[Zawgyi]

ေမလ ၁၂ရက္ေန႔ မနက္ပိုင္းတုန္းက ျဖစ္ပြားခဲ့တဲ့ Myanmar National Airlines (MNA) ေလေၾကာင္းလိုင္းက ေလယာဥ္တစ္စင္း မေတာ္တဆ ျဖစ္ပြားခဲ့မႈနဲ႔ ပတ္သက္ၿပီး လူေတာ္ေတာ္မ်ားမ်ား အထိတ္တလန္႔ ျဖစ္ခဲ့ရပါတယ္။ သို႔ေပမယ့္ ေလယာဥ္မႈး ( Capt )ကပၸတိန္ ကိုျမတ္မိုးေအာင္ ရဲ႕ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္နဲ႔ အေတြ႕အႀကဳံက စကားေျပာတဲ့ ပညာအရည္အခ်င္းေတြေၾကာင့္ ေလယာဥ္ေပၚမွာ လိုက္ပါစီးနင္းခဲ့တဲ့ ခရီးသည္အားလုံး ေဘးကင္းလုံၿခဳံစြာနဲ႔ ေျမျပင္ေပၚကို ေရာက္ရွိခဲ့ပါတယ္။

Embraer 190AR (The Voice)

MNA ေလေၾကာင္းလိုင္းက ပိုင္ဆိုင္တဲ့ Embraer 190AR အမည္ရွိ ေလယာဥ္တစ္စင္းဟာ ရန္ကုန္ကေန ထြက္ခြာၿပီး မႏၲေလးသို႔ ဆိုက္ေရာက္ဖို႔ ျပင္ဆင္ခ်ိန္မွာ Nose Landing Gear လို႔ေခၚတဲ့ ေလယာဥ္ဦးပိုင္းက ေရွ႕ဘီး ခ်မရခဲ့တာေၾကာင့္ ေလယာဥ္ကို ဆီကုန္ေအာင္ေမာင္း၊ အင္ဂ်င္စက္သတ္ၿပီး ေျမျပင္မွာ ဦးတိုက္ ဆင္းသက္ခဲ့ရတယ္လို႔ သိရပါတယ္။ ေလယာဥ္မႈးရဲ႕ ကြၽမ္းက်င္ပိုင္ႏိုင္မႈ႕ေၾကာင့္ ခရီးသည္မ်ား ေသကံမေရာက္ သက္မေပ်ာက္ခဲ့ၾကေပမယ့္ ေလယာဥ္မႈးသာ ဆုံးျဖတ္ခ်က္ တစုံတရာ အမွားအယြင္းရွိခဲ့မယ္ဆိုရင္ (ရွိခဲ့မယ္ဆိုရင္) မေတြးဝံ့စရာ အေနအထားပါ။ ဒါ့ေၾကာင့္ ေလယာဥ္စီးေနစဥ္မွာ မည္သို႔ေသာ အေၾကာင္းအရင္းမ်ား ႀကဳံလာခဲ့သည္ရွိေသာ္ ေလယာဥ္ထဲက ဘယ္လိုမ်ိဴးေနရာဟာ သင့္အတြက္ အလုံၿခဳံဆုံးျဖစ္မလဲဆိုတာကို ကြၽန္ေတာ္တို႔ MyTech Myanmar ကေန ေဖာ္ျပေပးလိုက္ပါတယ္။

