Apple ဟာ WWDC 2021 ကို မကြာခင်ကပဲ ပူပူနွေးနွေး ကျင်းပခဲ့ပြီး အမိုက်ဆုံး ကြေညာချက်တွေထဲမှာ iOS 15 ၊ macOS Monterey ၊ FaceTime ရဲ့ တိုးတက်မှုတွေနဲ့ တခြား ကြေညာချက်များစွာ ပါလာပါတယ်။ အဲဒီ အမိုက်စားကြေညာချက်တွေကို အောက်မှာ လေ့လာကြည့်ရအောင်။

၁။ iOS 15 မှာ FaceTime နဲ့ Notification တွေ အများကြီး တိုးတက်လာပါတယ်။

Apple က iOS 15 မှာ သင့်ရဲ့ မီဒီယာတွေကို FaceTime မှာ တခြား သူတွေနဲ့ မျှဝေနိုင်တဲ့ SharePlay လုပ်ဆောင်ချက် အသစ်နဲ့ Spatial Audio လို တိုးတက်မှုတွေ FaceTime မှာ ပါလာပါတယ်။ Messages အတွက် Update တွေ ထည့်သွင်းထားပြီး Notification ရဲ့ UI ကို ဆန်းသစ်ထားပါတယ်။ Photos က Memories တွေအတွက် Update ပါလာပြီး Weather App ရဲ့ ဒီဇိုင်းကို ပြင်ဆင်ထားပါတယ်။

၂။ Apple ဟာ FaceTime မှာ ဗီဒီယိုနဲ့ သီချင်းတွေ မျှဝေနိုင်အောင် ပြုလုပ်ပေးနေပါတယ်။

Apple ရဲ့ SharePlay လုပ်ဆောင်ချက် အသစ်က FaceTime မှာ သင့်ရဲ့ ဗီဒီယို ၊ သီချင်းတွေကို တခြား သူတွေနဲ့ အတူ ကြည့်ရှု နားဆင်နိုင်အောင် ပြုလုပ်ပေးပါတယ်။ Apple က SharePlay API ကိုလည်း မိတ်ဆက်လိုက်ပြီး တခြား Developers တွေက အဲဒီလုပ်ဆောင်ချက်ကို သူတို့ App တွေမှာ ထည့်သွင်းလာနိုင်ပါတယ်။

၃။ သင့် iPhone ကို ID အဖြစ် လေဆိပ်တွေမှာ မကြာခင် သုံးနိုင်တော့မည်။

Apple Wallet မှာ သင့် ID ကို ဒစ်ဂျစ်တယ် ပုံစံ အနေနဲ့ မကြာခင် သိမ်းဆည်းထားနိုင်မှာ ဖြစ်ပြီး လေဆိပ်တွေမှာ ID အဖြစ် iPhone ကို သုံးနိုင်မှာပါ။

၄။ iPadOS 15 မှာ Widget တွေကို Homescreen မှာ ထားလာနိုင်ပြီး Multitasking ပိုကောင်းလာပါတယ်။

iPadOS 15 မှာ Widget တွေကို Homescreen မှာ ထားလာနိုင်ပြီး အရင်နှစ်က iOS 14 မှာ မိတ်ဆက်ခဲ့တဲ့ App Library ကို သုံးလာနိုင်ပါတယ်။ Multitasking ပိုကောင်းလာပြီး App တွေကို ပိုလွယ်ကူစွာ စီမံခန့်ခွဲနိုင်စေတဲ့ ထိန်းချုပ်မှုတွေ ပါလာပါတယ်။ Swift Playgrounds မှာ App တွေ ဖန်တီးလာနိုင်ပါတယ်။

၅။ Mail နဲ့ Safari မှာ Privacy လုပ်ဆောင်ချက် အသစ်တွေ ပါလာပါတယ်။

Apple Mail မှာ Mail Privacy Protection က Tracking Pixels တွေကို ပိတ်ပင်တာနဲ့ Safari မှာ IP တွေကို ဖျောက်ပေးတဲ့ Privacy လုပ်ဆောင်ချက် အသစ်တွေ ပါလာပါတယ်။ Apple ဟာ App Privacy Report လို့ခေါ်တဲ့ Section အသစ်ကို Settings မှာ ထည့်ပေးလိုက်ပါတယ်။

၆။ Apple Siri ကို အင်တာနက် မလိုဘဲ သုံးနိုင်ပါပြီ။

Apple က On-device Speech Recognition ထည့်ပေးလိုက်တဲ့အတွက် Siri ကို အင်တာနက် မလိုဘဲ သုံးနိုင်ပါပြီ။ Offline မှာတောင် Siri က သင် ခိုင်းတာတွေကို လုပ်ပေးနိုင်လာပါတယ်။

