သင့် အွန်လိုင်း အကောင့်တွေ လုံခြုံချင်ရင် Two-Factor Authentication (2FA) ကို အသုံးပြုသင့်ပါတယ်။ မသိသေးသူတွေအတွက် အနည်းငယ် ရှင်းပြချင်ပါတယ်။ ဒီနည်းပညာက သင့် အကောင့် Log In ဝင်တဲ့အခါမှာ Password အပြင် နောက်ထပ် လုံခြုံရေး နည်းလမ်း ၁ ခုနဲ့ ကာကွယ်ထားတာပါ။ သင့် Password ထည့်ပြီးတဲ့အခါမှာ နောက်ထပ် Code ၁ ခုကို သင့် ဖုန်းထံပေးပို့ပြီး သင်က အဲဒီ Code ကို ထည့်သွင်းပြီးမှ Log In ဝင်ရတာပါ။ အဲဒီ Code တွေကို ရယူပေးနိုင်ပြီး Device များစွာမှာ Sync လုပ်ပေးနိုင်တဲ့ အကောင်းဆုံး Two-Factor Authentication (2FA) App တွေကို ဖော်ပြချင်ပါတယ်။

ဒီဆောင်းပါးမှာ Sync မလုပ်ပေးတဲ့ 2FA App တွေကို မဖော်ပြထားတဲ့အတွက် Google Authenticator လို App တွေ မပါလာပါဘူး။

၁။ Authy

နာမည်ကြီးတဲ့ 2FA App ၁ ခုက Authy ဖြစ်ပြီး Device များစွာမှာ Sync လုပ်ပေးနိုင်ပါတယ်။ UI က ရှင်းလင်း လှပသလို အသုံးပြုရ လွယ်ကူပြီး တခြား 2FA App တွေထက် အားသာချက်တွေ ရှိပါတယ်။ သင့် အကောင့်များစွာကို ထင်သာမြင်သာရှိအောင် အရောင်တွေနဲ့ ခွဲခြားပေးထားပြီး One-Time Password (OTP) Screen မှာလည်း One-click Copy to Clipboard လို လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။

The Authy OTP screen.

Authy ကို Offline သုံးနိုင်တာက အကောင်းဆုံး လုပ်ဆောင်ချက်လို့ ပြောနိုင်ပြီး ဖုန်း၊ တက်ဘလက်၊ စမတ်နာရီနဲ့ PC အားလုံးမှာ သုံးနိုင်ပါတယ်။

A collection of Authy's cross-device 2FA apps.

Download

Authy

၂။ Obsidian

2FA App တွေထဲမှာ အသစ်ထွက်လာပြီး စွမ်းရည်မြင့်မားတာက Obsidian ဖြစ်ပါတယ်။ ဒေတာတွေကို Sync လုပ်ဖို့ Apple iCloud Keychain ကို အသုံးပြုထားပါတယ်။ Device များစွာမှာ အသုံးပြုနိုင်ပြီး ဘယ် Device မှာ မဆို အလုပ်ကောင်းကောင်းလုပ်တာမြင်ရပါတယ်။

The Obsidian 2FA app.

Apple iCloud Storage ကို အသုံးပြုထားတဲ့အတွက် Windows Device တွေကို မထောက်ပံ့ပါဘူး။ macOS, iPadOS နဲ့ watchOS တွေမှာ အသုံးပြုနိုင်အောင် ဖန်တီးပေးထားပါတယ်။ သင့် ဒေတာတွေကို ရယူစုဆောင်းခြင်း မရှိဘဲ iCloud Keychain Ecosystem ထဲမှာပဲ အလုပ်လုပ်ပါတယ်။

Download

Obsidian 

၃။ Zoho OneAuth

Zoho ဟာ 2FA App ထက်ပိုပြီး Google နဲ့ Apple Device တွေကို စီမံခန့်ခွဲနိုင်ပါတယ်။  Zoho Customers တွေအတွက် OneAuth က ပိုလို့တောင် ရွေးချယ်စရာ ကောင်းပါတယ်။ ဒါပေမယ့် သင့်မှာ Zoho အကောင့်မရှိရင်လည်း OneAuth ကို အသုံးပြုလို့ရပါတယ်။

2fa Apps Sync Oneauth

လုပ်ဆောင်ချက်တွေကလည်း စုံလင်လှပြီး ဥပမာအနေနဲ့ Password မလိုဘဲ သင့် Zoho App တွေကို ဖွင့်နိုင်တဲ့ လုပ်ဆောင်ချက်က အရမ်း မိုက်ပါတယ်။ App ၁ ခုထဲကနေ သင့် Zoho အကောင့်များစွာကို ကာကွယ်နိုင်ပါတယ်။ သင့် အွန်လိုင်း အကောင့်များစွာကို Device များစွာကနေ Log In ဝင်ဖို့ အသုံးဝင်ပါတယ်။

Download

Zoho OneAuth

Ref : maketecheasier