Samsung က Galaxy Watch4 နဲ့ Galaxy Watch4 Classic စမတ်နာရီတွေအတွက် ပထမဆုံး Public Beta Program ကိုမကြာခင်က ကြေညာခဲ့ပြီး အခုတော့ စာရင်းပေးသွင်းထားသူတွေအတွက် ပထမဆုံး Beta Build ကို ဖြန့်ချိပေးလိုက်ပါပြီ။ Wear OS 3.5 အခြေပြု One UI Watch 4.5 လို့ နာမည်ပေးထားပြီး တောင်ကိုရီးယားနဲ့ အမေရိကန်မှာ Beta Program အတွက် စာရင်းပေးသွင်းနိုင်ပါတယ်။

Samsung Galaxy Watch 4 | Samsung UK

Beta Program မှာ ပါဝင်ချင်ရင် စမတ်နာရီနဲ့ချိတ်ဆက်ထားတဲ့ Samsung ဖုန်းက Samsung Members App ထဲသွားပြီး ဖုန်းနဲ့ စမတ်နာရီက Samsung အကောင့်နဲ့ Sign In ဝင်ရမှာပါ။ သင့်နိုင်ငံမှာ ရတယ်ဆိုရင် Beta Program ကို ကြော်ငြာထားတဲ့ Banner ကို Members App ထဲမှာ တွေ့ရမှာပါ။ အဲဒီ ကနေ စာရင်းပေးသွင်းနိုင်ပြီး စောင့်ဆိုင်းရမှာပါ။ သင့်ကို ခွင့်ပြုလိုက်ပြီဆိုရင် သင့် စမတ်နာရီအတွက် ပထမဆုံး Beta Build ကို ရရှိမှာ ဖြစ်ပါတယ်။

Tienda Online Samsung Miami Galaxy Watch4 40mm

Beta Build မှာ Dual-SIM Function အတွက် User Interface ပါလာပြီး Subtext Field Support ပါတဲ့ Notification တွေ ပိုကောင်းလာပါတယ်။ Built-in Keyboard မှာ တိုးတက်မှုတွေ ပါလာပြီး Voice Input နဲ့ Handwriting Support ထည့်ထားပါတယ်။ Alarms အတွက် ရွေးချယ်စရာ Option ပိုများလာပြီး Watch Face အသစ်တွေ ပါလာပါတယ်။

Samsung က Device အားလုံးအတွက် Update ကို မဖြန့်ချိသေးခင်မှာ Beta Program ဟာ ဘယ်လောက် ကြာမလဲဆိုတာ မသိရသေးပါဘူး။ နောက်ထပ် Beta Build တွေ ထွက်လာဦးမလားဆိုတာလည်း မသိရသေးပါဘူး။ သေချာတာကတော့ သိပ်မကြာခင်မှာ Galaxy Watch4 နဲ့ Watch4 Classic တို့မှာ လုပ်ဆောင်ချက် အသစ်တွေ ရတော့မှာပါ။

Ref : gsmarena