၇။ မိသားစုဝင်တွေရဲ့ ကျန်းမာရေး ဒေတာတွေကို ကြည့်နိုင်လာပါပြီ။

Apple ဟာ ကျန်းမာရေး လုပ်ဆောင်ချက်အသစ်တွေကို မိတ်ဆက်လိုက်ပြီး သင့် ကျန်းမာရေး ဒေတာတွေကို မိသားစုဝင်တွေ၊ ဆရာဝန်တွေနဲ့ မျှဝေလာနိုင်ပါတယ်။

၈။ AirPods ကို လွယ်ကူစွာ ရှာနိုင်လာပါတယ်။

Apple ဟာ AirPods မှာ လုပ်ဆောင်ချက် အသစ်တွေ ထည့်ပေးလိုက်ပြီး Find My Network ကနေ AirPods ကို လွယ်ကူစွာ ရှာနိုင်လာသလို Notifications တွေကို ဖတ်ပြခိုင်းလို့ရလာပါတယ်။

၉။ iCloud Plus မှာ VPN ပါလာပါတယ်။

iCloud မှာ Hide My Email လို့ခေါ်တဲ့ ယာယီ Email တွေ ဖန်တီးနိုင်တဲ့ လုံခြုံရေး လုပ်ဆောင်ချက် အသစ် ပါလာပါတယ်။ အဲဒီလုပ်ဆောင်ချက်ဟာ iCloud Plus Subscription ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး VPN လည်း ပါလာပါတယ်။

၁၀။ ကျန်းမာရေး အခြေပြု လုပ်ဆောင်ချက် အသစ်တွေ watchOS 8 မှာ ပါလာပါတယ်။

Apple watchOS 8 မှာ ကျန်းမာရေး အခြေပြု လုပ်ဆောင်ချက် အသစ်တွေ ပါလာပြီး အဲဒီအထဲမှာ Mindfulness App ၊ Photos watchface ရဲ့ တိုးတက်မှုတွေနဲ့ တခြား လုပ်ဆောင်ချက်တွေ ပါပါတယ်။

၁၁။ Siri ကို Third-party Accessories တွေမှာ သုံးနိုင်မည်။

Apple ဟာ Siri ကို Third-party Accessory ထုတ်လုပ်သူတွေက သူတို့ Device တွေမှာသုံးနိုင်အောင် ပြုလုပ်ပေးလိုက်ပါတယ်။ Apple က WWDC မှာ Ecobee Thermostat ကနေ Siri ကို သုံးပြခဲ့ပါတယ်။

၁၂။ macOS Monterey က တူညီတဲ့ ကာဆာနဲ့ ကီးဘုတ်ကို Macs နဲ့ iPads တွေအကြားမှာ သုံးနိုင်လာစေပါတယ်။

macOS Monterey ရဲ့ အမိုက်စား လုပ်ဆောင်ချက် တစ်ခုက တူညီတဲ့ ကာဆာနဲ့ ကီးဘုတ်ကို Macs နဲ့ iPads တွေအကြားမှာ သုံးနိုင်လာတာ ဖြစ်ပါတယ်။ Apple Shortcuts App ကိုလည်း Mac မှာ ထည့်သွင်းပေးလိုက်ပြီး FaceTime  ပိုကောင်းလာပါတယ်။

၁၃။ Mac ရဲ့ Safari မှာ Tab ဒီဇိုင်း အသစ်ပါလာပါတယ်။

Apple က Safari ရဲ့ Tab ဒီဇိုင်းတွေကို ဆန်းသစ်ထားပြီး Tab Groups လည်း ပါလာပါတယ်။ iOS မှာတော့ လက်မနဲ့ လွယ်ကူစွာ သုံးနိုင်အောင် Tab Bar ကို အောက်ခြေမှာ ထည့်ထားတာပါ။ Web Extensions တွေကိုလည်း iOS နဲ့ iPadOS မှာ သုံးလို့ရတော့မှာပါ။

၁၄။ Developer တွေ သူတို့ရဲ့ App တွေကို စမ်းသပ်နိုင်တဲ့ TestFlight ကို Mac မှာ ထည့်သွင်းလိုက်ပါတယ်။

Apple က Developer တွေ သူတို့ရဲ့ App တွေကို စမ်းသပ်နိုင်တဲ့ TestFlight ကို Mac မှာ ထည့်သွင်းပေးမယ်လို့ ကြေညာလိုက်ပါတယ်။ Cloud ကနေ Apple Device အားလုံးမှာ သင့် App တွေကို စမ်းသပ်သုံးနိုင်တဲ့ Xcode Cloud ကိုလည်း ဖန်တီးပေးလိုက်ပါတယ်။

၁၅။ AI က ဓါတ်ပုံထဲက စာသားတွေကို ဖတ်နိုင်လာပါတယ်။

Apple ရဲ့ Live Text လုပ်ဆောင်ချက် အသစ်က သင့် ဓါတ်ပုံတွေက စာသားတွေကို Copy/Paste လုပ်နိုင်အောင် ပြုလုပ်ပေးပါတယ်။

Ref : theverge