Asus က ZenFone 7 နဲ့ ZenFone 7 Pro ကို ပူပူနွေးနွေး ကြေညာထားပါတယ်။ အခုတော့ Asus က အဲဒီ ဖုန်းတွေရဲ့ ပထမဆုံး ပရိုမို ဗီဒီယို ၁ ခုကို မျှဝေလိုက်ပြီး ၁ မိနစ်ကြာ ဗီဒီယိုမှာ အဲဒီ ဖုန်းတွေအကြောင်းကို လေ့လာနိုင်ပါတယ်။

ZenFone 7 Series ၂ လုံးဟာ ကင်မရာ စွမ်းရည် အနည်းငယ်နဲ့ Chipset ကလွဲပြီး အများစု တူညီကြတဲ့အတွက် ဗီဒီယိုမှာ ဖုန်း ၂ လုံးစလုံးကို ကိုယ်စားပြုထားပါတယ်။ အဲဒီ ဗီဒီယိုကို အောက်မှာ လေ့လာနိုင်ပါတယ်။

အဲဒီ စမတ်ဖုန်း ၂ လုံးရဲ့ အဓိက ကွာခြားချက်ကို အတိုချုပ်ပြောရရင် ZenFone 7 Pro မှာ Qualcomm Snapdragon 865 Plus Chipset ထည့်သွင်းထားပြီး ပင်မ ကင်မရာနဲ့ Telephoto ကင်မရာ ၂ လုံးစလုံးမှာ Optical Image Stabilization ပါလာပါတယ်။ ZenFone 7 မှာတော့ Qualcomm Snapdragon 865 Chipset ထည့်သွင်းထားပြီး ကင်မရာ ၁ လုံးမှာမှ Optical Image Stabilization မပါလာပါဘူး။

အဲဒီ ဖုန်းတွေကို ထိုင်ဝမ်မှာ ကြေညာခဲ့တာ ဖြစ်ပြီး Pro Version က စွမ်းရည်ပိုကောင်းသလို ဈေးပိုမြင့်ပါတယ်။ 7 Pro အတွက်  8/256GB ၁ မျိုးထဲထုတ်လုပ်ထားပြီး ထိုင်ဝမ် ဒေါ်လာ ၂၇,၉၉၀ သတ်မှတ်ထားပါတယ်။ ၁၂ သိန်း ၉ သောင်းလောက်ကျသင့်မှာ ဖြစ်ပါတယ်။  ZenFone 7 ရဲ့ 6/128GB နဲ့ 8/128GB တွေကို ထိုင်ဝမ်ဒေါ်လာ ၂၁,၉၉၀ နဲ့ ၂၃,၉၉၀ အသီးသီး သတ်မှတ်ထားပြီး ၁၀ သိန်း ၁ သောင်းနဲ့ ၁၁ သိန်းလောက် ကျသင့်မှာပါ။

Ref : gsmarena