သင့် Laptop က သက်တမ်းကြာလာလို့ သုံးရတာ နှေးကွေးနေပြီလား…။ Laptop အသစ်ကို လဲမှဖြစ်တော့မယ်ဆိုပြီး တွေးနေပြီလား…။ အခုအချိန်မှာ တကယ်ကို သင့်တော်တဲ့စျေးနှုန်းတွေနဲ့ အကောင်းစား Laptopတွေရှိနေပြီမလို့ သင့် Laptop အဟောင်းကို လဲလှယ်ဖို့အတွက် ငွေကြေးအများအပြားသုံးစွဲဖို့ မလိုအပ်တော့ပါဘူး။

အခုပြောပြသွားမယ့် Laptop ကတော့ Dell Inspiron 5620 Laptop ပဲဖြစ်ပါတယ်။ Dell Inspiron လို့ ဆိုလိုက်တာနဲ့ Laptop အသုံးပြုသူအများစု သိရှိပြီးသားဖြစ်နေမယ့် နာမည်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် Dell ဟာ ယခုနှစ်ထုတ် Inspiron 5620 Model မှာဆိုရင် တကယ်ကိုကောင်းမွန်တဲ့ အဆင့်မြှင့်တင်မှုတွေအများအပြား ထည့်သွင်းပေးထားပါတယ်။

Dell Inspiron 5620 ကို ပထမဆုံးအနေနဲ့ ရွေးချယ်သင့်တဲ့အားသာချက်ကတော့ Premium ဆန်ပြီး Professional တစ်ယောက်လိုမျိုး ခန့်ညားတဲ့ Design ပိုင်းကြောင့်ပဲဖြစ်ပါတယ်။ Build Quality ပိုင်းမှာလည်း Aluminum နဲ့ ပြုလုပ်ထားတဲ့အတွက် ခိုင်ခံ့ပြီး Minimalist ဖြစ်နေမှာသေချာပါတယ်။

Display ပိုင်းအနေနဲ့လည်း ဘေးဘောင်တွေက 5mm အထူပဲရှိတာကြောင့် အလွန်ပါးလွှာသလို ယခင်ထက် ပိုပြီး ကြီးမားတဲ့ 16” Display ကို အသုံးပြုထားပါတယ်။ အခုလိုမျိုး ပိုမိုကြီးမားတဲ့ Displayကြောင့် သင့် Screen မှာ Content တွေကို ပိုပြီးများပြားစွာ ကြည့်ရှုခံစားနိုင်သလို ရုပ်ရှင်ကြည့်မယ်ဆိုရင်လည်း ပိုကြီးမားတဲ့ Screen မှာ ကြည့်ရတာကြောင့် အမြဲတမ်းပိုကောင်းတဲ့ အတွေ့အကြုံတစ်ခုကို ရရှိစေမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Productivity ပိုင်းမှာလည်း Dell Inspiron 5620 Laptop ရဲ့ Display ဟာ 16:10 Aspect Ratio ကို အသုံးပြုထားတာဖြစ်ပြီး ပုံမှန် Laptop တွေနဲ့ နှိုင်းယှဥ်မယ်ဆိုရင် Website တွေကြည့်ရှုတဲ့အချိန်မှာ Vertical Content တွေကို ပိုပြီး ဖော်ပြပေးနိုင်ပါတယ်။ ဒီလိုမျိုး Content တွေကို ပိုပြီး မြင်တွေ့နိုင်တာကြောင့် အလုပ်လုပ်တဲ့အချိန်မှာ ပိုအလုပ်တွင်ပြီး Productivity တက်စေမှာ သေချာပါတယ်။

Laptop အောက်ခြေမှာပါတဲ့ Lift Hinge Design ကြောင့် Laptop တင်ထားတဲ့ မျက်နှာပြင်ကနေ မြှင့်တင်နိုင်ပြီး လေ၀င်လေထွက်ပိုမိုကောင်းမွန်စေပါတယ်။ ဒါ့အပြင် ပိုမိုကြီးမားတဲ့ Display ပါဝင်ပေမယ့်လည်း အလေးချိန်က 1.87Kg ပဲရှိတာကြောင့် အလွန်ပေါ့ပါးနေဦးမှာပါ။

Display ပိုင်းမှာ Dell Inspiron 5620 Laptop ဟာ အရွယ်အစားပဲ ပိုမိုကြီးမားသွားတာမဟုတ်ဘဲ ရုပ်ထွက်ပိုင်းမှာပါ ယခင်ထက် ပိုမိုကောင်းမွန်တဲ့ High Resolution Full HD ရုပ်ထွက်ကို ထောက်ပံ့ပေးထားပါတယ်။ ဒါတင်မဟုတ်သေးဘဲ အပြင်မှာအသုံးပြုဖို့ လိုအပ်တဲ့သူတွေအတွက်လည်း နေ့အလင်းရောင်အောက်မှာ အေးဆေးအသုံးပြုနိုင်မှာပါ။ ဒါကြောင့် Dell Inspiron 5620 Laptop နဲ့ဆိုရင် အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်ဖို့ပဲဖြစ်ဖြစ် ပိုပြီး သက်သောင့်သက်သာနဲ့ ဆောင်ရွက်နိုင်ပါပြီ။

