Zawgyi Font Version

Oneplus က မၾကာေသးခင္က India မွာ Oneplus Type C Headphones ကိုမိတ္ဆက္ခဲ့ပါတယ္။ In-Ear Type ျဖစ္ျပီး အရင္ထြက္ခဲ့တဲ့ Bullets V2 လိုပဲ နားထဲထည့္နားေထာင္ရမွာပါ။ ထူးျခားခ်က္က 3.5mm Headphone Plug နဲ႔မဟုတ္ေတာ့ပဲ USB Type C ေခါင္းနဲ႔ပါ။ Headphones ထဲမွာ DAC တစ္ခါတည္းပါဝင္ျပီးေတာ့ သံုးထားတဲ့ DAC ကလည္း အရည္အေသြးအရမ္းျမင့္တဲ့ Cirrus ရဲ႕ DAC ပါ။

Oneplus V2 ကို အရည္အေသြးျမွင့္ထားတာျဖစ္ျပီး ဒီဇိုင္းပိုင္းကို မသိမသာေလးပဲေျပာင္းလဲထားပါတယ္။ အတြင္းပိုင္း Speaker Unit ေတြကိုလည္း အဆင့္ျမွင့္တင္ေပးထားျပီး Built-in DAC ကေန အေကာင္းမြန္ဆံုးအသံထြက္ခ်ိန္ညွိေပးမွာမို႔လို႔ USB Type C Audio Support ေပးတဲ့ ဘယ္ဖုန္းမွာမဆို တူညီတဲ့ အသံထြက္မ်ိဳးရရွိမွာပါ။

Build Quality ကိုလည္းအဆင့္ျမွင့္တင္ေပးထားျပီး အရင္ Bullets V2 ထက္ ပိုအၾကမ္းခံမွာပါ။ အမွန္ေတာ့ Oneplus Bullets Type C ကို Headphone Jack မပါေတာ့တဲ့ Oneplus 6T အတြက္ရည္ရြယ္တာျဖစ္ပါတယ္။ Oneplus 6T မထြက္ေသးခင္ ၾကိဳတင္မိတ္ဆက္လိုက္တာျဖစ္ျပီး Oneplus 6T အတြက္သာမကပဲ တစ္ျခား USB C ပါတဲ့ ဖုန္းေတြနဲ႔ပါ အသံုးျပဳႏိုင္လို႔ ၾကိဳထုတ္လိုက္တာျဖစ္ႏိုင္ပါတယ္။

ျပည္တြင္းကိုလည္း စက္တင္ဘာလကုန္ (သို႔မဟုတ္) ေအာက္တိုဘာလ အေစာပုိင္းမွာ ဝင္ေရာက္လာႏိုင္ျပီး ျမန္မာေငြ သံုးေသာင္းဝန္းက်င္ပဲ ရွိမွာမို႔လို႔ တစ္ျခား အရည္အေသြးျမင့္ Type C Headphones ေတြထက္ ေစ်းအရမ္းသက္သာျပီး သံုးေသာင္းဝန္းက်င္မွာ အရည္အေသြးျမင့္ Built-in DAC ပါတဲ့ Headphones မ်ိဳးမျမင္ဖူးေသးပါဘူး။

Unicode Version

Oneplus က မကြာသေးခင်က India မှာ Oneplus Type C Headphones ကိုမိတ်ဆက်ခဲ့ပါတယ်။ In-Ear Type ဖြစ်ပြီး အရင်ထွက်ခဲ့တဲ့ Bullets V2 လိုပဲ နားထဲထည့်နားထောင်ရမှာပါ။ ထူးခြားချက်က 3.5mm Headphone Plug နဲ့မဟုတ်တော့ပဲ USB Type C ခေါင်းနဲ့ပါ။ Headphones ထဲမှာ DAC တစ်ခါတည်းပါဝင်ပြီးတော့ သုံးထားတဲ့ DAC ကလည်း အရည်အသွေးအရမ်းမြင့်တဲ့ Cirrus ရဲ့ DAC ပါ။

Oneplus V2 ကို အရည်အသွေးမြှင့်ထားတာဖြစ်ပြီး ဒီဇိုင်းပိုင်းကို မသိမသာလေးပဲပြောင်းလဲထားပါတယ်။ အတွင်းပိုင်း Speaker Unit တွေကိုလည်း အဆင့်မြှင့်တင်ပေးထားပြီး Built-in DAC ကနေ အကောင်းမွန်ဆုံးအသံထွက်ချိန်ညှိပေးမှာမို့လို့ USB Type C Audio Support ပေးတဲ့ ဘယ်ဖုန်းမှာမဆို တူညီတဲ့ အသံထွက်မျိုးရရှိမှာပါ။

Build Quality ကိုလည်းအဆင့်မြှင့်တင်ပေးထားပြီး အရင် Bullets V2 ထက် ပိုအကြမ်းခံမှာပါ။ အမှန်တော့ Oneplus Bullets Type C ကို Headphone Jack မပါတော့တဲ့ Oneplus 6T အတွက်ရည်ရွယ်တာဖြစ်ပါတယ်။ Oneplus 6T မထွက်သေးခင် ကြိုတင်မိတ်ဆက်လိုက်တာဖြစ်ပြီး Oneplus 6T အတွက်သာမကပဲ တစ်ခြား USB C ပါတဲ့ ဖုန်းတွေနဲ့ပါ အသုံးပြုနိုင်လို့ ကြိုထုတ်လိုက်တာဖြစ်နိုင်ပါတယ်။

ပြည်တွင်းကိုလည်း စက်တင်ဘာလကုန် (သို့မဟုတ်) အောက်တိုဘာလ အစောပိုင်းမှာ ဝင်ရောက်လာနိုင်ပြီး မြန်မာငွေ သုံးသောင်းဝန်းကျင်ပဲ ရှိမှာမို့လို့ တစ်ခြား အရည်အသွေးမြင့် Type C Headphones တွေထက် ဈေးအရမ်းသက်သာပြီး သုံးသောင်းဝန်းကျင်မှာ အရည်အသွေးမြင့် Built-in DAC ပါတဲ့ Headphones မျိုးမမြင်ဖူးသေးပါဘူး။