Zawgyi

တ႐ုတ္ႏိုင္ငံရဲ႕ နာမည္ႀကီးစမတ္ဖုန္း ကုမၸဏီျဖစ္တဲ့ Huawei ရဲ႕ အမွတ္တံဆိပ္သစ္ Honor ဟာ လာမယ့္ ေအာက္တိုဘာလ ၃၁ ရပ္ေန႔မွာ Honor Magic 2 ကို ထုတ္ေဖာ္ျပသႏိုင္ဖို႔ အရွိန္ျမႇင့္ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ သူတို႔အေနနဲ႔ မၾကာခင္အခ်ိန္အတြင္းမွာ တရားဝင္ေၾကညာမႈကိုလည္း ျပဳလုပ္ေတာ့မွာပါ။
Honor Magic 2 နဲ႔ပတ္သက္ၿပီး ေနာက္ဆုံးေပါက္ၾကားမႈကေတာ့ စိတ္ကူးယဥ္ခ်င္စရာ ထူးထူးေထြေထြ မရွိလွပါဘူး။ (ေရာင္ေျပး) Gradient နဲ႔ ေၾကာ္ျငာထားတာကိုလည္း တရားဝင္ Teaser 2 မွာ အားလုံးလည္း ျမင္ဖူးၿပီးသား ျဖစ္မွာပါ။ အခုအခ်ိန္မွာ သိရတာကေတာ့ Silver, Blue နဲ႔ Pink ဆိုၿပီး အေရာင္သုံးမ်ိဳးနဲ႔ ထြက္လာမယ္ဆိုတာပါပဲ။ တကယ္တမ္း မိတ္ဆက္ရင္ေတာ့ အေရာင္ေတြရဲ႕ အေခၚအေဝၚေတြက ေျပာင္းလဲႏိုင္ပါတယ္။ ဒီအေရာင္ေတြကေတာ့ လာမယ့္ျဖန႔္ခ်ိမႈမွာသုံးမယ့္ သတင္းထုတ္ျပန္ခ်က္အတြက္ ျပင္ဆင္မႈေတြကေန သိရတာလို႔ AndoridPure ကေျပာပါတယ္။

ဒီေပါက္ၾကားမႈအရ Honor Magic 2 ဟာ ေက်ာဘက္ ကင္မရာ ၃ လုံးကို ေထာင္လိုက္တပ္ဆင္ထားတယ္ဆိုတာ ေသခ်ာသြားပါၿပီ။ ပုံစံကေတာ့ အေပၚဆုံးမွာ LED Flash မီးနဲ႔ ေအာက္မွာ ကင္မရာႏွစ္လုံး ျဖစ္ပါလိမ့္မယ္။ ဒီသုံးခုကို တစ္တြဲ တြဲထားၿပီး ေအာက္ဆုံးမွာမွ ကင္မရာ တစ္လုံးကို သီးသန႔္ Button up ဒီဇိုင္းမ်ိဳးနဲ႔ တပ္ဆင္ထားတာကို ျမင္ေတြ႕ရပါတယ္။ ေက်ာျပင္မွာ Fingerprint တပ္ဆင္ထားတာကို မေတြ႕ရပါဘူး။ ဒါေပမယ့္ အေရွ႕မွာလည္း Fingerprint Sensor မေတြ႕ရတာေၾကာင့္ ႀကိဳတင္သတင္းထြက္ေနတဲ့ In-Display Fingerprint ကိုေတာ့ ေသခ်ာၿပီလို႔ ဆိုရမွာပါပဲ။



အဖြင့္အပိတ္ ပါဝါခလုတ္နဲ႔ အသံအတိုးအခ်ဲ႕ခလုတ္ေတြကိုေတာ့ ကင္မရာတပ္ဆင္ထားတဲ့ အျခမ္းဘက္ ေဘးေဘာင္မွာ ေတြ႕ရပါတယ္။ က်န္တဲ့တစ္ဖက္မွာေတာ့ ဘာမွတပ္ဆင္ထားတာ မေတြ႕ရပါဘူး။ ၿပီးေတာ့ ႐ိုးရွင္းတဲ့ Slide တစ္ခုပဲ ေတြ႕ရမွာပါ။ Slider သုံး ဒီဖုန္းရဲ႕ပုံစံကိုေတာ့ ေကြးၫႊတ္တဲ့ ႏွစ္သက္ဖြယ္ဒီဇိုင္းနဲ႔ ဖန္တီးထားတာပါ။
TENAA မွာတင္ထားတဲ့ စာရင္းအရေတာ့ 6.39-inch AMOLED Full HD+ 2340 × 1080 Pixels မ်က္ႏွာျပင္၊ 19:9 အခ်ိဳးျဖစ္မွာပါ။ OS ကလည္း Android 9 Pie ကို အေျခခံထားတဲ့ EMUI 9.0 ပါပဲ။ Processor ကေတာ့ HiSilicon Kirin 980 သုံးထားမွာ ျဖစ္ပါတယ္။ RAM ကေတာ့ 6GB/8GB ႏွစ္မ်ိဳးျဖစ္ၿပီး သိုေလွာင္မႈကလည္း 128GB/256GB ဆိုၿပီး ႏွစ္မ်ိဳးႏွစ္စား ျဖစ္ပါလိမ့္မယ္။



အေနာက္ကင္မရာ သုံးလုံးက 16MP + 24MP + 16MP တို႔ျဖစ္ေပမယ့္ အေရွ႕ကင္မရာကေတာ့ 16MP + 2MP + 2MP ပဲျဖစ္မယ္လို႔ သိရပါတယ္။ 3D Face Unlock + In-display fingerprint scanner ေသခ်ာသြားပါၿပီ။ 40W Super Fast Charging စနစ္ေထာက္ပံ့ေပးထားတဲ့ 3,400mAh ဆိုတာလည္း ေသခ်ာသြားပါၿပီ။

