ ပီဇာလုပ္ရာမွာ ေတြ႕ၾကံဳရတဲ့ အခက္အခဲေတြကို စက္ရုပ္က လြယ္ကူစြာ ေျဖရွင္းေပးႏုိင္ၿပီး စားသံုးသူေတြ အႀကိဳက္ ဖန္တီးေပးႏုိင္ပါတယ္။ “ လို႔ ေျပာပါတယ္။

စက္ရုပ္က ၁ နာရီမွာ ၁၂ လက္မအရြယ္ ပီဇာ အခ်ပ္ ၃၀၀ နဲ႔ ၁၈ လက္မအရြယ္ ပီဇာ အခ်ပ္ ၁၈၀ ကို ဖန္တီးေပးႏုိင္ပါတယ္။ ပီဇာ ျပဳလုပ္ရာမွာ Modular Design ကို အသံုးျပဳထားတဲ့အတြက္ စက္ရုပ္ကို ၀ယ္ယူတဲ့ စားေသာက္ဆိုင္ေတြဟာ ပီဇာ ၁ ခုခ်င္းစီအတြက္ ႏွစ္သက္သလို Customize ျပဳလုပ္ႏုိင္ပါတယ္။

စက္ရုပ္ကို ၀ယ္ယူတဲ့ စားေသာက္ဆိုင္ေတြအတြက္ Picnic က တပ္ဆင္ျခင္းနဲ႔ ထိန္းသိမ္းမြမ္းမံျခင္းေတြကို တာ၀န္ယူေပးမွာ ျဖစ္ပါတယ္။ လစဥ္ေၾကးနဲ႔ Software Update ေတြကိုလည္း ပံ့ပိုးေပးမွာ ျဖစ္ပါတယ္။ လက္ရွိ Point-of-sale နဲ႔ Ordering System ေတြနဲ႔ ခ်ိတ္ဆက္အလုပ္လုပ္ႏိုင္မယ့္ Software ေတြကိုလည္း ဒီဇိုင္းထုတ္ေပးမွာပါ။ စက္ရုပ္ရဲ႕ ေစ်းႏႈန္းနဲ႔ ေရာင္းခ်မယ့္ အခ်ိန္ကို မသိရေသးပါဘူး။

Ref : dailymail

[Unicode]

၁ နာရီအတွင်းမှာ ပီဇာ အချပ် ၃၀၀ လုပ်ပေးနိုင်တဲ့ စက်ရုပ်

ပီဇာ ဖုတ်တဲ့ စားဖိုမှူးတွေတော့ အလုပ်ပြုတ်တော့မယ် ထင်ပါတယ်။ ဆီယေတယ် အခြေစိုက် ကုမ္ပဏီ ၁ ခုက ၁ နာရီအတွင်းမှာ ပီဇာ အချပ် ၃၀၀ လုပ်ပေးနိုင်တဲ့ စက်ရုပ်ကို ပြသလိုက်ပါတယ်။ စက်ရုပ်က Computer Vision နဲ့ Deep Learning နည်းပညာတွေကို သုံးပြီး ပီဇာ ဖုတ်ပေးတာ ဖြစ်ပါတယ်။ စားသုံးသူတွေ နှစ်သက်တဲ့ Toppings တွေကိုလည်း ရွေးချယ် ထည့်သွင်းပေးနိုင်ပါတယ်။

ပီဇာ လုပ်တဲ့ စက်ရုပ်ကို Picnic က ဖန်တီးထားတာ ဖြစ်ပြီး ကုမ္ပဏီက “ အစားအစာ ထုတ်လုပ်တဲ့ စံနှုန်း အသစ်ကို ကျွန်တော်တို့ ဖန်တီးပေးချင်ပါတယ်။ Customize များစွာ ပြုလုပ်နိုင်တဲ့ ပီဇာတွေကို ထုတ်လုပ်နိုင်တာ ကျွန်တော်တို့ စက်ရုပ်က ပထမဆုံး ဖြစ်ပါတယ်။ ပီဇာလုပ်ရာမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို စက်ရုပ်က လွယ်ကူစွာ ဖြေရှင်းပေးနိုင်ပြီး စားသုံးသူတွေ အကြိုက် ဖန်တီးပေးနိုင်ပါတယ်။ “ လို့ ပြောပါတယ်။

စက်ရုပ်က ၁ နာရီမှာ ၁၂ လက်မအရွယ် ပီဇာ အချပ် ၃၀၀ နဲ့ ၁၈ လက်မအရွယ် ပီဇာ အချပ် ၁၈၀ ကို ဖန်တီးပေးနိုင်ပါတယ်။ ပီဇာ ပြုလုပ်ရာမှာ Modular Design ကို အသုံးပြုထားတဲ့အတွက် စက်ရုပ်ကို ဝယ်ယူတဲ့ စားသောက်ဆိုင်တွေဟာ ပီဇာ ၁ ခုချင်းစီအတွက် နှစ်သက်သလို Customize ပြုလုပ်နိုင်ပါတယ်။

စက်ရုပ်ကို ဝယ်ယူတဲ့ စားသောက်ဆိုင်တွေအတွက် Picnic က တပ်ဆင်ခြင်းနဲ့ ထိန်းသိမ်းမွမ်းမံခြင်းတွေကို တာဝန်ယူပေးမှာ ဖြစ်ပါတယ်။ လစဉ်ကြေးနဲ့ Software Update တွေကိုလည်း ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ လက်ရှိ Point-of-sale နဲ့ Ordering System တွေနဲ့ ချိတ်ဆက်အလုပ်လုပ်နိုင်မယ့် Software တွေကိုလည်း ဒီဇိုင်းထုတ်ပေးမှာပါ။ စက်ရုပ်ရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : dailymail