နောက်ထပ် အားသာချက်တစ်ခုကတော့ အခု Inspiron 5620 Laptop ဟာ Intel ရဲ့ နောက်ဆုံးထွက် 12th Gen Processor တွေကို အသုံးပြုထားတာဖြစ်ပြီး အလွန်မြန်ဆန်တဲ့ PCI-E SSD တွေနဲ့ပါ တွဲဖက်ပေးထားတာဖြစ်ပါတယ်။ ဒါကိုမှ အမြန်နှုန်းမြင့်မားတဲ့ DDR4 RAM နဲ့ Intel Iris Xe Graphic တွေပါဝင်တာကြောင့် သင့်လုပ်ငန်းဆောင်တာတွေကို ယခင်ထက် အများကြီးပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်စေမှာဖြစ်ပါတယ်။

Dell Inspiron 5620 Laptop မှာ တခြားသော Feature တွေ အများအပြားလည်းပါဝင်ဦးမှာဖြစ်ပါတယ်။ ဒါတွေကတော့ နောက်ဆုံးပေါ် Wi-Fi 6E ကို ထောက်ပံ့ပေးထားတာ၊ လုံခြုံရေးအတွက် Mechanical Camera Privacy Shutter ပါဝင်လာတာ၊ အရည်အသွေးကောင်းမွန်တဲ့ Waves MaxxAudio Pro Speaker စနစ်တွေ၊ AI Noise Reduction နည်းပညာပါဝင်တဲ့ Webcam တွေအပြင် တစ်နာရီအတွင်း 0% ကနေ 80% ကို အားသွင်းပေးနိုင်တဲ့ ExpressCharge™ Charging နည်းပညာတွေပဲ ဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Dell Inspiron 5620 Laptop ဟာ ချိတ်ဆက်မှုတွေအတွက် Port အများအပြားပါဝင်တာကြောင့် Dongle တွေကိုလည်း အသုံးပြုဖို့ လုံးဝလိုအပ်မှာမဟုတ်ပါဘူး။ ဒါ့အပြင် နောက်ဆုံးပေါ် Windows 11 OS ကို အသုံးပြုထားတာကြောင့် သင့်အနေနဲ့ လုံးဝ Latest & Greatest ဖြစ်တဲ့ နည်းပညာတွေကို ခံစားအသုံးပြုနိုင်မှာ သေချာပါတယ်။

အခုအချိန်မှာ Dell ဟာ နေ့စဉ် မရှိမဖြစ်လိုအပ်တဲ့ Excel, Word နဲ့ Powerpoint တွေပါ၀င်တဲ့ OPI (Microsoft Office Pre-Installed) ထည့်သွင်းထားတဲ့ Laptop တွေကိုပါ ထုတ်လုပ်ပေးထားပြီးဖြစ်ပါတယ်။ နောက်ထပ် အားသာချက်တစ်ခုကတော့ Dell OPI Laptop တွေမှာ ပါဝင်တဲ့ Microsoft Office Software ဟာ တရားဝင် License Version ဖြစ်ပြီး လစဥ်ကြေးတွေပေးစရာမလိုတဲ့ Lifetime Version လည်းဖြစ်ပါတယ်။ ဒါကြောင့် တခြားသော Trial Version တွေပါဝင်တဲ့ Laptop တွေလိုမျိုး အချိန်ကာလတစ်ခုပြီးရင် ငွေကြေးထပ်မံပေးချေပြီး အသုံးပြုစရာမလိုအပ်တော့သလို Error တွေ၊ Bug တွေနဲ့ Ransomware တွေကနေလည်း လုံးဝကင်းဝေးစေမှာဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ အလုပ်ခွင်မှာ Software ပိုင်းမှာ စစ်မှန်တဲ့ Software တွေကို အသုံးပြုပြီး စိတ်ပူပန်မှုတွေကို ကင်းဝေးစေမှာဖြစ်ပါတယ်။

သင် ဝယ်ယူထားတဲ့ Dell Laptop ဟာ Authorized Reseller ဆီကနေ ဝယ်ယူထားတာ မှန်ကန်ကြောင်းကို Laptop မှာပါဝင်တဲ့ Hologram Sticker ကနေ စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ Authorized Reseller တွေဆီကနေ ဝယ်ယူခြင်းဟာ သင့်ကို အချိန်ကုန်သက်သာစေပြီး ပစ္စည်းစစ်မှန်မှုကို အာမခံပေးနိုင်မှာသေချာပါတယ်။

Dell Authorized Reseller ဆိုင်တွေကိုတော့ ယခု လင့်ခ် (https://bit.ly/3AQIRjO) မှာ စစ်ဆေးနိုင်ပြီး Dell Inspiron 5620 Laptop အကြောင်းအသေးစိတ်ကို ယခု လင့်ခ် (https://dell.to/3Qx3IhY) မှာ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။