ဒီနေ့ခေတ်မှာ SMS ကနေ စာပို့ ဆက်သွယ်လာကြတာ အရမ်း များပြားလာကြပါပြီ။ Android မှာ SMS App ကို Built-in ထည့်သွင်းပေးထားပေမယ့် များသောအားဖြင့် Google App ပဲ ဖြစ်ပါတယ်။ လူတိုင်းဟာ Google ရဲ့ SMS App ကို ကြိုက်ကြမှာ မဟုတ်တဲ့အတွက် Android အတွက် အကောင်းဆုံး အခမဲ့ SMS App တွေကို ဖော်ပြလိုက်ပါတယ်။

၁။ Signal Private Messenger

Signal Private Messenger ဟာ Open-source Mobile Messenger တွေထဲမှာ နာမည်အကြီးဆုံးတွေထဲက ၁ ခု ဖြစ်ပါတယ်။ အကောင်းဆုံးက အခမဲ့ သုံးနိုင်တာ ဖြစ်ပြီး One-on-one Conversation , Group Chat , Photo Attachment , Voice Call နဲ့ Video Call တွေကို ထောက်ပံ့ပါတယ်။ Themes, Emojis, Read Receipts နဲ့ တခြား လုပ်ဆောင်ချက်တွေ စုံလင်စွာ ပါပါတယ်။

အကောင်းဆုံးက End-to-end Encryption လုပ်ထားတဲ့အတွက် လုံခြုံစိတ်ချရပါတယ်။ ရှင်းရှင်းပြောရရင် သင်နဲ့ သူငယ်ချင်းရဲ့ Message တွေကို ကြားကနေ ခိုးယူလို့ မရအောင် ပြုလုပ်ထားတာပါ။

Download

၂။ QKSMS

QKSMS က အသုံးပြုရတာ ရိုးရှင်းပြီး SMS, MMS , Group Chat တွေကို ထောက်ပံ့ပါတယ်။ End-to-end Encryption နဲ့ သင့် ဒေတာတွေကို ကာကွယ်ပေးထားပြီး အခမဲ့ သုံးနိုင်ပေမယ့် ကြော်ငြာတွေ မထည့်သွင်းထားပါဘူး။

Message တွေကို Backup လုပ်ထားနိုင်တာကလည်း ထူးခြားပြီး ပျောက်ဆုံးသွားမှာ မပူရပါဘူး။ ဒါတင်မကသေးဘဲ Message တွေကို Schedule လုပ်ကာ ပေးပို့နိုင်ပြီး Birthday Message တွေအတွက် အသုံးဝင်ပါတယ်။

Download

၃။ Wickr Me

Wickr Me က Privacy ကို အဓိကထားပြီး Text Message, Video Call, File Sharing တွေကို Encrypted လုပ်ထားပါတယ်။ Open-source ဖြစ်ပြီး သင့် ဒေတာတွေကို ကာကွယ်ပေးထားပါတယ်။ ကြော်ငြာတွေ မထည့်သွင်းထားသလို လုပ်ဆောင်ချက် အားလုံးကို အခမဲ့ သုံးနိုင်ပါတယ်။

Wickr Me မှာ End-to-end Encrypted “Secret Chats” လုပ်ဆောင်ချက် ထည့်သွင်းထားပြီး Registration အတွက် ဖုန်းနံပါတ်နဲ့ အီးမေးတွေ မလိုအပ်ပါဘူး။ Self-destruct Timers ထည့်သွင်းထားတဲ့အတွက် သင့် Message တွေကို ဘယ်သူကမှ ဖတ်လို့ မရပါဘူး။ Contact များစွာကို Message တွေ တစ်ပြိုင်နက် ပေးပို့နိုင်ပါတယ်။

Download

၄။ Pulse SMS

Pulse SMS က ကြော်ငြာတွေ မထည့်သွင်းထားတဲ့ နောက်ထပ် Open-source SMS App ၁ ခု ဖြစ်ပါတယ်။ Image , Audio  , Video တွေ ပေးပို့နိုင်ပြီး Emoticons တွေ များပြားစုံလင်လှပါတယ်။ Android ရဲ့ အကောင်းဆုံး SMS Scheduler App တွေထဲက တစ်ခု ဖြစ်ပါတယ်။

Message တွေအားလုံးကို တစ်နေရာထဲမှာ စုစည်းပေးထားပြီး Contact or Topic အလိုက် ရှာဖွေနိုင်တာက တော်တော်မိုက်ပါတယ်။ Google Voice နဲ့ချိတ်ဆက်ထားပြီး Gmail ကနေ Text Message တွေ ပေးပို့နိုင်ပါတယ်။

Download

Ref : makeuseof