Samsung Galaxy S2 ရဲ့ သက်တမ်းကို တွက်ကြည့်မယ်ဆိုရင် ၁၁ နှစ် ကြာခဲ့ပါပြီ။ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးက ထုတ်လုပ်ရောင်းချခဲ့တဲ့ စမတ်ဖုန်းတွေထဲမှာ Galaxy S2 ကလည်း အရေးပါတဲ့ မှတ်တိုင်တစ်ခုမှာ ရှိခဲ့ပြီး ဒီအမှတ်တံဆိပ်ကို ပြိုင်ဆိုင်မှုလမ်းကြောင်းပေါ် ပို့ဆောင်ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီနေ့အထိ Galaxy S2 ကို အသုံးပြုနေသေးကြသလားဆိုတဲ့ မေးခွန်းဟာ အဓိပ္ပါယ်မရှိဘူးဆိုရင်၊ ဒီ Device ဟာ Android 12 ROM ရရှိပြီဆိုတာကလည်း အဓိပ္ပါယ်မရှိဘူးလို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ Galaxy S2 ဟာ အမှန်တကယ်ပဲ Android 12 booting ရရှိကြောင်းကို XDA user rINanDO ကဖော်ထုတ်ထားပြီး ဒီ Device ဟာ တိတ်တဆိတ်နဲ့ပဲ သေဆုံးသွားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

1.2GHz processor နဲ့ 1GB of RAM ပဲရှိတဲ့ စမတ်ဖုန်းတစ်လုံးမှာ Android 12 က ကောင်းကောင်းမွန်မွန်အလုပ်လုပ်နိုင်တာဟာ အထင်ကြီးစရာတစ်ခုဖြစ်ပါလိမ့်မယ်။ ဒါဟာ အမှန်တကယ်ပဲ ဖြစ်ခဲ့ပါတယ်။ တရားဝင်မဟုတ်တဲ့ ROMs တွေဟာ ပထမ Builds အနည်းငယ်မှာတော့ အမြဲတမ်းလိုလို Buggy ဖြစ်တတ်ကြပါတယ်။ အိုဟောင်းနေတဲ့ Hardware တစ်ခုမှာတော့ ဆိုဖွယ်ရာမရှိပါပဲ။

ဒါပေမဲ့ ROM က အတော်လေးအလုပ်ဖြစ်ပြီး RIL (Phone/SMS), Audio, Bluetooth (audio & headset), Wifi, IMEI, Touchkeys, Hardware encode/decoder, Display, DRM, for e.g. Netflix, Selinux enforced, BitGapps, Magisk v23.0, FM Radio (using Spirit2) စတဲ့ Features တွေလည်း အလုပ်လုပ်ပါတယ်။ ဒါပေမဲ့လည်း AGPS, Camera Video recording, PowerHAL, Live Display, MicroG support bits တွေကတော့ ကံမကောင်းစွာနဲ့ပဲ broken ဖြစ်နေတယ်လို့ ဆိုပါတယ်။

Camera နဲ့ Sensors အချို့က “တစ်ခါတစ်ရံမှာ အလုပ်လုပ်တယ်” လို့ ဆိုထားပေမဲ့ ဒါဟာ အလုပ်မလုပ်ဘူးလို့ပဲ သတ်မှတ်ရပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ ၁၁ နှစ်တုန်းကထုတ်ခဲ့တဲ့ Device က Android 12 နဲ့ လုံးဝနီးပါး အလုပ်လုပ်တယ်ဆိုတာကတော့ အံ့အားသင့်စရာပါပဲ။ ဒီတော့ ၂၀၂၂ ခုနှစ်ထဲမှာ Samsung Galaxy S2 အတွက် ဘယ်လိုမှော်ဆန်တဲ့ အလှည့်အပြောင်းတွေမြင်တွေ့ရဦးမလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: Android Police