Hacker တွေဟာ  Federal Bureau of Investigation (FBI) ရဲ့ အီးမေး ဆာဗာတွေကို ဖောက်ထွင်းပြီး လူထောင်ပေါင်းများစွာဆီ ဆိုက်ဘာ လုံခြုံရေး သတိပေးချက် အတုတွေ ပေးပို့ခဲ့ပါတယ်။ အီးမေးတွေမှာ သင်ဟာ ဆိုက်ဘာ တိုက်ခိုက်မှု ခံလိုက်ရပြီလို့ ရေးသားထားပါတယ်။ အဲဒီ အီးမေး အတုတွေကို အစောဆုံး ရှာဖွေတွေ့ရှိခဲ့တာက  The Spanhaus Project လို့ခေါ်တဲ့ အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်း ဖြစ်ပြီး အဲဒီ အဖွဲ့အစည်းဟာ အီးမေး အတုတွေကို စုံစမ်းထောက်လှမ်းတာကို ပြုလုပ်နေတာ ဖြစ်ပါတယ်။

FBI system hacked to email 'urgent' warning about fake cyberattacks

Bleeping Computer က Hacker တွေဟာ လိပ်စာပေါင်း ၁၀၀,၀၀၀ ကျော်ကို အီးမေးတွေ ပေးပို့နိုင်ခဲ့ပြီး American Registry for Internet Numbers (ARIN) Database ကနေ အဲဒီ အီးမေး လိပ်စာတွေကို ရယူခဲ့တာလို့ ပြောပါတယ်။ Bloomberg က Hacker တွေဟာ FBI ရဲ့ Public-facing အီးမေး စနစ်ကို အသုံးပြုခဲ့တာကြောင့် တကယ့် အစစ်အမှန်လို့ ထင်ရစေတယ်လို့ ပြောပါတယ်။ ဆိုက်ဘာ လုံခြုံရေး သုတေသနပညာရှင် Kevin Beaumont ကလည်း အဲဒီ အီးမေးတွေရဲ့ သွင်ပြင်ဟာ တကယ့် အစစ်လို့ထင်ရသလို ခေါင်းစီးတွေဟာ FBI ဆာဗာတွေက လာတဲ့အတိုင်း တူညီနေတယ်လို့ ပြောပါတယ်။

FBI က အခု ဖြစ်ရပ်အတွက် သတင်းထုတ်ပြန်ချက် ပြုလုပ်ခဲ့ပြီး ဖောက်ထွင်းခံရတဲ့ Hardware တွေကို ပိတ်လိုက်ပြီလို့ ပြောပါတယ်။ FBI က လက်ရှိမှာ အဲဒီ သတင်းကလွဲပြီး တခြား ဘာမှ မပြောနိုင်သေးဘူးလို့ ကြေညာထားပါတယ်။ ဆိုက်ဘာလုံခြုံရေး ပညာရှင် Troia က Pompompurin Hacker အဖွဲ့က ဒီတိုက်ခိုက်မှုကို ပြုလုပ်တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

လက်သည်ကို မမိသေးပေမယ့် အခုလို FBI ရဲ့ အီးမေး စနစ်ကို ဖောက်ထွင်းခံခဲ့ရတာက တော်တော် ဆိုးသလို ဂုဏ်သိက္ခာ ကျစေပါတယ်။ သမ္မတ ဘိုင်ဒင်က ဒီလို ဆိုက်ဘာ တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ ကြိုးစားနေပြီး Colonial Pipeline နဲ့ SolarWinds တို့ တိုက်ခိုက်ခံခဲ့ရမှုကြောင့် နိုင်ငံရဲ့ ဆိုက်ဘာ ကာကွယ်ရေးကို တိုးတက်အောင်ပြုလုပ်ဖို့ မေလတုန်းက အမိန့် ၁ ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

Ref : theverge