ေလယာဥ္ မေတာ္တဆ ျဖစ္ပြားမႈဆိုတာ ေတာ္ေတာ္ေလးကို ရွာပါးတဲ့ ႀကဳံေတာင့္ႀကဳံခဲ ျဖစ္ရပ္ပါ။ ျဖစ္ခဲပါတယ္။ တကယ္လို႔ ေလယာဥ္ဟာ စက္ခ်ိဴ႕ယြင္းၿပီး တစုံတရာျဖစ္ခဲ့မယ္ဆိုရင္၊ (Emergency Landing) ေျမျပင္ေပၚကို အေရးေပၚ ဆင္းသက္ရမယ္ဆိုရင္ ထိုင္ေနဖို႔ အသင့္ေတာ္ဆုံး ေနရာက ေလယာဥ္ရဲ႕ ေနာက္ပိုင္း/ေနာက္မွီး မွာ တည္ရွိေနတဲ့ အလယ္ခုံေတြ ျဖစ္တယ္လို႔ သိရပါတယ္။ ေလယာဥ္ မေတာ္တဆမႈေတြနဲ႔ ပတ္သက္ၿပီး သုတသနျပဳလုပ္ေနတဲ့ သူေတြဟာ ျဖစ္ပြားခဲ့ၿပီးတဲ့ ေလယာဥ္ပ်က္က်မႈေတြနဲ႔ (Crash Tests) ေလယာဥ္ပ်က္က်တဲ့ စမ္းသပ္ခ်က္ေတြကို ေလ့လာဆန္းစစ္ၾကည့္လိုက္တဲ့အခါမွာ မ်ားေသာအားျဖင့္ ေလယာဥ္ဦးပိုင္းက အႏၲရာယ္အရွိဆုံးေနရာျဖစ္ၿပီး၊ အမွီးပိုင္းကေတာ့ အလုံၿခဳံဆုံးေနရာျဖစ္ေနတာကို ေတြ႕ရွိရတယ္လို႔ ဆိုပါတယ္။

၁၉၈၄ခုႏွစ္မွာ ခရီးသည္တင္ ေလယာဥ္ႀကီးကို ပထမဦးဆုံး Crash Tests စမ္းသပ္ခ်က္ ျပဳလုပ္ၿပီးေနာက္ပိုင္း၊ ေနာက္ထပ္ Crash Tests ျပဳလုပ္တာမ်ိဴးေတြ မေတြ႕ရေတာ့ပါဘူး။ ဒါေပမယ့္ လြန္ခဲ့တဲ့ ၂၀၁၂ခုႏွစ္တုန္းကေတာ့ သိပၸံပညာရွင္ေတြနဲ႔ အင္ဂ်င္နီယာေတြဟာ Boeing 727 စမ္းသပ္ေလယာဥ္ႀကီးကို မက္ဆီကန္ သဲကႏၲာရထဲမွာ Emergency Landing အေနအထားနဲ႔ အေရးေပၚ ဆင္းသက္ၿပီး စမ္းသပ္ခ်က္ ျပဳလုပ္ခဲ့ပါတယ္။ ဗီဒီယိုထဲမွာ ျမင္ေတြ႕ရတဲ့အတိုင္း ေလယာဥ္ရဲ႕ ဦးပိုင္းက ရစရာမရွိေအာင္ ပ်က္စီးသြားေပမယ့္ ေနာက္ပိုင္းကေတာ့ အေျခအေနေကာင္းေနေသးတာ ေတြ႕ရပါတယ္။

Ref: BusinessInsider

[Unicode]

လေယာဥ်က စက်ချိူ့ယွင်းလို့ အရေးပေါ်ဆင်းသက်ရမယ်ဆိုရင် ဘယ်နေရာက အလုံခြုံဆုံး ဖြစ်မလဲ ?

မေလ ၁၂ရက်နေ့ မနက်ပိုင်းတုန်းက ဖြစ်ပွားခဲ့တဲ့ Myanmar National Airlines (MNA) လေကြောင်းလိုင်းက လေယာဥ်တစ်စင်း မတော်တဆ ဖြစ်ပွားခဲ့မှုနဲ့ ပတ်သက်ပြီး လူတော်တော်များများ အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။ သို့ပေမယ့် လေယာဥ်မှုး ( Capt )ကပ္ပတိန် ကိုမြတ်မိုးအောင် ရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ အတွေ့အကြုံက စကားပြောတဲ့ ပညာအရည်အချင်းတွေကြောင့် လေယာဥ်ပေါ်မှာ လိုက်ပါစီးနင်းခဲ့တဲ့ ခရီးသည်အားလုံး ဘေးကင်းလုံခြုံစွာနဲ့ မြေပြင်ပေါ်ကို ရောက်ရှိခဲ့ပါတယ်။

Embraer 190AR (The Voice)