Ref: androidpure

[Unicode]

အနောက်ကင်မရာ ၃ လုံးနဲ့  ၃ မျိုး ရွေးချယ်နိုင်မယ့် Honor Magic 2


တရုတ်နိုင်ငံရဲ့ နာမည်ကြီးစမတ်ဖုန်း ကုမ္ပဏီဖြစ်တဲ့ Huawei ရဲ့ အမှတ်တံဆိပ်သစ် Honor ဟာ လာမယ့် အောက်တိုဘာလ ၃၁ ရပ်နေ့မှာ Honor Magic 2 ကို ထုတ်ဖော်ပြသနိုင်ဖို့ အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ မကြာခင်အချိန်အတွင်းမှာ တရားဝင်ကြေညာမှုကိုလည်း ပြုလုပ်တော့မှာပါ။
Honor Magic 2 နဲ့ပတ်သက်ပြီး နောက်ဆုံးပေါက်ကြားမှုကတော့ စိတ်ကူးယဉ်ချင်စရာ ထူးထူးထွေထွေ မရှိလှပါဘူး။ (ရောင်ပြေး) Gradient နဲ့ ကြော်ငြာထားတာကိုလည်း တရားဝင် Teaser 2 မှာ အားလုံးလည်း မြင်ဖူးပြီးသား ဖြစ်မှာပါ။ အခုအချိန်မှာ သိရတာကတော့ Silver, Blue နဲ့ Pink ဆိုပြီး အရောင်သုံးမျိုးနဲ့ ထွက်လာမယ်ဆိုတာပါပဲ။ တကယ်တမ်း မိတ်ဆက်ရင်တော့ အရောင်တွေရဲ့ အခေါ်အဝေါ်တွေက ပြောင်းလဲနိုင်ပါတယ်။ ဒီအရောင်တွေကတော့ လာမယ့်ဖြန့်ချိမှုမှာသုံးမယ့် သတင်းထုတ်ပြန်ချက်အတွက် ပြင်ဆင်မှုတွေကနေ သိရတာလို့ AndoridPure ကပြောပါတယ်။



ဒီပေါက်ကြားမှုအရ Honor Magic 2 ဟာ ကျောဘက် ကင်မရာ ၃ လုံးကို ထောင်လိုက်တပ်ဆင်ထားတယ်ဆိုတာ သေချာသွားပါပြီ။ ပုံစံကတော့ အပေါ်ဆုံးမှာ LED flash မီးနဲ့ အောက်မှာ ကင်မရာနှစ်လုံး ဖြစ်ပါလိမ့်မယ်။ ဒီသုံးခုကို တစ်တွဲ တွဲထားပြီး အောက်ဆုံးမှာမှ ကင်မရာ တစ်လုံးကို သီးသန့် Button up ဒီဇိုင်းမျိုးနဲ့ တပ်ဆင်ထားတာကို မြင်တွေ့ရပါတယ်။ ကျောပြင်မှာ Fingerprint တပ်ဆင်ထားတာကို မတွေ့ရပါဘူး။ ဒါပေမယ့် အရှေ့မှာလည်း Fingerprint sensor မတွေ့ရတာကြောင့် ကြိုတင်သတင်းထွက်နေတဲ့ In-Display Fingerprint ကိုတော့ သေချာပြီလို့ ဆိုရမှာပါပဲ။
အဖွင့်အပိတ် ပါဝါခလုတ်နဲ့ အသံအတိုးအချဲ့ခလုတ်တွေကိုတော့ ကင်မရာတပ်ဆင်ထားတဲ့ အခြမ်းဘက် ဘေးဘောင်မှာ တွေ့ရပါတယ်။ ကျန်တဲ့တစ်ဖက်မှာတော့ ဘာမှတပ်ဆင်ထားတာ မတွေ့ရပါဘူး။ ပြီးတော့ ရိုးရှင်းတဲ့ Slide တစ်ခုပဲ တွေ့ရမှာပါ။ Slider သုံး ဒီဖုန်းရဲ့ပုံစံကိုတော့ ကွေးညွှတ်တဲ့ နှစ်သက်ဖွယ်ဒီဇိုင်းနဲ့ ဖန်တီးထားတာပါ။
TENAA မှာတင်ထားတဲ့ စာရင်းအရတော့ 6.39-inch AMOLED Full HD+ 2340 × 1080 pixels မျက်နှာပြင်၊ 19:9 အချိုးဖြစ်မှာပါ။ OS ကလည်း Android 9 Pie ကို အခြေခံထားတဲ့ EMUI 9.0 ပါပဲ။ Processor ကတော့ HiSilicon Kirin 980 သုံးထားမှာ ဖြစ်ပါတယ်။ RAM ကတော့ 6GB/8GB နှစ်မျိုးဖြစ်ပြီး သိုလှောင်မှုကလည်း 128GB/256GB ဆိုပြီး နှစ်မျိုးနှစ်စား ဖြစ်ပါလိမ့်မယ်။

အနောက်ကင်မရာ သုံးလုံးက 16MP + 24MP + 16MP တို့ဖြစ်ပေမယ့် အရှေ့ကင်မရာကတော့ 16MP + 2MP + 2MP ပဲဖြစ်မယ်လို့ သိရပါတယ်။ 3D Face Unlock + In-Display Fingerprint Scanner သေချာသွားပါပြီ။ 40W Super Fast Charging စနစ်ထောက်ပံ့ပေးထားတဲ့ 3,400mAh ဆိုတာလည်း သေချာသွားပါပြီ။

Ref: androidpure