MNA လေကြောင်းလိုင်းက ပိုင်ဆိုင်တဲ့ Embraer 190AR အမည်ရှိ လေယာဥ်တစ်စင်းဟာ ရန်ကုန်ကနေ ထွက်ခွာပြီး မန္တလေးသို့ ဆိုက်ရောက်ဖို့ ပြင်ဆင်ချိန်မှာ Nose Landing Gear လို့ခေါ်တဲ့ လေယာဥ်ဦးပိုင်းက ရှေ့ဘီး ချမရခဲ့တာကြောင့် လေယာဥ်ကို ဆီကုန်အောင်မောင်း၊ အင်ဂျင်စက်သတ်ပြီး မြေပြင်မှာ ဦးတိုက် ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။ လေယာဥ်မှုးရဲ့ ကျွမ်းကျင်ပိုင်နိုင်မှု့ကြောင့် ခရီးသည်များ သေကံမရောက် သက်မပျောက်ခဲ့ကြပေမယ့် လေယာဥ်မှုးသာ ဆုံးဖြတ်ချက် တစုံတရာ အမှားအယွင်းရှိခဲ့မယ်ဆိုရင် (ရှိခဲ့မယ်ဆိုရင်) မတွေးဝံ့စရာ အနေအထားပါ။ ဒါ့ကြောင့် လေယာဥ်စီးနေစဥ်မှာ မည်သို့သော အကြောင်းအရင်းများ ကြုံလာခဲ့သည်ရှိသော် လေယာဥ်ထဲက ဘယ်လိုမျိူးနေရာဟာ သင့်အတွက် အလုံခြုံဆုံးဖြစ်မလဲဆိုတာကို ကျွန်တော်တို့ MyTech Myanmar ကနေ ဖော်ပြပေးလိုက်ပါတယ်။

လေယာဥ် မတော်တဆ ဖြစ်ပွားမှုဆိုတာ တော်တော်လေးကို ရှာပါးတဲ့ ကြုံတောင့်ကြုံခဲ ဖြစ်ရပ်ပါ။ ဖြစ်ခဲပါတယ်။ တကယ်လို့ လေယာဥ်ဟာ စက်ချိူ့ယွင်းပြီး တစုံတရာဖြစ်ခဲ့မယ်ဆိုရင်၊ (Emergency Landing) မြေပြင်ပေါ်ကို အရေးပေါ် ဆင်းသက်ရမယ်ဆိုရင် ထိုင်နေဖို့ အသင့်တော်ဆုံး နေရာက လေယာဥ်ရဲ့ နောက်ပိုင်း/နောက်မှီး မှာ တည်ရှိနေတဲ့ အလယ်ခုံတွေ ဖြစ်တယ်လို့ သိရပါတယ်။ လေယာဥ် မတော်တဆမှုတွေနဲ့ ပတ်သက်ပြီး သုတသနပြုလုပ်နေတဲ့ သူတွေဟာ ဖြစ်ပွားခဲ့ပြီးတဲ့ လေယာဥ်ပျက်ကျမှုတွေနဲ့ (Crash Tests) လေယာဥ်ပျက်ကျတဲ့ စမ်းသပ်ချက်တွေကို လေ့လာဆန်းစစ်ကြည့်လိုက်တဲ့အခါမှာ များသောအားဖြင့် လေယာဥ်ဦးပိုင်းက အန္တရာယ်အရှိဆုံးနေရာဖြစ်ပြီး၊ အမှီးပိုင်းကတော့ အလုံခြုံဆုံးနေရာဖြစ်နေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

၁၉၈၄ခုနှစ်မှာ ခရီးသည်တင် လေယာဥ်ကြီးကို ပထမဦးဆုံး Crash Tests စမ်းသပ်ချက် ပြုလုပ်ပြီးနောက်ပိုင်း၊ နောက်ထပ် Crash Tests ပြုလုပ်တာမျိူးတွေ မတွေ့ရတော့ပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ ၂၀၁၂ခုနှစ်တုန်းကတော့ သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေဟာ Boeing 727 စမ်းသပ်လေယာဥ်ကြီးကို မက်ဆီကန် သဲကန္တာရထဲမှာ Emergency Landing အနေအထားနဲ့ အရေးပေါ် ဆင်းသက်ပြီး စမ်းသပ်ချက် ပြုလုပ်ခဲ့ပါတယ်။ ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့အတိုင်း လေယာဥ်ရဲ့ ဦးပိုင်းက ရစရာမရှိအောင် ပျက်စီးသွားပြီး၊ နောက်ပိုင်းကတော့ အခြေအနေကောင်းနေသေးတာ တွေ့ရပါတယ်။

Ref: BusinessInsider